Articles

ချစ်သူအား ချစ်ခွင့်ပန်ကာ လက်ထပ်ယူနိုင်ဖို့အတွက် တစ်ရက်တည်းမှာပင် အလုပ် ၄ ခုလုံးလုပ်ကိုင်နေခဲ့တဲ့ အမျိုးသားတစ်ဦး

မလေးရှားနိုင်ငံရှိ Amin အမည်ရှိအမျိုးသားတစ်ဦး ဟာ သူ့ရဲ့ချစ်သူမိန်းကလေးအား ချစ်ခွင့်ပန်ကာ လက်ထပ်ယူနိုင်ဖို့ ငွေအလုံအလောက်စုဆောင်းနိုင်ရန် Twitter ရှိ သူ့ရဲ့ @amnfdhl__ acc မှတစ်ဆင့် သူရောင်းချနေတဲ့ထုတ်ကုန်များကို ၀ယ်ယူပံ့ပိုးပေးရန် လူအများအား တောင်းဆိုခဲ့ပါတယ်။ထို post မှာ Amin ဟာ တစ်ရက်တည်းမှာပင် သူဟာ အလုပ် ၄ခုလုံးလုပ်ကိုင်နေကြောင်းကိုလည်း မျှဝေထားခဲ့ပါတယ်။ Amin ဟာ နံနက်မှညနေအထိ Food Panda မှာ deliver အဖြစ် အလုပ်လုပ်ပြီး ညဥ့်နက်တဲ့အခါမှာ သူဟာ ဖုန်းပြုပြင်ခြင်း ဝန်ဆောင်မှုများပြုလုပ်ပါတယ်။ ဆဲလ်ဖုန်းများဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို သင် လေ့လာချင်ပါက ကြင်နာတတ်တဲ့အဆိုပါလူငယ်လေးက tutorial ၀န်ဆောင်မှုများပါ ပြပေးထားပါသေးတယ်။

သူဟာ ညအရမ်းနက်လာတာနှင့်အမျှ Jalan Ikan Mas Cheras မှာ Air Koko ကို ရောင်းချပါတယ်။အထူးသဖြင့် ကြာသပတေးနေ့တွေမှာ Air Koko ကို ရောင်းချပါတယ်။ဒီလူငယ်ဟာ သူ့ရဲ့အချိန်အားလုံးကို သူ့ရဲ့အလုပ်မှာဘဲ ရင်းနှီးမြှုပ်နှံနေတယ်လို့ သင် ထင်ကောင်းထင်မိသွားမှာပါ။ဒါ့အပြင် @Pakcik Gadget လို့ခေါ်တဲ့သူ့ရဲ့ Instagram မှာ iPhone နှင့် အခြားကိရိယာတန်ဆာပလာများကို ရောင်းချတဲ့အလုပ်တစ်ခုကိုပါ လုပ်ကိုင်နေပါသေးတယ်။Amin ဟာ အလုပ်များနေတဲ့အချိန်မှာ သူ့ချစ်သူကောင်မလေးနဲ့ ခဏလေးအတူရှိဖို့လည်း အချိန်ပေးထားလိုက်သေးပါတယ်။

Amin ရဲ့ကြိုးစားအားထုတ်မှုကို အင်တာနက်အသုံးပြုသူများစွာက ချီးမွမ်းခဲ့ကြပေမဲ့ အချို့ကကျန်းမာရေးနှင့်မညီညွတ်ကြောင်း နှင့် ၎င်းကိုရေရှည် မလုပ်သင့်ကြောင်း၊အချိန်ကြာလာတဲ့အခါ ဖျားနာလာနိုင်ကြောင်းဆိုကာ အကြံပေးခဲ့ကြပါတယ်။ထို့အပြင် မင်္ဂလာပွဲအတွက် သူစုဆောင်းထားတဲ့ငွေတွေဟာ သူ့ရဲ့ဆေးကုသမှုစရိတ်ဖြစ်သွားလိမ့်မယ်လို့လည်း သတိပေးခဲ့ကြပါသေးတယ်။ဒါပေမယ့်လည်း Aminကတော့ ဘယ်လိုဘဲဖြစ်နေပါစေ ယောကျာ်းလေးတိုင်းရဲ့ အထင်ကြီးစရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေနိုင်သလို မိန်းကလေးတိုင်းက လိုချင်နေမိတဲ့ကောင်လေးတစ်ယောက်လေးလည်းဖြစ်နေမိမှာ အမှန်ပါဘဲဗျာ။

Mia (kbdailynews)

Reference : rachfeed

Zawgyi




Mia (kbdailynews)