Love

မျှော်လင့်ချင်သေးပေမယ့် မျှော်လင့်ရဲတဲ့သတ္တိတွေ တကယ်မရှိတော့ဘူး

ကိုယ့်ကို မလိုအပ်မှန်းသိသိရဲ့နဲ့ ရပ်နေခဲ့ဖူးလား

တစ်ချိန်ချိန်ကျရင်တော့ အရင်လို ပြန်ဖြစ်လာမှာပါဆိုတဲ့ အတွေးတွေနဲ့ပဲဖြစ်ဖြစ် တစ်နေ့ရောက်ရင်တော့ လိုအပ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖြစ်ဖြစ်ပေါ့ ရင်ထဲ နင့်နေအောင်တော့ ခံစားရတယ်နော် ။ ဒါပေမယ့် နာကျင်စရာတွေလို့မတွက် တစ်နေ့နေ့တွေကို မျက်ရည်တွေနဲ့ မျှော်တတ်တယ်လေ။

မေ့တတ်တဲ့သူတစ်ယောက်အတွက် အတိတ်ဆိုတာ ဖြစ်ပျက်ခဲ့ဖူးတယ်ဆိုရုံလောက် အမှတ်ရစရာပါ ။ သတိရတတ်တဲ့သူအတွက်တော့ အဲ့ဒီအတိတ်က ဖြစ်ရပ်တိုင်းက အကြိမ်ကြိမ်ပြန်သေစေတဲ့ လက်နက်ပေါ့ ။ တစ်ခါသတိရတဲ့အခါတိုင်း အရင်တုန်းကလို မဟုတ်တော့ပါလားဆိုတဲ့ အတွေးနဲ့ လမ်းတွေပျောက်ရတယ် ။ မျှော်လင့်ချင်သေးပေမယ့် မျှော်လင့်ရဲတဲ့ သတ္တိတွေ ပျောက်ရတယ် ။

လူတစ်ယောက်အတွက် ကိုယ်ဟာ လူပိုတစ်ယောက်ဖြစ်သွားတဲ့အခါ ကိုယ်သူ့အတွက် လုပ်ပေးတဲ့အရာအားလုံးဟာ အပိုပဲ ။ ဘယ်လောက်ကြိုးစားခဲ့ရလဲ သိဖို့နေနေသာသာ ပေးတဲ့အရာတွေကိုတောင် တန်ဖိုးထားမယ်မထားဘူး မသေချာဘူးလေ ။ နောက်ဆုံး အသက်တွေ ပေးမယ်ဆိုရင်တောင် … ကိုယ်သေသွားပြီဆိုတဲ့ စကားလုံးလေးပဲကျန်ခဲ့မှာပါ လုံးဝကို လွမ်းလောက်စရာတွေ မရှိဘူး ။

 

မလိုမှန်းသိသိရဲ့နဲ့ သူ့အတွက်အရေးပါ အရာရောက်ချင်တဲ့ စိတ်နဲ့ ဘဝမှာ အမှားတွေအများကြီးလုပ်ဖူးတယ် ။ သူ့အတွက် ဘာမှမဟုတ်ဘူးဆိုတဲ့ အရာတွေက ကိုယ့်အတွက် ပြဿနာတွေ အများကြီးတက်ဖူးတယ် ။ အဲ့လိုအချိန်တွေမှာ သူကပါ တန်ဖိုးမထား အနေမထားတဲ့ ဘာကို မျှော်လင့်လို့ မျှော်လင့်ရတော့မှန်းမသိဖြစ်သွားတတ်တယ် ။ သူ့စိတ်နဲ့ အသက်ရှင်ခဲ့ဖူးတဲ့သူရှိရင် … ဝန်ခံပါ ။ သူမရှိတော့ရင်လို့ တွေးလိုက်တာနဲ့ အရာအားလုံးဟာ မှောင်အတိ ဖြစ်သွားတတ်တယ်မလား ။

