Knowledge

အရင်ခေတ်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့ဓါတ်ပုံများ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်က အင်တာနက် မပြောနဲ့ ကိုယ်ပိုင်ဖုန်းတောင် ကိုင်နိုင်သူ ရှားခဲ့ပေမယ့် ယနေ့ အချိန်မှာတော့ လူတိုင်းလိုလို ကိုယ်ပိုင်ဖုန်းတွေပိုင်ဆိုင်ပြီး အင်တာနက်ကိုလည်း လွယ်ကူစွာသုံးစွဲလာနိုင်ခဲ့ပြီဖြစ်ပါတယ်။



အခြားစက်မှု တိုက်တာ အဆောက်အဦး နဲ့ အီလက်ထရောနစ် ကဏ္ဍတွေမှာလည်း နည်းပညာဟာ လိုက်လို့မမီလောက်အောင်ပဲ တိုးတက်နေပါတယ်။ ဒီလိုတိုးတက်လာတာကလည်း ပညာရှင်တွေဟာ လူသားတွေအတွက် တနေ့ထက် တနေ့ ပိုမိုသက်သာ အဆင်ပြေစေမယ့် တီထွင်မှုတွေကို အဆက်မပြတ်ပြုလုပ်ခဲ့ကြလို့ဖြစ်ပါတယ်။ မတူညီတဲ့ တီထွင်မှုတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပါတယ်။




၁။ ဒီအရာကို ဘာလို့ ထင်ပါသလဲ။ သူရှိနေတဲ့နေရာကတော့ မက္ကဆီကိုနိုင်ငံ Puebla မြို့က သမိုင်းဝင်စာကြည့်တိုက်တခုဖြစ်တဲ့ Palafoxiana စာကြည့်တိုက်မှာပါ။ ဒါက ဘာလဲဆိုတော့ ပညာရှင်တယောက် သုတေသနလုပ်ဖို့ စာဖတ်တဲ့အခါ စာအုပ်ပေါင်း ၇ အုပ်ကို တပြိုင်နက် အလွယ်တကူ ဖတ်ရှု့နိုင်ဖို့ ဖန်တီးပေးထားတဲ့ အရာဖြစ်ပါတယ်။ ဘီးကိုလှည့်ပြီး လိုအပ်တဲ့ စာအုပ်လှန်ထားတဲ့ဆီကို ကြည့်ရှု့နိုင်တာဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိပါပြီ။


၂။ ဒါကတော့ ကိုလံဘီယာက မြကျောက်တလုံးတည်းကို လိုသလို ဖြတ်တောက်ဖန်တီးထားတဲ့ အိတ်ဆောင်နာရီ လေးဖြစ်ပါတယ်။ သက်တမ်းကတော့ နှစ်ပေါင်း ၃၅၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့တော့ အကောင်းသား…




၃။ ဒါကတော့ ၁၉၅၅ ခုနှစ်က နယူးယောက်မှာရှိတဲ့ ဟော်လန်ဥမင်ထဲမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ပုံရဲ့ညာဘက်မှာတော့ ရထားလမ်းကျဉ်းလေးပေါ်မှာ ရှိနေတဲ့ တယောက်မောင်း လျှပ်စစ်ရထားလေးကို တွေ့ကြမှာပါ။ မော်တော်ကားတွေရဲ့ အမြန်နှုန်းကို လိုက်လံကြည့်ရှု့ တားမြစ်နိုင်ဖို့အတွက် အဲဒီအချိန်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။


၄။ ၁၉၄၁ ခုနှစ်က ဗြိတိသျှလင်မယားတို့ရဲ့ အိပ်ခန်းကို ရိုက်ကူးထားတာပါ။ ပုံမှန်နဲ့မတူတာကတော့ လှောင်အိမ်နဲ့ တူတဲ့အရာထဲမှာ အိပ်စက်နေကြတာပါ။ တကယ်တော့ Morrison Shelter လို့ခေါ်ပါတယ်။ အချိန်မရွေး ဗုံးကြဲခံရနိုင်တဲ့ ကာလဖြစ်လေတော့ တကယ်လို့များအကြဲခံရလျင် ကာကွယ်ပေးဖို့ ဒီ Shelter တွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။


