Articles

ရင့္ရင့္သီးသီးဆက္ဆံေလ့ရွိတဲ့သမီးျဖစ္သူဆီ ေန႔စဥ္လာေရာက္ၿပီး အစားအေသာက္ေတြပို႔ေပးေနခဲ့တဲ့ မိခင္တစ္ေယာက္ရဲ႕ ရင္နင့္ဖြယ္အျဖစ္

သားသမီးေတြအေပၚထား႐ွိတဲ့ မိခင္တစ္ေယာက္ရဲ႕ခ်စ္ေမတၱာက ႏႈိင္းယွဥ္စရာမ႐ွိေလာက္ေအာင္ ႀကီးျမတ္လြန္းလွပါတယ္ ။ဒီတစ္ေခါက္မွာလည္း စင္ကာပူႏိုင္ငံမွာေနထိုင္လ်က္႐ွိတဲ့ အသက္ 70 ႏွစ္အရြယ္အဘြားအိုဟာ သူမရဲ႕ အသက္ 40 အရြယ္ သမီးျဖစ္သူဆီ အေဝးတစ္ေနရာမွလာေရာက္ကာ ေန႔စဥ္လာေရာက္ၾကည့္႐ႈ့လ်က္႐ွိေၾကာင္း သိရပါတယ္ ။ မ်က္ျမင္အိမ္နီးနားခ်င္းေတြရဲ႕ ေျပာျပခ်က္အရ ညေန 4 နာရီအခ်ိန္ဆို အဘြားႀကီးဟာ သူမရဲ႕သမီးဆီသို႔ အျမဲလာေရာက္ေလ့႐ွိပါတယ္ ။ အိမ္ေ႐ွ႕မွာ တံခါးေခါက္ၿပီး သမီးျဖစ္သူရဲ႕ နာမည္ကို ေအာ္ေခၚေနခဲ့ရတာ 2 နာရီခန္႔ၾကာျမင့္ေၾကာင္း ႏွင့္ ေန႔စဥ္ ညေန 6 နာရီအခ်ိန္မွ လွည့္ျပန္သြားခဲ့ေၾကာင္း သိရပါတယ္ ။ သမီးျဖစ္သူဟာ အိမ္တံခါးကိုမဖြင့္ေပးခဲ့ေၾကာင္း ၊ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာမ်က္ျမင္ေတြရဲ႕ေျပာျပခ်က္အရ သမီးျဖစ္သူဟာ အိမ္တံခါးတစ္ခါဖြင့္ေပးခဲ့ဖူးေၾကာင္း ၊ မိခင္ျဖစ္သူကိုေတာ့ အိမ္ထဲဝင္ခြင့္မျပဳခဲ့ဘဲ မိခင္ျဖစ္သူယူေဆာင္လာတဲ့ စားစရာကိုေတာ့ယူၿပီ ထိုင္းစားေနခဲ့တာပါ ။ မိခင္ျဖစ္သူကေတာ့ သမီးျဖစ္သူရဲ႕ ရင့္သီးစြာဆက္ဆံေနမႈကို မည္သို႔မ်ွမမူဘဲ ဝမ္းသာစြာျဖင့္ သမီးျဖစ္သူ စားေသာက္ေနတာကို ရပ္ၾကည့္ခဲ့ေၾကာင္း သိရပါတယ္ ။

ဘာေၾကာင့္ သမီးျဖစ္သူက ရင့္သီးစြာဆက္ဆံ​ေနတာလဲဆိုၿပီး အဘြားအိုကိုေမးၾကည့္ခဲ့ခ်ိန္မွာေတာ့ ၊ သမီးျဖစ္သူဟာ သူမရဲ႕ခင္ပြန္းျဖစ္သူ ေသဆံုးသြားခဲ့ၿပီးေနာက္မွာေတာ့ အိမ္ထဲက အိမ္ျပင္မထြက္ေတာ့ဘဲ စိတ္ဒဏ္ရာ ႀကီးႀကီးမားမားရ႐ွိသြားခဲ့တာပါ ။ ဒါ့ေၾကာင့္ အဘြားအိုက သူမမွ စားစရာေတြလာမပို႔ရင္ သမီးျဖစ္သူက အျပင္ထြက္မွာမဟုတ္ဘဲ ၊ ဒုကၡေတြ႔ေနမွာ ဆိုးလို႔ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

