Articles

ဇနီးသည္ကို ေကြၽးေမြးျပဳစုဖို႔ တုတ္ေထာက္ေလးနဲ႔အလုပ္ႀကိဳးစားေနရတဲ့ အသက္ 82 ႏွစ္အရြယ္ သန္႔႐ွင္းေရးဝန္ထမ္းအဘိုးအို(႐ုပ္သံ)

သက္ႀကီးရြယ္အိုေတြ အလုပ္လုပ္ေနရတာမ်ိဳး ျမင္ေနရတာက တစ္ကယ့္ကို စိတ္မခ်မ္းသာသလို ခံစားရပါတယ္ ။ အသက္ 82 ႏွစ္အရြယ္ အန္ကယ္ Ming အမည္႐ွိတဲ့အဘိုးအိုဟာ သူ႔ရဲ႕ဇနီး ေန႔စဥ္လိုအပ္ခ်က္ နဲ႔ ေဆးဖိုးဝါးခေတြကို ျဖည့္ဆည္းေပးဖို႔ သန္႔႐ွင္ေရးဝန္ထမ္းအေနနဲ႔ အလုပ္ဝင္လုပ္ေနခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ကိုေတြ႔ျမင္ေတာ့ Lee ဆိုတဲ့အမ်ိဳးသမီးဟာ အဘိုးအိုရဲ႕အျဖစ္ကို ေမးျမန္းၿပီး သူမရဲ႕ facebook စာမ်က္ႏွာမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ အဘိုးအိုဟာ အသက္အရြယ္ႀကီးေနၿပီဆိုေပမဲ့ သားသမီးမ႐ွိသူပါ ။သန္႔႐ွင္းေရးဝန္းထမ္းအေနနဲ႔ လစာ တစ္လကို $1300 ခန္႔ရ႐ွိေၾကာင္း ႏွင့္ ဇနီးသည္ကို အပတ္တိုင္းေဆးခန္းသို႔ ပို႔ေဆာင္ေနရေၾကာင္းလည္း သိရပါတယ္ ။

အဘိုးအိုဟာ အျမင္အာရံုလည္း မေကာင္းေတာ့ပါဘူး ။ အလုပ္ နဲ႔ ေနအိမ္သို႔ သြားလာစရိတ္မွာတင္ တစ္လကို $300 ခန္႔ ကုန္က်ေနေၾကာင္းလည္း သိရပါတယ္ ။ Lee ကေတာ့ သူမတို႔စင္ကာပူႏိုင္ငံမွ အစိုးရဟာ အဘိုးအိုတို႔လို လိုအပ္မႈေတြမ်ားေနတဲ့ သက္ႀကီးရြယ္အိုေတြကို ကူညီေနတဲ့အသင္းအဖြဲ႔႐ွိလို႔ ဆက္သြယ္အေၾကာင္းၾကားၿပီး အကူအညီေတာင္းႏိုင္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။ အဘိုးအိုမွာေတာ့ အကူအညီေတာင္းရမွန္မသိ ၊ ကိုယ့္အားကိုယ္ကိုးကာ တုတ္ေထာက္ေလးနဲ႔ စားပြဲခံု ၊ ၾကမ္းျပင္ေတြကို သန္႔႐ွင္းေရးလုပ္ရင္း တစ္ေန႔ၿပီးတစ္ေန႔ကုန္ဆံုးေနခဲ့တာပါ ။

.

.

.

Jasmine (Mckzone Daily)

Source : mustsharenews

Unicode

သက်ကြီးရွယ်အိုတွေ အလုပ်လုပ်နေရတာမျိုး မြင်နေရတာက တစ်ကယ့်ကို စိတ်မချမ်းသာသလို ခံစားရပါတယ် ။ အသက် 82 နှစ်အရွယ် အန်ကယ် Ming အမည်ရှိတဲ့အဘိုးအိုဟာ သူ့ရဲ့ဇနီး နေ့စဉ်လိုအပ်ချက် နဲ့ ဆေးဖိုးဝါးခတွေကို ဖြည့်ဆည်းပေးဖို့ သန့်ရှင်ရေးဝန်ထမ်းအနေနဲ့ အလုပ်ဝင်လုပ်နေခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ကိုတွေ့မြင်တော့ Lee ဆိုတဲ့အမျိုးသမီးဟာ အဘိုးအိုရဲ့အဖြစ်ကို မေးမြန်းပြီး သူမရဲ့ facebook စာမျက်နှာမှာ ဝေမျှသွားခဲ့ပါတယ် ။ အဘိုးအိုဟာ အသက်အရွယ်ကြီးနေပြီဆိုပေမဲ့ သားသမီးမရှိသူပါ ။သန့်ရှင်းရေးဝန်းထမ်းအနေနဲ့ လစာ တစ်လကို $1300 ခန့်ရရှိကြောင်း နှင့် ဇနီးသည်ကို အပတ်တိုင်းဆေးခန်းသို့ ပို့ဆောင်နေရကြောင်းလည်း သိရပါတယ် ။

အဘိုးအိုဟာ အမြင်အာရုံလည်း မကောင်းတော့ပါဘူး ။ အလုပ် နဲ့ နေအိမ်သို့ သွားလာစရိတ်မှာတင် တစ်လကို $300 ခန့် ကုန်ကျနေကြောင်းလည်း သိရပါတယ် ။ Lee ကတော့ သူမတို့စင်ကာပူနိုင်ငံမှ အစိုးရဟာ အဘိုးအိုတို့လို လိုအပ်မှုတွေများနေတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီနေတဲ့အသင်းအဖွဲ့ရှိလို့ ဆက်သွယ်အကြောင်းကြားပြီး အကူအညီတောင်းနိုင်ကြောင်း ရှင်းပြခဲ့ပါတယ် ။ အဘိုးအိုမှာတော့ အကူအညီတောင်းရမှန်မသိ ၊ ကိုယ့်အားကိုယ်ကိုးကာ တုတ်ထောက်လေးနဲ့ စားပွဲခုံ ၊ ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်ရင်း တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေခဲ့တာပါ ။

Jasmine (Mckzone Daily)