Uncategorized

ချစ်ရသူနှင့်စေ့စပ်လက်စွပ်ကို သူမမသိအောင် selfie ပုံများဖြင့် တိတ်တခိုးရိုက်ကူးကာ propose လုပ်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး

Edi Okoro အမည်ရှိအမျိုးသားဟာ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Cally Read အမည်ရှိအမျိုးသမီးကို လက်ထပ်ခွင့်တောင်းရန် သူ့စိတ်ကူးအတိုင်း ဖန်တီးခဲ့ပြီး အချိန်တစ်လအကြာ ပြင်ဆင်ခဲ့ပါတယ်။ ထိုတစ်လလုံးလုံးအတွင်းမှာ Okoro ဟာ ချစ်သူ Cally က သတိမထားမိသွားအောင် စေ့စပ်လက်စွပ်ကို သူမနှင့်အတူတူ တိတ်တဆိတ်စွာ selfie ဓာတ်ပုံများကို အမိအရရိုက်ကူးခဲ့ပါတယ်။ Cally သိပြီးသား propose ဖြစ်တဲ့ Flash mob တစ်ခု ၊ ဖန်စီစားသောက်မှုတစ်ခု ၊ ဒါမှမဟုတ် ငါ့ကိုလက်ထပ်ပါဆိုတဲ့ဆိုင်းဘုတ်တစ်ခု စတာတို့ဖြင့် စီစဉ်ပေးလိုက်လို့ရပေမဲ့လည်း သူ မလုပ်နိုင်ခဲ့ဘူးလို့ Okoro က ရှင်းပြခဲ့ပါတယ်။ ထိုအရာများက Cally သိပြီးသားဖြစ်တာကြောင့် အခုသူလုပ်တဲ့ လက်ထပ်ခွင့်တောင်းတဲ့နည်းလမ်းအသစ်က သူ့အတွက် စိန်ခေါ်မှုအသစ်တစ်ခုလိုဖြစ်စေခဲ့ကြောင်းလည်း ဆိုခဲ့ပါတယ်။ ထို့ကြောင့် သူ့ style အတိုင်းပြုလုပ်ရန် Okoro ဟာ ၎င်းတို့စုံတွဲတို့သွားလေနေရာတိုင်းမှာ ၎င်းစေ့စပ်လက်စွပ်ကို သူနဲ့အတူ ယူသွားခဲ့ပါတော့တယ်။


၎င်းတို့ရဲ့ အားလပ်ရက် (သို့) ညစာစားဖို့ ချိန်းတွေ့ခဲ့တဲ့အချိန်များမှာလည်း Okoro ဟာ သူ့ရဲ့ချစ်သူကောင်မလေးသတိမထားမိသွားအောင် စေ့စပ်လက်စွပ်ကို သူမနှင့်အတူတူ တိတ်တဆိတ်စွာဖြင့် ဓာတ်ပုံများကို ရိုက်ခဲ့ပါတယ်။ Okoro တစ်ယောက် ဘယ်လိုတောင် လျှို့ဝှက်ပြီး ချစ်သူကောင်မလေးမသိအောင် စေ့စပ်လက်စွပ်နှင့် ဘယ်လိုတောင် တိတ်တခိုး ဓာတ်ပုံရိုက်ခဲ့ရပုံကို အခုဓာတ်ပုံများအား ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ Okoro ဟာ Cally အိပ်ပျော်နေတဲ့အချိန်မှာလည်း စေ့စပ်လက်စွပ်ကို သူမရဲ့လက်ထဲထည့်ကာ သူမမသိအောင် ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။ တစ်လအကြာမှာတော့ selfie ဖြင့်မှတ်တမ်းတင်ထားတဲ့အခိုက်အတန့် ဟာ ပြီးဆုံးသွားခဲ့ပြီးနောက်မှာတော့ Okoro စောင့်ဆိုင်းခဲ့ရတဲ့အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။


နောက်ဆုံးမှာ Okoroဟာ စေ့စပ်လက်စွပ်ကို ၎င်းတို့သွားလေရာနေရာတိုင်းသို့ ယူဆောင်သွားပြီးရိုက်ကူးခဲ့တဲ့ ရယ်စရာကောင်းတဲ့ selfie ဓာတ်ပုံစီးရီးတစ်ခုအား Cally ကို ပြသနိုင်ခဲ့ပြီး Okoro က ၎င်း“ ပြီးပြည့်စုံတဲ့အခိုက်အတန့်”လေးကို လက်မလွတ်စေရန်ရည်ရွယ်ကာ Cally အား လက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာတော့ ၎င်းစေ့စပ်လက်စွပ်ဟာ Cally ရဲ့ လက်ညှိုးလေးမှာ ရှိနေပြီဖြစ်ပါတယ်။ ဒါဟာ ကြည့်နူးစရာကောင်းတဲ့လက်ထပ်ခွင့်တောင်းနည်းတစ်ခုပါဘဲ။ လက်ထပ်ခွင့်တောင်းဖို့ကြိုးစားနေတဲ့ စာဖတ်သူတို့လည်း တစ်ခုခုလုပ်ဖို့စီစဉ်နေရင်တော့ Okoro ရဲ့နည်းလမ်းလေးကို စမ်းလုပ်ကြည့်ဖို့ recommend ပေးခဲ့ချင်ပါတယ်ဗျ။


.


.


.


.


.


.


.


.


.


.


ဒါဟာ ကြည့်နူးစရာကောင်းတဲ့လက်ထပ်ခွင့်တောင်းနည်းတစ်ခုပါဘဲ။ လက်ထပ်ခွင့်တောင်းဖို့ကြိုးစားနေတဲ့ စာဖတ်သူတို့လည်း တစ်ခုခုလုပ်ဖို့စီစဉ်နေရင်တော့ Okoro ရဲ့နည်းလမ်းလေးကို စမ်းလုပ်ကြည့်ဖို့ recommend ပေးခဲ့ချင်ပါတယ်ဗျ။

Mia (KBdailynews)

Reference : mymodernmet

Mia (KBdailynews)

Leave a Comment