Articles

သုံးဘီးဆိုင်ကယ်မောင်းပြီးကျောင်းထားပေးခဲ့တဲ့ ဖခင်ကို အောင်မြင်ခဲ့ချိန် တိုက်အိမ်ကြီးဆောက်ပေးပြီး အရင်ဆုံးကျေးဇူးဆပ်ခဲ့ကြတဲ့ သားသမီးများ



Jasmine (Mckzone Daily)

Source : rachfeed

Unicode

3 ဘီးဆိုင်ကယ်မောင်းပြီး သားသမီးတွေအကုန်လုံးကို အောင်မြင်တဲ့သူတွေဖြစ်အောင် ထောက်ပံ့ပေးဖို့က တစ်ကယ့်ကိုမလွယ်ကူးတဲ့အဖြစ်မျိုးပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မိသားစုကတော့ ဖခင်က သုံးဘီးဆိုင်ကယ်မောင်းပြီး ၊ မိခင်ဖြစ်သူက အဝတ်ချုပ်ပါတယ် ။ သို့ပေမဲ့လည်း သားသမီး 4 ယောက်လုံးကို လိုလေသေးမရှိအောင်ထားပြီး ၊ ကျောင်းစာကိုသာ သေချာလေ့လာဖို့ စည်းကမ်းတင်းကျပ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သားသမီးရတနာတွေပိုင်ဆိုင်ထားကြသူလို့ပြောရမှာပါ ။ သားသမီး 4 ယောက်လုံးက ပညာရေးမှာ ထွန်းပေါက်ပြီး ကောလိပ်ကျောင်းအကုန်တက်ရောက်နိုင်ခဲ့ကြပါတယ် ။

အခုဆိုရင် သားသမီးတွေကအောင်မြင်သူတွေဖြစ်နေခဲ့ပြီး ၊ အရင်ဆုံး အလုပ်ကြိုးစားကာ မိသားစုအတွက် ပိုကောင်းတဲ့ တိုက်အိမ်တစ်လုံးကို အတူကြိုးစားပြီး တည်ဆောက်ခဲ့ကြပါတယ် ။ အရင်ချိန်က အခန်းလေးသာငှါးရမ်းပြီး နေထိုင်ကြရတဲ့ သူတို့လေးတွေဟာ ၊ အရွယ်ရောက်ပေမဲ့ ဧည့်ခန်းအတွင်းမှာသာ အတူအိပ်စက်အနားယူရလို့ အဆင်မပြေမှုတွေရှိခဲ့ကြသူတွေပါ ။ အခုချိန်မှာတော့ ကိုယ်ပိုင်အိပ်ခန်းလေးတွေရှိနေခဲ့ပါပြီ ။ အောင်မြင်ခဲ့ချိန်မှာ အရင်ဦးဆုံး မိဘ နဲ့ မိသားစုအတွက် တွေးတောပေးကြတဲ့ သားသမီးရတနာကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းတဲ့ ဇနီးမောင်နှံလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)