Articles

ပိုက်ဆံပိုပေးသူကို တစ်ကိုယ်လုံးပုံအပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကောင်မလေး

ပိုလန်ဆယ်လီလေး မာတီရန်တီက သူမရဲ့အချစ်တွေကို လေလံတင်လိုက်ပါတယ်။ ဒေါ်လာ (၂)သိန်းခွဲအထက် တန်ဖိုးရှိတဲ့ဈေးနှုန်းတခုနဲ့ လေလံအောင်သွားပြီး၊ မာတီရန်တီဟာ သူ့အချစ်တွေကို ပေးအပ်ဖို့ ပြင်ဆင်လိုက်ပါပြီ။

ဒါပေမဲ့ ပရိသတ်တွေထင်သလို မရိုးရှင်းပါဘူး။ မာတီရန်တီက တစ်တော့ခ်မှာ ဖော်လိုဝါ(၂.၄)သန်းကျော်ရှိတဲ့ ဆယ်လီတဦးပါ။ ဆယ်လီတွေရဲ့ ဒစ်ဂျစ်တယ်ပုံရိပ်တွေကို ပရိသတ်တွေက လေလံဆွဲလို့ရတဲ့ NFT အမျိုးအစား ကုမ္ပဏီတခုကို မာတီရန်တီက ချိတ်ဆက်ခဲ့ပါတယ်။

Photo Credit

သူမရဲ့အချစ်နဲ့ပတ်သက်တဲ့အထဲက ရုပ်ပုံ၊ အသံ၊ အမူအရာစတာတွေကို ပုံရိပ်ယောင်ကမ္ဘာမှာ အသုံးပြုဖို့ခွင့်ပေးလိုက်တာဖြစ်ပြီး၊ ဝယ်သွားတဲ့ပိုင်ရှင်က မူပိုင်ချစ်သူအဖြစ်ရသွားမှာဖြစ်ပါတယ်။ ဒါဆင်မကသေးပါဘူး။ သူမက လက်တွေ့ဘဝမှာပါ တခါဒိတ်လုပ်ဖို့လည်း ခွင့်ပြုပေးခဲ့ပါတယ်။

Photo Credit

ပိုင်ရှင်ဘယ်သူမှန်းမသိပေမဲ့ အခုလိုမျိုးလေလံအောင်သွားတဲ့အတွက် ပုံရိပ်ယောင်ကမ္ဘာမှာ မာတီရန်တီက ချစ်သူရှိနေပါပြီ။ အပြင်လက်တွေ့မှာချိန်းတွေ့ဖို့လုပ်ထားတဲ့ မာတီရန်တီတယောက် လက်တွေ့ဘဝမှာ သဘောကျမလားကတော့ ချိန်းတွေ့မယ့်ဒိတ်အပေါ်ပဲမူတည်ပါတယ်။

Photo Credit

အခုလိုမျိုးမူပိုင်ခွင့်တွေကိုဝယ်တာက ရူးကြောင်တယ်ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ဈေးကွက်တခုအနေနဲ့ရှိနေပါတယ်။ ကိုယ်ကြိုက်တဲ့ဆယ်လီကို ပုံရိပ်ယောင်ကမ္ဘာမှာရည်းစားအဖြစ်အပိုင်ရထားပြီး၊ ဘယ်တော့မှလည်း လမ်းခွဲမခံရတော့ပါဘူး။ VR Glass တပ်လိုက်မှပဲ ကိုယ့်ရည်းစားအဖြစ် ဆက်ဆံရတဲ့အတွက် အလုပ်ရှုပ်တာလည်း တော်တော်သက်သာတာအမှန်ပါပဲ။