သမီးျဖစ္သူအေနနဲ႔ မိခင္ရဲ႕ ခ်စ္ေမတၱာကို လ်င္ျမန္စြာသေဘာေပါက္သင့္ေနၿပီး ၊ သူမတစ္ေယာက္တည္းအထီးက်န္ေနတာမဟုတ္ဘဲ ၊ သူမအနားမွာ မိခင္ျဖစ္သူ အျမဲအတူ႐ွိၿပီး ေဖးမေနခဲ့တာကို သတိျပဳမိသင့္ပါၿပီ ။ အဘြားအိုကေတာ့ ေန႔စဥ္မပ်က္ကြက္ဘဲ သမီးျဖစ္သူထံ လာေရာက္လည္ပတ္ၿပီး အစားအေသာက္ေတြပို႔ေပးေနခဲ့တာ 3 ႏွစ္ခန္႔ၾကာျမင့္ေနၿပီျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

သားသမီးတွေအပေါ်ထားရှိတဲ့ မိခင်တစ်ယောက်ရဲ့ချစ်မေတ္တာက နှိုင်းယှဉ်စရာမရှိလောက်အောင် ကြီးမြတ်လွန်းလှပါတယ် ။ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အသက် 70 နှစ်အရွယ်အဘွားအိုဟာ သူမရဲ့ အသက် 40 အရွယ် သမီးဖြစ်သူဆီ အဝေးတစ်နေရာမှလာရောက်ကာ နေ့စဉ်လာရောက်ကြည့်ရှု့လျက်ရှိကြောင်း သိရပါတယ် ။ မျက်မြင်အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ ညနေ 4 နာရီအချိန်ဆို အဘွားကြီးဟာ သူမရဲ့သမီးဆီသို့ အမြဲလာရောက်လေ့ရှိပါတယ် ။ အိမ်ရှေ့မှာ တံခါးခေါက်ပြီး သမီးဖြစ်သူရဲ့ နာမည်ကို အော်ခေါ်နေခဲ့ရတာ 2 နာရီခန့်ကြာမြင့်ကြောင်း နှင့် နေ့စဉ် ညနေ 6 နာရီအချိန်မှ လှည့်ပြန်သွားခဲ့ကြောင်း သိရပါတယ် ။ သမီးဖြစ်သူဟာ အိမ်တံခါးကိုမဖွင့်ပေးခဲ့ကြောင်း ၊ သို့ပေမဲ့လည်း အချို့သောမျက်မြင်တွေရဲ့ပြောပြချက်အရ သမီးဖြစ်သူဟာ အိမ်တံခါးတစ်ခါဖွင့်ပေးခဲ့ဖူးကြောင်း ၊ မိခင်ဖြစ်သူကိုတော့ အိမ်ထဲဝင်ခွင့်မပြုခဲ့ဘဲ မိခင်ဖြစ်သူယူဆောင်လာတဲ့ စားစရာကိုတော့ယူပြီ ထိုင်းစားနေခဲ့တာပါ ။ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူရဲ့ ရင့်သီးစွာဆက်ဆံနေမှုကို မည်သို့မျှမမူဘဲ ဝမ်းသာစွာဖြင့် သမီးဖြစ်သူ စားသောက်နေတာကို ရပ်ကြည့်ခဲ့ကြောင်း သိရပါတယ် ။

ဘာကြောင့် သမီးဖြစ်သူက ရင့်သီးစွာဆက်ဆံနေတာလဲဆိုပြီး အဘွားအိုကိုမေးကြည့်ခဲ့ချိန်မှာတော့ ၊ သမီးဖြစ်သူဟာ သူမရဲ့ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက်မှာတော့ အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ စိတ်ဒဏ်ရာ ကြီးကြီးမားမားရရှိသွားခဲ့တာပါ ။ ဒါ့ကြောင့် အဘွားအိုက သူမမှ စားစရာတွေလာမပို့ရင် သမီးဖြစ်သူက အပြင်ထွက်မှာမဟုတ်ဘဲ ၊ ဒုက္ခတွေ့နေမှာ ဆိုးလို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

သမီးဖြစ်သူအနေနဲ့ မိခင်ရဲ့ ချစ်မေတ္တာကို လျင်မြန်စွာသဘောပေါက်သင့်နေပြီး ၊ သူမတစ်ယောက်တည်းအထီးကျန်နေတာမဟုတ်ဘဲ ၊ သူမအနားမှာ မိခင်ဖြစ်သူ အမြဲအတူရှိပြီး ဖေးမနေခဲ့တာကို သတိပြုမိသင့်ပါပြီ ။ အဘွားအိုကတော့ နေ့စဉ်မပျက်ကွက်ဘဲ သမီးဖြစ်သူထံ လာရောက်လည်ပတ်ပြီး အစားအသောက်တွေပို့ပေးနေခဲ့တာ 3 နှစ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)