Amazing

ကာကွယ်ဆေးထိုးပြီးနာလို့ အော်ငိုနေရင်းနဲ့တောင် သူနာပြုဆရာမကိုလည်း ကျေးဇူးတင်စကားပြောဖို့ မမေ့နေခဲ့တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ကလေးငယ်တစ်ဦး(ရုပ်သံ)

မိဘအများစုဟာ ၎င်းတို့ရဲ့ကလေးငယ်များအား တုပ်ကွေးကာကွယ်ဆေးထိုးရန် ဆေးရုံသို့ခေါ်ဆောင်သွားတတ်ကြပါတယ်။ ထိုင်ဝမ်မှ Lin အမည်ရှိဖခင်တစ်ဦးကလည်း ထို့နည်းတူ အကြောင်းပြချက်မရှိဘဲ သားဖြစ်သူ Chris အား ကာကွယ်ဆေးထိုးရန် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ နာကျင်လိမ့်မယ်ဆိုတာကို သိနေခဲ့ပေမဲ့လည်း Chris လေးရဲ့တုံ့ပြန်မှုက အရမ်းချစ်စရာကောင်းပြီး ယဉ်ကျေးတာကြောင့် Chris က သူဟာ ဘယ်လိုကောင်လေးလဲဆိုတာကို ပြသနေခဲ့ပါတယ်။ အသက် ၁ နှစ်နှင့် ၇ လသာရှိသေးတဲ့ Chris ဟာ အဖေဖြစ်သူရဲ့ပေါင်ပေါ်မှာထိုင်နေခဲ့ပြီး သူ့ပေါင်ကို ဆေးထိုးအပ်နဲ့ ထိုးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ထိုအချိန်မှာ သူနာပြုကိုင်ထားတဲ့အပ်က သူ့အတွက် ဖြစ်တယ်ဆိုတာကိုလည်း Chris က သိထားပြီးဖြစ်ပါတယ်။


သူနာပြုဆရာမက Chris အား ညင်သာစွာဖျောင်းဖျရင်း ဆေးထိုးပေးနေချိန်မှာ သူ့အား ထိခိုက်ဒဏ်ရာရခြင်းမှရှောင်ရှားနိုင်ရန် သူ့အား တည်ငြိမ်အောင် ရှိနေစေဖို့အတွက် ကူညီထိန်းချုပ်ထားပေးရန် အဖေဖြစ်သူ Lin အားတောင်းဆိုခဲ့ပါတယ်။ ထို့နောက် Chris က နာကျင်လို့ အကျယ်ကြီး အော်ငိုခဲ့နေချိန်မှာဘဲ သူနာပြုဆရာမကလည်း လျင်မြန်စွာ ဆေးထိုးထည့်ပေးလိုက်ပါတယ်။ သို့ပေမဲ့ ရယ်စရာကောင်းတာက Chris လေးဟာ နာကျင်လို့ အော်ငိုနေရင်းနဲ့တောင် သူဟာ သူနာပြုဆရာမအား ၅ကြိမ်တိတိ “ ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားအား ပြန်ပြောပေးဖို့ကို မမေ့နေခဲ့ပါဘူး။


ထို့နောက် သူနာပြုဆရာမကလည်း သူ့ရဲ့လူကောင်းလေးတစ်ဦးဖြစ်ခြင်းနှင့် အလွန်ယဉ်ကျေးသိမ်မွေ့ခြင်းတို့အတွက် Chris အား ပြန်လည်ချီးကျူးပေးခဲ့ပါတယ်။ ၎င်းပုံရိပ်ကိုကြည့်ခြင်းအားဖြင့် Chris ရဲ့မိဘများက Chris လေးကို ကောင်းကောင်းမွန်မွန်နှင့် နည်းမှန်လမ်းမှန်ဖြင့် ဆုံးမသင်ကြားပေးခဲ့ပုံရပါတယ်ဗျာ။ အင်တာနက်အသုံးပြုသူများကလည်း Chris ရဲ့ယဉ်ကျေးလှတဲ့အပြုအမူကို သဘောကျခဲ့ကြကာ Chris အား ချစ်မဝလေးလို့ ခေါ်ခဲ့ကြပြီး ကောင်းမွန်စွာ ထိန်းပျောင်းသင်ကြားပေးခဲ့ကြတဲ့ Chris ရဲ့မိဘတို့ကိုလည်း ချီးကျူးခဲ့ကြပါသေးတယ်။


Mia (KBdailynews)