Photo Credit

Ref: Unilad

ZawGyi

ပိုက္ဆံပိုေပးသူကို တစ္ကိုယ္လုံးပုံအပ္ဖို႔ ဆုံးျဖတ္လိုက္တဲ့ ေကာင္မေလး
ပိုလန္ဆယ္လီေလး မာတီရန္တီက သူမရဲ႕အခ်စ္ေတြကို ေလလံတင္လိုက္ပါတယ္။ ေဒၚလာ (၂)သိန္းခြဲအထက္ တန္ဖိုးရွိတဲ့ေဈးႏႈန္းတခုနဲ႔ ေလလံေအာင္သြားၿပီး၊ မာတီရန္တီဟာ သူ႔အခ်စ္ေတြကို ေပးအပ္ဖို႔ ျပင္ဆင္လိုက္ပါၿပီ။

Photo Credit

ဒါေပမဲ့ ပရိသတ္ေတြထင္သလို မ႐ိုးရွင္းပါဘူး။ မာတီရန္တီက တစ္ေတာ့ခ္မွာ ေဖာ္လိုဝါ(၂.၄)သန္းေက်ာ္ရွိတဲ့ ဆယ္လီတဦးပါ။ ဆယ္လီေတြရဲ႕ ဒစ္ဂ်စ္တယ္ပုံရိပ္ေတြကို ပရိသတ္ေတြက ေလလံဆြဲလို႔ရတဲ့ NFT အမ်ိဳးအစား ကုမၸဏီတခုကို မာတီရန္တီက ခ်ိတ္ဆက္ခဲ့ပါတယ္။

Photo Credit

သူမရဲ႕အခ်စ္နဲ႔ပတ္သက္တဲ့အထဲက ႐ုပ္ပုံ၊ အသံ၊ အမူအရာစတာေတြကို ပုံရိပ္ေယာင္ကမာၻမွာ အသုံးျပဳဖို႔ခြင့္ေပးလိုက္တာျဖစ္ၿပီး၊ ဝယ္သြားတဲ့ပိုင္ရွင္က မူပိုင္ခ်စ္သူအျဖစ္ရသြားမွာျဖစ္ပါတယ္။ ဒါဆင္မကေသးပါဘူး။ သူမက လက္ေတြ႕ဘဝမွာပါ တခါဒိတ္လုပ္ဖို႔လည္း ခြင့္ျပဳေပးခဲ့ပါတယ္။

Photo Credit

ပိုင္ရွင္ဘယ္သူမွန္းမသိေပမဲ့ အခုလိုမ်ိဳးေလလံေအာင္သြားတဲ့အတြက္ ပုံရိပ္ေယာင္ကမာၻမွာ မာတီရန္တီက ခ်စ္သူရွိေနပါၿပီ။ အျပင္လက္ေတြ႕မွာခ်ိန္းေတြ႕ဖို႔လုပ္ထားတဲ့ မာတီရန္တီတေယာက္ လက္ေတြ႕ဘဝမွာ သေဘာက်မလားကေတာ့ ခ်ိန္းေတြ႕မယ့္ဒိတ္အေပၚပဲမူတည္ပါတယ္။

Photo Credit
Photo Credit

အခုလိုမ်ိဳးမူပိုင္ခြင့္ေတြကိုဝယ္တာက ႐ူးေၾကာင္တယ္ထင္ရေပမဲ့ တကယ္တမ္းမွာေတာ့ ေဈးကြက္တခုအေနနဲ႔ရွိေနပါတယ္။ ကိုယ္ႀကိဳက္တဲ့ဆယ္လီကို ပုံရိပ္ေယာင္ကမာၻမွာရည္းစားအျဖစ္အပိုင္ရထားၿပီး၊ ဘယ္ေတာ့မွလည္း လမ္းခြဲမခံရေတာ့ပါဘူး။ VR Glass တပ္လိုက္မွပဲ ကိုယ့္ရည္းစားအျဖစ္ ဆက္ဆံရတဲ့အတြက္ အလုပ္ရႈပ္တာလည္း ေတာ္ေတာ္သက္သာတာအမွန္ပါပဲ။

Ref: Unilad