Wed. Oct 27th, 2021

YG Entertainment နှင့် စာချုပ်အသစ်ချုပ်ဆိုခဲ့တဲ့WINNER

August 18, YG Entertainment၏တရားဝင်ထုတ်ပြန်ချက်အရ WINNER အဖွဲ့၏ အဖွဲ့ဝင်လေးယောက်စလုံးသည် YG Entertainmentနှင့် နောက်ထပ်5နှစ် ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့သည်ဟု သိရပါတယ်။

2014, Augustတွင် ပွဲဦးထွက်ခဲ့တဲ့ WINNERအဖွဲ့သည် Fansများနှင့် “7th Anniversary”ကို ကျင်းပခဲ့ပြီး နောက်ထပ်5နှစ်ကို “WINNER”အဖွဲ့အနေဖြင့် အနုပညာလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားရန် သဘောတူခဲ့ကြသည်။

ထို့အပြင် WINNERအဖွဲ့ဝင်များက သူတို့ဘက်တွင် အမြဲရှိနေပေးခဲ့သော Inner Circlesများကို ကျေးဇူးတင်ကြောင်း၊၎င်းတို့ကြောင့်သာ WINNER တည်ရှိနေရခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်မယ် အနုပညာခရီးလမ်းတွင်လည်း Fanများနှင့်တန်ဖိုးရှိတဲ့ အမှတ်တရများစွာ ဖန်တီးချင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

ယခုလက်ရှိတွင် Kim Jin Wooနှင့် Lee Seung Hoonတို့သည် စစ်မှုထမ်းနေ၍ Kang Seung Yoonနှင့် Song Min Hoတို့မှာ သရုပ်ဆောင်ကဏ္ဌနှင့် Variety Programများတွင် ပါဝင်လှုပ်ရှားနေကြောင်း သိရပါတယ်။

Source Allkpop
Written Kay Kay
One Daily Media

 

Zawgyi

WINNER






 

Leave a Reply

Your email address will not be published. Required fields are marked *