Amazing

အချင်းချင်းစကားမပြောဘဲ တစ်ဦးနှင့်တစ်ဦးအပေါ် ကြင်နာတဲ့လုပ်ရပ်တစ်ခုကို ပြသခဲ့ကြတဲ့ မြေအောက်ရထားပေါ်ရှိ သူစိမ်းနှစ်ဦး

New York မြို့ရှိ မြေအောက်ရထားပေါ်မှာ Kia Tatiyana Davis အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူစိမ်းနှစ်ယောက်တို့အကြားမှာရှိတဲ့ လှပလွန်းတဲ့ဆက်ဆံရေးအခိုက်အတန့်ကိုမျက်မြင်တွေ့ခဲ့ရပြီး ၎င်းကိုလည်း အမိအရရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ဗီဒီယိုကို သူမရဲ့ Facebook စာမျက်နှာမှာတင်ခဲ့ပြီးနောက်မှာ လူရာပေါင်းများစွာက Like နဲ့ Comment ပေါင်းများစွာကို ပေးခဲ့ကြပါတယ်။ ၎င်းဗီဒီယိုက တိုတောင်းပေမဲ့လည်း ၎င်းရဲ့မက်ဆေ့ချ်က အစွမ်းထက်လှပါတယ်။ ဗီဒီယိုထဲရှိကောင်လေးတစ်ယောက် နှင့် သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်တို့ကို သင် တွေ့ရပါလိမ့်မယ်။ အဆိုပါအမျိုးသားဟာ နားကြပ်တပ်ပြီး သူ့ရဲ့ဖုန်းမှာ တစ်ခုခုလုပ်ရန်အလုပ်များနေပေမဲ့လည်း သူနဲ့ကပ်ထိုင်နေတဲ့ကောင်လေးက ဘေးကနေ အဆိုပါသူစိမ်းအမျိုးသားရဲ့ဖုန်းကို အဆက်မပြတ်ချောင်းကြည့်နေခဲ့ပါတယ်။


ပထမတော့ အဆိုပါအမျိုးသားက သတိမထားမိပေမယ့် မကြာခင်မှာပဲ သူတို့နှစ်ယောက်ကမျက်လုံးချင်းဆုံမိသွားတဲ့အခါမှာ အဆိုပါအမျိုးသားရဲ့သူစိမ်းကောင်လေးအပေါ်ပြန်လည်ပြသပေးခဲ့တဲ့ကြင်နာမှုပမာဏက လူများစွာကို အံ့ဩသွားစေခဲ့ပါတယ်။ ကောင်လေးရဲ့စိတ်ဝင်စားမှုပမာဏကိုကြည့်ခြင်းအားဖြင့် ထိုအချိန်မှာ အဆိုပါအမျိုးသားဟာ ဗီဒီယိုဂိမ်းတစ်ခုကို ကစားနေတဲ့သူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထို့နောက် အဆိုပါအမျိုးသားဟာ ကောင်လေးကို ခပ်ပြုံးပြုံးလေးနဲ့ ပြန်ပြုံးပြကာ ကောင်လေးရဲ့သိချင်စိတ်ကို အနှောင့်အယှက်မဖြစ်ဘဲ မကြာခင်အချိန်လေးအတွင်းမှာ သူ့ရဲ့ဖုန်းကို ကောင်လေးနဲ့ အတူ ဝေမျှကာကြည့်ခွင့်ပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


အံ့သြစရာကောင်းတာက အဆိုပါအမျိုးသားက သူ့နားကြပ်ကိုပါဖြုတ်ပြီး သူ့ဖုန်းကို ကောင်လေးဆီသို့လွှဲပေးခဲ့တာပါဘဲ။ ထို့နောက် ကောင်လေးကလည်း မယုံမကြည်နိုင်ဖြစ်နေပေမယ့်လည်း အဆိုပါအမျိုးသားရဲ့ကမ်းလှမ်းချက်ကို လက်ခံကာ ဂိမ်းစကစားနေခဲ့ပါတယ်။ ထိုသူစိမ်းနှစ်ယောက်တို့ဟာ အချင်းချင်းစကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်စွမ်းရှိခဲ့ကြတာကို သင်မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဲဒီလိုမြင့်မြတ်တဲ့လူတစ်ယောက် ရှိနေခြင်းကလည်း ဂုဏ်ယူစရာတစ်ခုပါဘဲ။ အပြုသဘောဆောင်နေတဲ့၎င်းဗီဒီယို က လူသားတို့အားလုံးကို များစွာအကျိုးသက်ရောက်စေခဲ့တဲ့အပြင် ကျွန်တော်အတွက် ကျွန်တော်မြင်ဖူးခဲ့သမျှ အထူးခြားဆုံးဖြစ်ရပ်တစ်ခုပါဘဲဗျာ။


Mia (KB Chimmy One)


