Mon. May 23rd, 2022

လိုက်ထရပ် (Light Truck), Hijet ကားတွေနဲ့ ခရီးဝေးထွက်သင့်သလားဆိုတော့….လုံးဝ မထွက်သင့်ပါဘူး။



ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲခြင်း၊ ကားတွေရဲ့ ခံနိုင်အား၊ ဝန်ဆောင်မှုအား၊ အသက်အန္တရာယ် လုံခြုံရေးအား၊ အင်ဂျင်ရဲ့ စွမ်းဆောင်နိုင်စွမ်းအား ကို ကားမောင်းသူတွေကိုယ်တိုင် မသိနားမလည်ခြင်းက အဓိကလို့ ဆိုရပါမယ်။



Light Truck လိုက်ထရပ် Hijet ဟိုက်ဂျက် ခွေးဘီးလူး ဆိုတာ လူစီးပြီး ခရီးရှည်ထွက်ရတဲ့ ယာဉ်အမျိုးအစားထဲမှာ မပါပါဘူး။ အခြားနိုင်ငံမှာ စက်ရုံ၊ ဈေး၊ ကုမ္ပဏီမျိုးတွေက စက်ရုံတွင်းနဲ့ မြို့တွင်း ခရီးအနီးလောက်သာ သုံးခွင့်ပြုကြတာပါ။ ကျွန်တော်တို့ဆီမှာလို လူ ၂၀ /၃၀ ကျော် တင်ပြီး မိုင် ၃၀၀-၄၀၀ ခရီး မသွားကြပါဘူး။



တချို့ကလည်းပြောပါတယ်…အလုံကားထက် နောက်ပွင့် လိုက်ထရပ်က ဈေးလည်းသက်သာ၊ ဆီလည်းမစား၊ ကားမူးတတ်တဲ့လူတွေလဲ သဘောကျ၊ လူအများကြီးတင်နိုင်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်တော့ လူ့ အသက်ထက် ဘာမှ တန်ဖိုးမရှိဘူးဆိုတာ သတိချပ်သင့်ပါတယ်။ လိုက်ထရပ်ကားတွေနဲ့ လူတွေ မဆန့်မပြဲတင်ပြီး ခရီးဝေးမထွက်ကြပါနဲ့ဗျာ။



လိုက်ထရပ်ကားဆိုတာ လူ ၂၀ ကျော် ၃၀ တင်ပြီး ပုဂံဘုရားဖူး၊ ကျိုက်ထီးရိုးဘုရားဖူး၊ အင်းလေး၊ ချောင်းသာ အပျော်ခရီး သွားရတဲ့ ကားမျိုး မဟုတ်ဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်ပါပြီ။

ရဲဘော်သံခဲ

Zawgyi

လိုက္ထရပ္ (Light Truck), Hijet ကားေတြနဲ႔ ခရီးေဝးထြက္သင့္သလားဆိုေတာ့….လုံးဝ မထြက္သင့္ပါဘူး။

လိုက္ထရပ္ကား Light Truck ကားေတြ Hijet ကားေတြနဲ႔ ခရီးေဝး လုံးဝ မထြက္သင့္ပါဘူး။



ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဆင္းရဲျခင္း၊ ကားေတြရဲ႕ ခံႏိုင္အား၊ ဝန္ေဆာင္မႈအား၊ အသက္အႏၲရာယ္ လုံၿခဳံေရးအား၊ အင္ဂ်င္ရဲ႕ စြမ္းေဆာင္ႏိုင္စြမ္းအား ကို ကားေမာင္းသူေတြကိုယ္တိုင္ မသိနားမလည္ျခင္းက အဓိကလို႔ ဆိုရပါမယ္။



Light Truck လိုက္ထရပ္ Hijet ဟိုက္ဂ်က္ ေခြးဘီးလူး ဆိုတာ လူစီးၿပီး ခရီးရွည္ထြက္ရတဲ့ ယာဥ္အမ်ိဳးအစားထဲမွာ မပါပါဘူး။ အျခားႏိုင္ငံမွာ စက္႐ုံ၊ ေဈး၊ ကုမၸဏီမ်ိဳးေတြက စက္႐ုံတြင္းနဲ႔ ၿမိဳ႕တြင္း ခရီးအနီးေလာက္သာ သုံးခြင့္ျပဳၾကတာပါ။ ကြၽန္ေတာ္တို႔ဆီမွာလို လူ ၂၀ /၃၀ ေက်ာ္ တင္ၿပီး မိုင္ ၃၀၀-၄၀၀ ခရီး မသြားၾကပါဘူး။



တခ်ိဳ႕ကလည္းေျပာပါတယ္…အလုံကားထက္ ေနာက္ပြင့္ လိုက္ထရပ္က ေဈးလည္းသက္သာ၊ ဆီလည္းမစား၊ ကားမူးတတ္တဲ့လူေတြလဲ သေဘာက်၊ လူအမ်ားႀကီးတင္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ တကယ္ျဖစ္ေတာ့ လူ႔ အသက္ထက္ ဘာမွ တန္ဖိုးမရွိဘူးဆိုတာ သတိခ်ပ္သင့္ပါတယ္။ လိုက္ထရပ္ကားေတြနဲ႔ လူေတြ မဆန႔္မၿပဲတင္ၿပီး ခရီးေဝးမထြက္ၾကပါနဲ႔ဗ်ာ။



လိုက္ထရပ္ကားဆိုတာ လူ ၂၀ ေက်ာ္ ၃၀ တင္ၿပီး ပုဂံဘုရားဖူး၊ က်ိဳက္ထီး႐ိုးဘုရားဖူး၊ အင္းေလး၊ ေခ်ာင္းသာ အေပ်ာ္ခရီး သြားရတဲ့ ကားမ်ိဳး မဟုတ္ဘူးဆိုတာ က်ယ္က်ယ္ျပန႔္ျပန႔္ အသိေပးသင့္ပါၿပီ။

ရဲေဘာ္သံခဲ

Leave a Reply

Your email address will not be published.