ဒီလိုပဲ ကျွန်မလဲ လူတစ်ယောက်ရဲ့ဘေးမှာ မလိုအပ်တော့မှန်းသိသိနဲ့ အချိန်တွေအကြာကြီး ရပ်ခဲ့ဖူးတယ် ။ ခုချိန်ထိ ရပ်နေဆဲလူတွေလဲ ရှိပါတယ် ။ ဖုန်းခေါ်လာရင်ကောင်းမယ်ဆိုတဲ့ အတွေးနဲ့ စောင့်နေပေမယ့် ကိုယ့်ဖက်က ဖုန်းတွေ စခေါ်ဖို့ မရဲဘူး ။ လွမ်းလို့ဆက်တာကို သူသိချင်မှ သိမယ်လေ ။ နှောင့်ယှက်တယ်လို့ အရင်တွေးတတ်တဲ့ သူ့အကျင့်ကို ကောင်းကောင်းသိတယ် ။ ချစ်လားလို့ မမေးဖြစ်တော့ဘူး မချစ်ဘူးလို့ဖြေတဲ့အခါ ကိုယ်ပဲ အဲ့ည အိပ်ရေးပျက်ရတာလေ ။

မလိုတော့မှန်းသိသိနဲ့ ရပ်နေမိရုံပါ ။ မျှော်လင့်ချင်သေးပေမယ့် မျှော်လင့်ရဲတဲ့ သတ္တိတွေတော့ တကယ် မရှိတော့ဘူး ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

ကိုယ့္ကို မလိုအပ္မွန္းသိသိရဲ႕နဲ႔ ရပ္ေနခဲ့ဖူးလား …

တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ အရင္လို ျပန္ျဖစ္လာမွာပါဆိုတဲ့ အေတြးေတြနဲ႔ပဲျဖစ္ျဖစ္ တစ္ေန႔ေရာက္ရင္ေတာ့ လိုအပ္လာမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ျဖစ္ျဖစ္ေပါ့ ရင္ထဲ နင့္ေနေအာင္ေတာ့ ခံစားရတယ္ေနာ္ ။ ဒါေပမယ့္ နာက်င္စရာေတြလို႔မတြက္ တစ္ေန႔ေန႔ေတြကို မ်က္ရည္ေတြနဲ႔ ေမွ်ာ္တတ္တယ္ေလ။

ေမ့တတ္တဲ့သူတစ္ေယာက္အတြက္ အတိတ္ဆိုတာ ျဖစ္ပ်က္ခဲ့ဖူးတယ္ဆို႐ုံေလာက္ အမွတ္ရစရာပါ ။ သတိရတတ္တဲ့သူအတြက္ေတာ့ အဲ့ဒီအတိတ္က ျဖစ္ရပ္တိုင္းက အႀကိမ္ႀကိမ္ျပန္ေသေစတဲ့ လက္နက္ေပါ့ ။ တစ္ခါသတိရတဲ့အခါတိုင္း အရင္တုန္းကလို မဟုတ္ေတာ့ပါလားဆိုတဲ့ အေတြးနဲ႔ လမ္းေတြေပ်ာက္ရတယ္ ။ ေမွ်ာ္လင့္ခ်င္ေသးေပမယ့္ ေမွ်ာ္လင့္ရဲတဲ့ သတၱိေတြ ေပ်ာက္ရတယ္ ။

လူတစ္ေယာက္အတြက္ ကိုယ္ဟာ လူပိုတစ္ေယာက္ျဖစ္သြားတဲ့အခါ ကိုယ္သူ႔အတြက္ လုပ္ေပးတဲ့အရာအားလုံးဟာ အပိုပဲ ။ ဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ သိဖို႔ေနေနသာသာ ေပးတဲ့အရာေတြကိုေတာင္ တန္ဖိုးထားမယ္မထားဘူး မေသခ်ာဘူးေလ ။ ေနာက္ဆုံး အသက္ေတြ ေပးမယ္ဆိုရင္ေတာင္ … ကိုယ္ေသသြားၿပီဆိုတဲ့ စကားလုံးေလးပဲက်န္ခဲ့မွာပါ လုံး၀ကို လြမ္းေလာက္စရာေတြ မရွိဘူး ။

 

Leave a Comment