Amazing

ရည်းစားဟောင်းထံမှ သူမ ဝနေတဲ့အကြောင်းကို နာကျဉ်းစွာ အပြောခံခဲ့ရပြီးနောက် ဝိတ်ချကာ လှပကျော့ရှင်းတဲ့မိန်းကလေးအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီး

မိန်းမတိုင်းဟာ လှပကြပါတယ်။ သို့ပေမဲ့ ၎င်းကို မြင်အောင်ကြည့်တတ်တဲ့ယောကျ်ားတစ်ယောက်တည်းသာ လိုအပ်ပါတယ်။ တောင်ကိုးရီးယားရဲ့ social media influencer တစ်ဦးဖြစ်တဲ့ Jini အတွက် သူမဟာ သူမလည်း အဲ့လိုလူတစ်ယောက်ကို ရှာတွေ့သွားခဲ့ပြီလို့ယုံကြည်နေခဲ့ပါတယ်။ သို့ပေမဲ့ တစ်နေ့မှာ သူမရဲ့ချစ်သူက မှန်တစ်ချပ်ကို ယူလာပြီး သူမအား “ မင်းကို မင်းကြည့်လိုက်အုံး” ဟု ပြောခဲ့ပြီးနောက်မှာတော့ သူမအတွက် အရာအားလုံးပျက်စီးသွားခဲ့ရပါတယ်။ ထိုအချိန်မှာ Jini ဟာ ကိုယ်အလေးချိန် ၁၀၀ ကီလိုဝန်းကျင်ထိရှိနေပြီး သူမအား “ သတိထားအုံး ၊ ထပ်မဝစေတော့နဲ့ ” ဟုတဲ့ချစ်သူရဲ့စကားကြောင့် သူမဟာ စိတ်ဓာတ်ကျသွားခဲ့ရပါတယ်။ ၎င်းတို့ရဲ့ဆက်ဆံရေးပြတ်သွားတဲ့အခါ Jini ဟာ ချစ်သူအတွက်မဟုတ်ဘဲ သူမရဲ့ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ကျဖို့လိုတယ်ဆိုတာကို သဘောပေါက်သွားခဲ့ရပါတယ်။


.


သူမရဲ့ inspiring ဖြစ်စေတဲ့ ဝိတ်ချခြင်းခရီးစဉ်ကလည်း ကမ္ဘာတစ်ဝှမ်းရှိ လူများရဲ့အာရုံကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ သူမဟာ သူမရဲ့မကောင်းတဲ့အကျင့်ဟောင်းများကို ပြုပြင်ကာ သူမရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲခဲ့ပါတယ်။ Jini ဟာ ၅၀ ကီလိုဂရမ်အထိ ဝိတ်ကျသွားခဲ့ပေမဲ့ ယခုချိန်ထိ သူမကိုယ်သူမ အားလိုအားမရဖြစ်နေပါသေးတယ်။ ထိုအချိန်က သူမဟာ သူမရဲ့ဝိတ်ချခြင်းကို မှတ်တမ်းတင်ထားဖို့ blog တစ်ခုကို စလုပ်ခဲ့ပေမဲ့ အခုတော့ ၎င်းကို အရသာကောင်းပြီးကျန်းမာတဲ့ချက်ပြုတ်နည်းတွေကို ဝေမျှဖို့သာ အသုံးပြုပါတော့တယ်။ သူမရဲ့ယခင်ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် Jini ဟာ သာမန်မိန်းကလေးများထက် အရွယ်အစားပိုကြီးကြောင်းသိသာထင်ရှားပါတယ်။


.


သူမဟာကိုယ်အလေးချိန်ကျဖို့ နည်းလမ်းများစွာကိုကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ထို့နောက် အားကစားနှင့် အစားအသောက်ပုံစံများပါဝင်တဲ့ program တစ်ခုကို တွေ့လိုက်ပြီးနောက်မှာ သူမဟာ မနက်စာအတွက် ကိုယ်တိုင်ချက်ဟင်း ၊ ထမင်းအနည်းငယ် နှင့် နေ့လည်စာအတွက် ဟင်းသီးဟင်းရွက်များ နှင့်ညစာအတွက် အဆီမပါတဲ့ အသားသုပ်တို့ဖြင့် စားသုံးခဲ့ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ သူမက လူတိုင်းကို ဓာတ်လှေကားမသုံးဘဲ လှေကားဖြင့်သာ တက်စေပြီး နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ထို့အပြင် အချိုအစိမ့်နှင့် ဆီများတဲ့အစားအစာများကို လုံးဝမစားရန်တိုက်တွန်းခဲ့ပြီး အဲ့လိုမှမဟုတ်ရင်တော့ လေ့ကျင့်ခန်းလုပ်ရာမှာ အပင်ပန်းခံရလိမ့်မယ်လို့ မှာကြားပေးခဲ့ပါတယ်။


.


ထို့အပြင် ကိန်းဂဏန်းတစ်လုံးပြောင်းသွားခြင်းက သူမအတွက် လှုံဆော်မှုတစ်ခုဖြစ်စေတာကြောင့် သူမဟာ အလေးချိန်စက်တစ်လုံးကိုလည်း ဝယ်ယူခဲ့ကြောင်း နှင့် သူမကိုယ်သူမသာ မယုံကြည်ခဲ့ရင် ၎င်းအရာတွေဖြစ်လာခဲ့မှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ Jini ဟာ ရည်းစားဟောင်းထံမှ သူမအတွက် ခံစားချက်တွေက မပြောင်းလဲတာကြောင့် ပြန်တွဲကြရအောင်ဆိုတဲ့စကားကိုလည်း ပြန်လည်ငြင်းဆန်ခဲ့ပါတယ်။


လက်ရှိမှာတော့ Jini ဟာ ပိုမိုကောင်းမွန်တဲ့ဘဝကို ဖန်တီးရန် အာရုံစိုက်နေပြီး တစ်ချိန်ချိန်မှာ သူမရဲ့ right person ကိုလည်း တွေ့လိမ့်မယ်လို့သာ ယုံကြည်နေဆဲဖြစ်ပါတယ်။

Mia (KBdailynews)

Reference : goodtimes

Leave a Comment