Amazing

အာဖရိကရဲ့ ကြယ်စုံညအောက်က တောရိုင်းတိရစ္ဆာန်တို့ရဲ့ သဘာဝအလှတရားများ

အာဖရိကအနောက်တောင်ပိုင်းNamibiaနိုင်ငံမှာဘေးမဲ့လွှတ်ထားခြင်းခံထားရတဲ့သဘာတောရိုင်းတိရစ္ဆာန်တွေထောင်သောင်းချီရှင်သန်နေထိုင်ဆဲ ဖြစ်ပါတယ်။ နေ့အခါမှာလည်း သဘာဝနေအလင်းရောင်နဲ့ တောတောင်ရေမြေ ရှုခင်းတွေဟာ တခမ်းတနား ရှိနေဆဲဖြစ်သလို၊ ညဘက်မှာလည်း အဖိုးတန် အလှတရားတွေက ပြည့်နှက်နေဆဲ ဖြစ်ပါတယ်။

ဖော်ပြပါ ဓာတ်ပုံတွေဟာ Namibia ရှိ သဘာဝဘေးမဲ့တောကြီးထဲမှာ ညအခါ တွေ့ရတတ်တဲ့ ပုံတွေကို ကင်မရာဆရာက လက်စွမ်းပြ ရိုက်ကူးထားတာပါ။ အားကောင်းတဲ့ကင်မရာကို အသုံးပြုပြီး ကြယ်စင်တွေ ပျံ့ကျဲနေတဲ့ ကောင်းကင်အလှကို နောက်ခံ ပန်းချီးကားအဖြစ် ထင်ဟပ်အောင် ဖော်ပြထားနိုင်တဲ့ ဓာတ်ပုံ လက်ရာတွေ ဖြစ်ပါတယ်။


နေရာကတော့ Namibia ကန္တရဖြစ်ပြီး ညဘက်မှာ အအေးဓာတ် လွန်ကဲလှပါတယ်။ နှစ်ပတ်ခရီးအတွက် ပေါင် 2541ကုန်ကျမှာဖြစ်ပြီး ကန္တရတစ်ခုလုံးကိုလေယာဉ်ငယ်လေးနဲ့လှည့်ပတ်ပေးတဲ့အစီအစဉ်တွေလည်းရှိပါတယ်။နေ့ခင်းပိုင်းမှာတော့အလွန်ပူပြင်းပြီးနေရထိုင်ရခက်ခဲလို့ ညဘက်က ပိုအဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

ဆင်တွေအုပ်လိုက်အသက်ရှင်နေထိုင်ဆဲဖြစ်ပြီး၊အာဖရိကရဲ့ကန္တာရသားရိုင်းတစ်မျိုးဖြစ်တဲ့သစ်ကုလားအုတ်နဲ့အခြားသားရဲတိရစ္ဆာန်တွေလည်း ရှိပါတယ်။ ခြင်္သေ့တွေကိုလည်း ညဘက်မှာ တွေ့ရတတ်ပြီး ၎င်းတို့ကလည်း ရာသီဥတု ပူလွန်းတဲ့ ဒဏ်ကို အကင်းပါးစွာ ရှောင်ရှားရင်း ညဘက်မှာ အမဲလိုက်လေ့ရှိတယ်လို့ သိရပါတယ်။


ကန္တာရစမ်းရေအိုင်တွေမှာညနေချိန်ရေသောက်ဆင်းကြတဲ့တောရိုင်းသတ္တဝါတွေဟာအလွန်များပြားလှပြီးမကြာမီမှာကြယ်ရောင်စုံလင်းတ်နေတဲ့ ကောင်ကင်ကြီးအောက်ကို ဝင်ရောက်ပြီး အသီးသီး၊ တစ်စုတစည်း အိပ်တန်းဝင်ကြပါတယ်။