၅။ အခုမြင်ရတဲ့ပုံကတော့ Robo-Vac လို့ ခေါ်တဲ့ အလိုလျောက်ဖုန်စုပ်စက်ကလေးဖြစ်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် အိမ်သုံးပစ္စည်းကုမ္ပဏီ Whirlpool က ဖန်တီးထားတာဖြစ်ပြီး အခုမြင်ရတဲ့ပုံကိုတော့ ၁၉၅၉ ခုနှစ် ရုရှားမော်စကို ကပြပွဲတခုမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။




၆။ ဒီဇိုင်းဆန်းဆန်းနဲ့ ဒီကားကတော့ ပြင်သစ်ထုတ်ကားတစီးဖြစ်ပြီး Delahaye 175s Roadster လို့ ခေါ်ပါတယ်။ အခုပုံကတော့ ၁၉၄၉ ခုနှစ် ပါရီပြပွဲတုန်းက ပုံရိပ်ဖြစ်ပါတယ်။ ဒီကားဟာ တစီးတည်းထုတ်လုပ်ခဲ့သော ကားဖြစ်ပြီး လေလံတင်ပွဲမှာ ပြန်လည်ရောင်းချခဲ့ရာမှာတော့ ဒေါ်လာ ၅သန်း အထိ ရရှိခဲ့ပါတယ်။


၇။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ (၁၉၅၀ခုနှစ်) ကတည်းက ရှိနေခဲ့တဲ့ ဒီတီဗီရဲ့ ဒီဇိုင်းဟာ တော်တော်လေး ဆန်းနေပါတယ်။ ဒီတီဗီကိုတော့ Philco Predicta တီဗီလို့ ခေါ်ပါတယ်။


၈။ ဒါကတော့ ကမ္ဘာ့အစောဆုံး ရေငုပ်ဝတ်စုံဖြစ်ပါတယ်။ ဂျာမန်ရေငုပ်ဝတ်စုံဖြစ်ပြီး The Old Gentleman လို့ ခေါ်ကာ ၁၈၆၀ ခုနှစ်ကတည်းက ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။


၉။ အခုအချိန် အနေအထားနဲ့ ကြည့်ရင်တော့ ဟာသ ဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် အဲဒီအချိန်တုန်းကတော့ ဒီဖုန်းဟာ ခေတ်အမီဆုံး ဖုန်းတလုံးဖြစ်ခဲ့ပါတယ်။ ဖုန်းကို ဆက်နေဟန် ကိုင်ဆောင်ထားသူကတော့ နာမည်ကျော် မော်တော်ရိုလာဖုန်းကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ ဖြစ်ပါတယ်။ ဒီဖုန်းကတော့ Dynatac Portable Radio Telephone ဖြစ်ပြီး ပုံကတော့ ၁၉၇၃ ခုနှစ် နယူးယောက်စီးတီးမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။


၁၀။ အခုခေတ်မှာတော့ ကောင်းကင်ကနေ မြေပြင်မြင်ကွင်းတွေကို မြင်နိုင်တဲ့ ဓာတ်ပုံတွေရိုက်ကူးဖို့ ဒရုန်းယာဉ်တွေကို ပေါများစွာ အသုံးပြုနေနိုင်ပြီဖြစ်ပေမယ့် ဒုတိယ ကမ္ဘာစစ်တုန်းကတော့ အခုလို ဧရာမ ကင်မရာကြီးတွေကို အသုံးပြုခဲ့ရပါတယ်။ အခုပုံထဲက ကင်မရာက Kodak K-24 ဖြစ်ပြီး ရဟတ်ယာဉ်တစင်းပေါ်က နေ မြေပြင်ဓာတ်ပုံတွေကို ရိုက်ကူးယူရတာဖြစ်ပါတယ်။




၁၁။ ၁၉၃၁ ခုနှစ် ဂျာမနီ ဘာလင်မြို့ ရထားဘူတာမှာ ပုံမှန်ရေနွေးငွေ့သုံးရထားတစီး နဲ့ ယှဉ်ရပ်ထားတဲ့ ရထားပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Schienenzeppelin လို့ခေါ်တဲ့ ကားရထားဖြစ်ပြီး ၁စီးတည်းသာ တည်ဆောက်ခဲ့တဲ့ ယာဉ်ဖြစ်ပါတယ်။ အလူမီနီယံ ကိုယ်ထည်နဲ့ ဖန်တီးထားပြီး ခရီးသည် ၄၀ ကိုတင်ဆောင်နိုင်တဲ့ ဒီယာဉ်ဟာ ၁နာရီကို ၁၄၃ မိုင်အမြန်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။