Reference : goodtimes


Zawgyi

မိဘအမ်ားစုဟာ ၎တို႔ရဲ႕ကေလးငယ္မ်ားအား တုပ္ေကြးကာကြယ္ေဆးထိုးရန္ ေဆး႐ုံသို႔ေခၚေဆာင္သြားတတ္ၾကပါတယ္။ ထိုင္ဝမ္မွ Lin အမည္ရွိဖခင္တစ္ဦးကလည္း ထို႔နည္းတူ အေၾကာင္းျပခ်က္မရွိဘဲ သားျဖစ္သူ Chris အား ကာကြယ္ေဆးထိုးရန္ ေဆး႐ုံသို႔ေခၚေဆာင္သြားခဲ့ပါတယ္။ နာက်င္လိမ့္မယ္ဆိုတာကို သိေနခဲ့ေပမဲ့လည္း Chris ေလးရဲ႕တုံ႔ျပန္မႈက အရမ္းခ်စ္စရာေကာင္းၿပီး ယဥ္ေက်းတာေၾကာင့္ Chris က သူဟာ ဘယ္လိုေကာင္ေလးလဲဆိုတာကို ျပသေနခဲ့ပါတယ္။ အသက္ ၁ ႏွစ္ႏွင့္ ၇ လသာရွိေသးတဲ့ Chris ဟာ အေဖျဖစ္သူရဲ႕ေပါင္ေပၚမွာထိုင္ေနခဲ့ၿပီး သူ႔ေပါင္ကို ေဆးထိုးအပ္နဲ႔ ထိုးဖို႔လည္း အဆင္သင့္ျဖစ္ေနပါၿပီ။ ထိုအခ်ိန္မွာ သူနာျပဳကိုင္ထားတဲ့အပ္က သူ႔အတြက္ ျဖစ္တယ္ဆိုတာကိုလည္း Chris က သိထားၿပီးျဖစ္ပါတယ္။


သူနာျပဳဆရာမက Chris အား ညင္သာစြာေဖ်ာင္းဖ်ရင္း ေဆးထိုးေပးေနခ်ိန္မွာ သူ႔အား ထိခိုက္ဒဏ္ရာရျခင္းမွေရွာင္ရွားႏိုင္ရန္ သူ႔အား တည္ၿငိမ္ေအာင္ ရွိေနေစဖို႔အတြက္ ကူညီထိန္းခ်ဳပ္ထားေပးရန္ အေဖျဖစ္သူ Lin အားေတာင္းဆိုခဲ့ပါတယ္။ ထို႔ေနာက္ Chris က နာက်င္လို႔ အက်ယ္ႀကီး ေအာ္ငိုခဲ့ေနခ်ိန္မွာဘဲ သူနာျပဳဆရာမကလည္း လ်င္ျမန္စြာ ေဆးထိုးထည့္ေပးလိုက္ပါတယ္။ သို႔ေပမဲ့ ရယ္စရာေကာင္းတာက Chris ေလးဟာ နာက်င္လို႔ ေအာ္ငိုေနရင္းနဲ႔ေတာင္ သူဟာ သူနာျပဳဆရာမအား ၅ႀကိမ္တိတိ “ ေက်းဇူးတင္ပါတယ္” ဆိုတဲ့စကားအား ျပန္ေျပာေပးဖို႔ကို မေမ့ေနခဲ့ပါဘူး။


ထို႔ေနာက္ သူနာျပဳဆရာမကလည္း သူ႔ရဲ႕လူေကာင္းေလးတစ္ဦးျဖစ္ျခင္းႏွင့္ အလြန္ယဥ္ေက်းသိမ္ေမြ႕ျခင္းတို႔အတြက္ Chris အား ျပန္လည္ခ်ီးက်ဴးေပးခဲ့ပါတယ္။ ၎ပုံရိပ္ကိုၾကည့္ျခင္းအားျဖင့္ Chris ရဲ႕မိဘမ်ားက Chris ေလးကို ေကာင္းေကာင္းမြန္မြန္ႏွင့္ နည္းမွန္လမ္းမွန္ျဖင့္ ဆုံးမသင္ၾကားေပးခဲ့ပုံရပါတယ္ဗ်ာ။ အင္တာနက္အသုံးျပဳသူမ်ားကလည္း Chris ရဲ႕ယဥ္ေက်းလွတဲ့အျပဳအမူကို သေဘာက်ခဲ့ၾကကာ Chris အား ခ်စ္မဝေလးလို႔ ေခၚခဲ့ၾကၿပီး ေကာင္းမြန္စြာ ထိန္းေပ်ာင္းသင္ၾကားေပးခဲ့ၾကတဲ့ Chris ရဲ႕မိဘတို႔ကိုလည္း ခ်ီးက်ဴးခဲ့ၾကပါေသးတယ္။

Mia (KBdailynews)

Leave a Comment