Reference : shareably

Zawgyi

New York ၿမိဳ႕ရွိ ေျမေအာက္ရထားေပၚမွာ Kia Tatiyana Davis အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ သူစိမ္းႏွစ္ေယာက္တို႔အၾကားမွာရွိတဲ့ လွပလြန္းတဲ့ဆက္ဆံေရးအခိုက္အတန႔္ကိုမ်က္ျမင္ေတြ႕ခဲ့ရၿပီး ၎ကိုလည္း အမိအရ႐ိုက္ကူးခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူမရဲ႕ဗီဒီယိုကို သူမရဲ႕ Facebook စာမ်က္ႏွာမွာတင္ခဲ့ၿပီးေနာက္မွာ လူရာေပါင္းမ်ားစြာက Like နဲ႔ Comment ေပါင္းမ်ားစြာကို ေပးခဲ့ၾကပါတယ္။ ၎ဗီဒီယိုက တိုေတာင္းေပမဲ့လည္း ၎ရဲ႕မက္ေဆ့ခ်္က အစြမ္းထက္လွပါတယ္။ ဗီဒီယိုထဲရွိေကာင္ေလးတစ္ေယာက္ ႏွင့္ သူ႔ေဘးမွာထိုင္ေနတဲ့ အမ်ိဳးသားတစ္ေယာက္တို႔ကို သင္ ေတြ႕ရပါလိမ့္မယ္။ အဆိုပါအမ်ိဳးသားဟာ နားၾကပ္တပ္ၿပီး သူ႔ရဲ႕ဖုန္းမွာ တစ္ခုခုလုပ္ရန္အလုပ္မ်ားေနေပမဲ့လည္း သူနဲ႔ကပ္ထိုင္ေနတဲ့ေကာင္ေလးက ေဘးကေန အဆိုပါသူစိမ္းအမ်ိဳးသားရဲ႕ဖုန္းကို အဆက္မျပတ္ေခ်ာင္းၾကည့္ေနခဲ့ပါတယ္။


ပထမေတာ့ အဆိုပါအမ်ိဳးသားက သတိမထားမိေပမယ့္ မၾကာခင္မွာပဲ သူတို႔ႏွစ္ေယာက္ကမ်က္လုံးခ်င္းဆုံမိသြားတဲ့အခါမွာ အဆိုပါအမ်ိဳးသားရဲ႕သူစိမ္းေကာင္ေလးအေပၚျပန္လည္ျပသေပးခဲ့တဲ့ၾကင္နာမႈပမာဏက လူမ်ားစြာကို အံ့ဩသြားေစခဲ့ပါတယ္။ ေကာင္ေလးရဲ႕စိတ္ဝင္စားမႈပမာဏကိုၾကည့္ျခင္းအားျဖင့္ ထိုအခ်ိန္မွာ အဆိုပါအမ်ိဳးသားဟာ ဗီဒီယိုဂိမ္းတစ္ခုကို ကစားေနတဲ့သူတစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ထို႔ေနာက္ အဆိုပါအမ်ိဳးသားဟာ ေကာင္ေလးကို ခပ္ၿပဳံးၿပဳံးေလးနဲ႔ ျပန္ၿပဳံးျပကာ ေကာင္ေလးရဲ႕သိခ်င္စိတ္ကို အေႏွာင့္အယွက္မျဖစ္ဘဲ မၾကာခင္အခ်ိန္ေလးအတြင္းမွာ သူ႔ရဲ႕ဖုန္းကို ေကာင္ေလးနဲ႔ အတူ ေဝမွ်ကာၾကည့္ခြင့္ေပးလိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။


အံ့ၾသစရာေကာင္းတာက အဆိုပါအမ်ိဳးသားက သူ႔နားၾကပ္ကိုပါျဖဳတ္ၿပီး သူ႔ဖုန္းကို ေကာင္ေလးဆီသို႔လႊဲေပးခဲ့တာပါဘဲ။ ထို႔ေနာက္ ေကာင္ေလးကလည္း မယုံမၾကည္ႏိုင္ျဖစ္ေနေပမယ့္လည္း အဆိုပါအမ်ိဳးသားရဲ႕ကမ္းလွမ္းခ်က္ကို လက္ခံကာ ဂိမ္းစကစားေနခဲ့ပါတယ္။ ထိုသူစိမ္းႏွစ္ေယာက္တို႔ဟာ အခ်င္းခ်င္းစကားမေျပာဘဲ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ႏိုင္စြမ္းရွိခဲ့ၾကတာကို သင္ျမင္ေတြ႕ရမွာပါ။ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ အဲဒီလိုျမင့္ျမတ္တဲ့လူတစ္ေယာက္ ရွိေနျခင္းကလည္း ဂုဏ္ယူစရာတစ္ခုပါဘဲ။ အျပဳသေဘာေဆာင္ေနတဲ့၎ဗီဒီယို က လူသားတို႔အားလုံးကို မ်ားစြာအက်ိဳးသက္ေရာက္ေစခဲ့​တဲ့အျပင္ ကြၽန္ေတာ္အတြက္ ကြၽန္ေတာ္ျမင္ဖူးခဲ့သမွ် အထူးျခားဆုံးျဖစ္ရပ္တစ္ခုပါဘဲဗ်ာ။

Mia (KB Chimmy One)

Leave a Comment