၁၂။ ၁၉၆၁ ခုနှစ်က ကယ်လီဖိုးနီးယားမှာမြင်ရတဲ့ စကိတ်အရောင်းသမား တယောက်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ ရိုးရိုးပုံမှန်စကိတ်တော့ မဟုတ်ပဲ ဓာတ်ငွေ့သုံးကာ မောင်းနှင်ရတဲ့ စကိတ်ဖြစ်ပါတယ်။


၁၃။ ၁၉၆၁ ခုနှစ် ရှီကာဂိုမြို့က ဆိုင်တဆိုင်မှာ မြင်ရတဲ့ အဲဒီခေတ်က အပါးဆုံးလို့ခေါ်ရမယ့် တီဗီ နဲ့ အောက်ကတော့ ရုပ်သံတွေကို ဖမ်းယူထားနိုင်တဲ့ စက်ဖြစ်ပါတယ်။ သူ့ရဲ့တီဗီအထူကတော့ ၄လက်မတောင် ရှိနေတာ ဖြစ်ပါတယ်။


၁၄။ ၁၉၄၄ ခုနှစ်မှာမြင်ရတဲ့ အမေရိကန် အက်ဖ်ဘီအိုင်ရဲ့ လက်ဗွေဖိုင် သိမ်းဆည်းရေးဌာန ဖြစ်ပါတယ်။ အက်ဖ်ဘီအိုင်ဟာ ၁၉၄၂ ခုနှစ်မှာ စုဆောင်မှုပေါင်း ၄သိန်း သာ ရှိခဲ့ပေမယ့် ၁၉၄၄ ခုနှစ်မှာတော့ လက်ဗွေစုဆောင်းမှုပေါင်း ၁၀ သန်းအထိ သိမ်းဆည်းထားနိုင်ခဲ့ပါတယ်။




၁၅။ ၁၉၂၅ ခုနှစ် မှာ ဂျာမနီနိုင်ငံမှာ စီးနင်းခဲ့တဲ့ တဘီးဆိုင်ကယ် ဖြစ်ပါတယ်။


၁၆။ ခေတ်ဟောင်း ဂဏန်းတွက်စက်တလုံးရဲ့ ဘေးဘက်ကကြည့်ရင်တော့ အထဲက စက်အစိတ်အပိုင်းပစ္စည်းတွေကို ယခုလို မြင်ရမှာဖြစ်ပါတယ်။


၁၇။ နာမည်ကျော် လေသင်္ဘောကြီး Hindenburg ကို တည်ဆောက်စဉ်က အတွင်းဘက်ကိုယ်ထည်ရဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။


၁၈။ ၁၉၅၆ ခုနှစ် လေယာဉ်တစင်းပေါ်ကို တင်ဆောင်နေတဲ့ ကွန်ပျူတာ Hard Disk တလုံးရဲ့ပုံရိပ်ဖြစ်ပါတယ်။ ဒီလောက်ကြီးမားတဲ့ Hard Disk ကြီးဟာ ဒေတာပမာဏ ဘယ်လောက်ဆန့်တယ်လို့ ထင်ပါသလဲ။ 5mb (ယနေ့ပုံမှန် mp3 သီချင်း ၁ပုဒ်ခွဲစာခန့်) သာ ရှိပါတယ်။




၁၉။ ဦးချိုနှစ်ချောင်းပုံသဏ္ဍာန် နဲ့ ကိရိယာပုံရိပ်ကိုတော့ ၁၉၂၁ ခုနှစ်က ဝါရှင်တန်ဒီစီမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ရေဒါမပေါ်သေးတာကြောင့် ဟိုးအဝေးက လေယာဉ်တွေရဲ့အသံကို ဒီကိရိယာကြီးတွေနဲ့ ထောက်လှမ်းနားထောင်ခဲ့ကြရတာဖြစ်ပါတယ်။

Leave a Comment