Uncategorized

မိခင်အိပ်ရာထဲမှာသေဆုံးနေတာကို ၂လကျော်အကြာအထိမသိတဲ့သမီး၂ယောက်

Sharon Greenop လို့ အမည်ရတဲ့ မသန်စွမ်းအမျိုးသမီးကြီးဟာ ၎င်းရဲ့ အခန်းထဲက အိပ်ယာထက်မှာ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက သေဆုံးနေတာကို၊ အတူတူ နေထိုင်တဲ့ သမီးဖြစ်သူ Shayla (ခ) Mallak အသက် 19 နှစ်နဲ့၊ သေဆုံးသူရဲ့ ညီမ ဖြစ်သူ Lynnette (39)နှစ် တို့က Sharon သေဆုံးခြင်းအကြောင်းကို လုံး၀ မသိဘူးလို့ ဆိုပါတယ်။ အိမ်နီးနားချင်း တစ်ယောက်က မသင်္ကာဖွယ်အနံ့ကိုရမှ ဒီကိစ္စကို ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

ဒီအချက်ဟာ ရဲတပ်ဖွဲ့အတွက် အလွန်ကို သံသဖြစ်စရာကောင်းတဲ့ အချက်ဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ Sharon ရဲ့ အလောင်းကို စစ်ဆေးနေပါတယ်။ အဆိုပါ အိမ်ထဲမှာ tarantula ပင့်ကူနှစ်ကောင်၊ အိမ်မွေး ကြွက်တစ်ကောင်၊ ယုန်တစ်ကောင်၊ မျက်လုံးမမြင်ရတဲ့ ကြောင်တစ်ကောင်နဲ့၊ ခြေထောက်တစ်ချောင်း ပြတ်နေတဲ့ အိမ်မွေးခွေးတစ်ကောင်တို့ ရှိနေပါသေးတယ်။


နှစ်လောက် ကြာတဲ့အထိ အိပ်ယာထဲမှာ Sharon က သေဆုံးနေခဲ့တာကို အတူနေ သမီးနဲ့ ညီမဖြစ်သူဟာ မသိပါဘူး-ဆိုတဲ့ ကိစ္စကတော့ အလွန် ယုတ္တိမဲ့လွန်းတယ်လို့ အမည်မဖော်လိုသူ အိမ်နီးနားချင်းတစ်ယောက်က ဆိုပါတယ်။ ညီမဖြစ်သူ Lynnette က Ayrshire Post သတင်းဌာနကို ပြောကြားရမှာ ” ဝမ်းနည်းပါတယ် … ဒါပေမယ့် ကျွန်မတို့ မိသားစုအကြောင်းကို … ကျွန်မတို့ ဘာလုပ်ရမှန်း မသိသေးချိန်မှာ ဖြေဆိုဖို့ မရှိပါဘူး “လို့ ပြောခဲ့ပါတယ်။

အဆိုပါ သတင်းဌာနက ” သေဆုံးသူဟာ နှစ်လလောက် ကြာနေပြီဆိုတာ ဟုတ်ပါသလား “ဆိုတဲ့ မေးခွန်းကို ” ဖြေစရာ မရှိပါဘူး”လို့ ငြင်းဆန်ခဲ့သလို၊ ” အလောင်းကောင်ကြီး ရှိနေတယ်ဆိုတာတောင် တူမနဲ့ ခင်ဗျားက မရိပ်မိဘူးလား” ဆိုတဲ့ မေးခွန်းကိုလည်း ” ဖြေကြားဖို့ မရှိပါဘူး”လို့ ငြင်းခဲ့ပြန်ပါတယ်။ ဒါ့အပြင် ” အိမ်ထဲမှာ အမွေးတိုင်တွေ အများကြီး ထွန်းထားတာဟာ လူသေအပုပ်နံကို ဖုံးကွယ်ဖို့လား “ဆိုတဲ့ မေးခွန်းကိုလည်း Lynnette က “ဖြေကြားဖို့ မရှိပါဘူး”လို့ ငြင်းဆန်ခဲ့ပါတယ်။


လက်ရှိအခြေအနေမှာတော့ သိုသိပ်လွန်းတဲ့ အဒေါ်ဖြစ်သူ Lynnette နဲ့ တူမဖြစ်သူ Shayla တို့ဟာ သံသယဖြစ်ဖွယ် အလွန်ကောင်းနေပြီး ဖမ်းဆီးစစ်ဆေးခံရဖို့ ရှိနေတယ်လို့ ဒေသခံသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။ Shayla ဟာအောက်တိုဘာ 21 ရက်က သံသယဖြစ်ဖွယ် Facebook Post တစ်ခုကို တင်ခဲ့ပါတယ်။

အဆိုပါ Post မှာ ” အို အိမ်ကြီးက သိပ်ကို တိတ်ဆိတ်နေတယ် … တကယ့်ကို သွေရောင်လွှမ်းနေတဲ့ တိတ်ဆိတ်မှုပါဘဲ … မကြာခင် ပျောက်သွားမှာမို့ ဘာမှ မမေးပါနဲ့ “လို့ ရေးခဲ့ပါတယ်။ အိမ်နီးနားချင်းတစ်ယောက်ကတော့ ” ကျွန်တော် သူတို့နှစ်ယောက် ထူးဆန်းနေတာကို သိပါတယ် … ဒါပေမယ့် ဘယ်လောက်ကြာကြာ ထိန်ချန်ထားနိုင်မလဲလေ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပါဘဲ။

Zawgyi









Leave a Comment