Zawgyi

အာဖရိကအေနာက္ေတာင္ပိုင္းNamibiaႏိုင္ငံမွာေဘးမဲ့လႊတ္ထားျခင္းခံထားရတဲ့သဘာေတာ႐ိုင္းတိရစာၦန္ေတြေထာင္ေသာင္းခ်ီရွင္သန္ေနထိုင္ဆဲ ျဖစ္ပါတယ္။ ေန႔အခါမွာလည္း သဘာဝေနအလင္းေရာင္နဲ႔ ေတာေတာင္ေရေျမ ရႈခင္းေတြဟာ တခမ္းတနား ရွိေနဆဲျဖစ္သလို၊ ညဘက္မွာလည္း အဖိုးတန္ အလွတရားေတြက ျပည့္ႏွက္ေနဆဲ ျဖစ္ပါတယ္။


ေဖာ္ျပပါ ဓာတ္ပုံေတြဟာ Namibia ရွိ သဘာဝေဘးမဲ့ေတာႀကီးထဲမွာ ညအခါ ေတြ႕ရတတ္တဲ့ ပုံေတြကို ကင္မရာဆရာက လက္စြမ္းျပ ႐ိုက္ကူးထားတာပါ။ အားေကာင္းတဲ့ကင္မရာကို အသုံးျပဳၿပီး ၾကယ္စင္ေတြ ပ်ံ႕က်ဲေနတဲ့ ေကာင္းကင္အလွကို ေနာက္ခံ ပန္းခ်ီးကားအျဖစ္ ထင္ဟပ္ေအာင္ ေဖာ္ျပထားႏိုင္တဲ့ ဓာတ္ပုံ လက္ရာေတြ ျဖစ္ပါတယ္။

ေနရာကေတာ့ Namibia ကႏၲရျဖစ္ၿပီး ညဘက္မွာ အေအးဓာတ္ လြန္ကဲလွပါတယ္။ ႏွစ္ပတ္ခရီးအတြက္ ေပါင္ 2541ကုန္က်မွာျဖစ္ၿပီး ကႏၲရတစ္ခုလုံးကိုေလယာဥ္ငယ္ေလးနဲ႔လွည့္ပတ္ေပးတဲ့အစီအစဥ္ေတြလည္းရွိပါတယ္။ေန႔ခင္းပိုင္းမွာေတာ့အလြန္ပူျပင္းၿပီးေနရထိုင္ရခက္ခဲလို႔ ညဘက္က ပိုအဆင္ေျပႏိုင္တယ္လို႔ ဆိုပါတယ္။


ဆင္ေတြအုပ္လိုက္အသက္ရွင္ေနထိုင္ဆဲျဖစ္ၿပီး၊အာဖရိကရဲ႕ကႏၲာရသား႐ိုင္းတစ္မ်ိဳးျဖစ္တဲ့သစ္ကုလားအုတ္နဲ႔အျခားသားရဲတိရစာၦန္ေတြလည္း ရွိပါတယ္။ ျခေသၤ့ေတြကိုလည္း ညဘက္မွာ ေတြ႕ရတတ္ၿပီး ၎တို႔ကလည္း ရာသီဥတု ပူလြန္းတဲ့ ဒဏ္ကို အကင္းပါးစြာ ေရွာင္ရွားရင္း ညဘက္မွာ အမဲလိုက္ေလ့ရွိတယ္လို႔ သိရပါတယ္။

ကႏၲာရစမ္းေရအိုင္ေတြမွာညေနခ်ိန္ေရေသာက္ဆင္းၾကတဲ့ေတာ႐ိုင္းသတၱဝါေတြဟာအလြန္မ်ားျပားလွၿပီးမၾကာမီမွာၾကယ္ေရာင္စုံလင္းတ္ေနတဲ့ ေကာင္ကင္ႀကီးေအာက္ကို ဝင္ေရာက္ၿပီး အသီးသီး၊ တစ္စုတစည္း အိပ္တန္းဝင္ၾကပါတယ္။

Leave a Comment