Amazing

အဆီကျဖို့အတွက် ဗိုက်ပေါ်မီးတင်ရှို့တဲ့ကုထုံးနဲ့ကုသခံရတဲ့ (၁၁)နှစ်သားလေး

အသက် (၁၁)နှစ်အရွယ်မှာ 322 ပေါင်အထိ အလေးချိန်ရှိတဲ့ Li Hang အမည်ရ တရုတ်ကလေးငယ်လေးဟာ မိဘတွေရဲ့ စီစဉ်မှုနဲ့ အဆီကျဖို့ ရှေးဟောင်း တရုတ်ရိုးရာကုထုံးတွေကို လက်ခံခဲ့ရပါတယ်။ အဲဒီ တရုတ်ကုထုံးတွေထဲမှာ မီးနဲ့ အပူပေး ကြပ်တိုက်ခြင်း၊ အပူဖန်ပုလင်း ခွက်မှောက်နည်းတွေကို အသုံးပြုခဲ့လို့ စူးစူးဝါးဝါး အော်ဟစ်သံတွေ ဆူညံနေခဲ့တယ်လို့ ဆိုပါတယ်။

Li ဟာ တရုတ်နိုင်ငံ အနောက်ပိုင်း Jilin စီရင်စုမှာရှိတဲ့ Changchun မြို့က Changchun Kangda Hospital မှာ ကုသမှု ခံယူနေတာပါ။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာ Li ရဲ့ ခန္ဓာကိုယ်ပေါ်ကို တစ်ဘက်တစ်ထည် ခေါက်တင်ပြီး မီးမြိုက်ခြင်းလည်း ပါဝင်ပြီး Li ကတော့ တော်တော်လေး အခံရ ခက်နေပုံပါဘဲ။


အခြားပုံတစ်ခုမှာတော့ မှောက်လျှက်အနေအထား Li ကို ကုထုံးဆရာမတစ်ယောက်က ရိုးရာ အပူပေးဖန်ခွက်မှောက်နည်းနဲ့ ကုသနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ၎င်းတို့နိုင်ငံမှာ အသက် 5 နှစ်မှ 18 နှစ်ကလေးတွေဟာ ကိုယ်အလေးချိန် မတန်တဆဝလာတဲ့ဦးရေ တိုးပွားလာကြောင်း သိရပါတယ်။


World Obesity Federation အဖွဲ့ကနေ ပြီးခဲ့တဲ့ လက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာတော့ကမ္ဘာအရပ်ရပ်မှာကလေးအရွယ်နဲ့ကိုယ်အလေးချိန် မတန်တဆမြင့်မားသူဦးရေဟာ48.5သန်းအထိရှိတယ်လို့သိရပါတယ်။စက်မှုလက်မှုဖွံ့ဖြိးတိုးတက်တဲ့နိုင်ငံတွေမှာပိုအဖြစ်များတယ်လို့လည်း သိရပါတယ်။

Zawgyi

အသက္ (၁၁)ႏွစ္အ႐ြယ္မွာ 322 ေပါင္အထိ အေလးခ်ိန္ရွိတဲ့ Li Hang အမည္ရ တ႐ုတ္ကေလးငယ္ေလးဟာ မိဘေတြရဲ႕ စီစဥ္မႈနဲ႔ အဆီက်ဖို႔ ေရွးေဟာင္း တ႐ုတ္႐ိုးရာကုထုံးေတြကို လက္ခံခဲ့ရပါတယ္။ အဲဒီ တ႐ုတ္ကုထုံးေတြထဲမွာ မီးနဲ႔ အပူေပး ၾကပ္တိုက္ျခင္း၊ အပူဖန္ပုလင္း ခြက္ေမွာက္နည္းေတြကို အသုံးျပဳခဲ့လို႔ စူးစူးဝါးဝါး ေအာ္ဟစ္သံေတြ ဆူညံေနခဲ့တယ္လို႔ ဆိုပါတယ္။


Li ဟာ တ႐ုတ္ႏိုင္ငံ အေနာက္ပိုင္း Jilin စီရင္စုမွာရွိတဲ့ Changchun ၿမိဳ႕က Changchun Kangda Hospital မွာ ကုသမႈ ခံယူေနတာပါ။ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြထဲမွာ Li ရဲ႕ ခႏၶာကိုယ္ေပၚကို တစ္ဘက္တစ္ထည္ ေခါက္တင္ၿပီး မီးၿမိဳက္ျခင္းလည္း ပါဝင္ၿပီး Li ကေတာ့ ေတာ္ေတာ္ေလး အခံရ ခက္ေနပုံပါဘဲ။


အျခားပုံတစ္ခုမွာေတာ့ ေမွာက္လွ်က္အေနအထား Li ကို ကုထုံးဆရာမတစ္ေယာက္က ႐ိုးရာ အပူေပးဖန္ခြက္ေမွာက္နည္းနဲ႔ ကုသေနတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၎တို႔ႏိုင္ငံမွာ အသက္ 5 ႏွစ္မွ 18 ႏွစ္ကေလးေတြဟာ ကိုယ္အေလးခ်ိန္ မတန္တဆဝလာတဲ့ဦးေရ တိုးပြားလာေၾကာင္း သိရပါတယ္။


World Obesity Federation အဖြဲ႕ကေန ၿပီးခဲ့တဲ့ လက ထုတ္ျပန္ခဲ့တဲ့ စစ္တမ္းမွာေတာ့ကမာၻအရပ္ရပ္မွာကေလးအ႐ြယ္နဲ႔ကိုယ္အေလးခ်ိန္ မတန္တဆျမင့္မားသူဦးေရဟာ48.5သန္းအထိရွိတယ္လို႔သိရပါတယ္။စက္မႈလက္မႈဖြံ႕ၿဖိးတိုးတက္တဲ့ႏိုင္ငံေတြမွာပိုအျဖစ္မ်ားတယ္လို႔လည္း သိရပါတယ္။

Leave a Comment