success

ဘာမှမလုပ်ချင်ဘဲ ပျင်းရိငြီးငွေ့တာကို ဒီလိုရှင်းလိုက်ပါ

စိတ်ဝင်စားစရာမကောင်းဘဲ ငြီးငွေ့နေတယ်လို့ ခံစားရတဲ့အချိန်တွေ ကြုံလာတဲ့အခါ ဘဝက စိတ်ပျက်စရာဆိုတာထက် ပိုလာပါတယ်။ ကျွန်တော်တို့တတွေဟာ လူပီပီ ခံစားချက်အနိမ့်အမြင့်ရှိတတ်စမြဲပါ။ ဒါကြောင့် စိတ်ပျက်ငြီးငွေ့တယ်ဆိုတာလည်း ကြုံနိုင်တဲ့ ဓမ္မတာပါပဲ။ အရေးကြီးတာက ငြီးငွေ့ပင်ပန်းတယ်လို့ ခံစားနေရရင် ကိုယ့်ကိုယ့်ကိုယ် အကောင်းဆုံးကုစားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့နည်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဝင်စားစရာကောင်းတဲ့ အလေ့အကျင့်လေးတွေ လုပ်ပါ

Photo: Unsplash
နေ့စဉ်ဘဝက ဒါပြီးရင်း ဒါပဲဆိုရင် မငြီးငွေ့ဘဲ နေပါတော့မလား။ ဘဝကို ငြီးငွေ့ချိန်မှာ အရာအားလုံး လွှတ်ချပစ်ချင်စိတ် ဖြစ်တတ်စမြဲပါ။ အဲ့ဒီစိတ်ကို လက်ခံပါ။ နောက်ပြီး ပျင်းစရာကောင်းတဲ့ အလုပ်တွေ ခဏနားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဝါသနာသစ်တစ်ခုလောက် လုပ်ကြည့်ဖို့ ပြောချင်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေမှာ အသစ်အဆန်းလုပ်စရာလေးတွေ ထည့်ထည့် လုပ်သွားကြည့်ပါ။ မရောက်ဖူးသေးတဲ့ နေရာကို သွားတာတို့ ၊ မလုပ်ဘူးသေးတဲ့ အလုပ်တစ်ခုခု လုပ်တာတို့ဟာ သင့်စိတ်ကို ငြီးငွေ့မှု နယ်ကနေ လွတ်မြောက်ဖို့ ထိရောက်တဲ့ ကုစားနည်းတွေပါပဲ။

(၂) တန်ဖိုးရှိတာလေးတွေနဲ့ အချိန်ကုန်ပါစေ

Photo: Unsplash

Social Media ပေါ်က ပေါပေါပဲပဲ ပို့စ်တွေ ၊ အမနာပပြောတဲ့ ဗွီဒီယိုနဲ့ ဘယ်လိုမှ စိတ်ကို မချမ်းသာစေတဲ့ သတင်းတွေ Live တွေ ကြည့်တာ ရပ်လိုက်ပါ။ ပိုပြီး အဖိုးတန်တဲ့ အလုပ်ကလေးတွေ လုပ်ပြီး တစ်နေ့တာ အချိန်တွေကို ကုန်ဆုံးကြည့်ရအောင်။ ဥပမာ- တစ်ခါလာ မဲပြပုဆိုး ရိုးအီနေတဲ့ အကြောင်းအရာတွေကို ကြည့်မယ့်အစား ကိုယ့်အတွက် ပညာရပြီး အမြင်သစ်တွေ ဖွင့်နိုင်မယ့် Documentry ကြည့်တာ ၊ စာအုပ်သစ်တစ်အုပ် ဖတ်တာမျိုး လုပ်ပါ။ ဒါမှမဟုတ် ရပ်ရေးရွာရေး ပရဟိတဖြစ်စေမယ့်အလုပ်တွေ လုပ်ပါ။ အနည်းဆုံး ကိုယ်တတ်ထားတဲ့ ပညာကို အွန်လိုင်းကနေ အခမဲ့ ပြန်သင်ပေးတာမျိုးပေါ့။

(၃) ကိုယ့်ကို Confidence တက်စေမယ့် အလေ့အထတွေ မွေးပါ

Photo: Unsplash

မျှော်လင့်ချက်ရှိတဲ့ဘဝက ငြီးငွေ့စရာမရှိတဲ့ ဘဝပါပဲ။ မျှော်လင့်ချက်ဆိုတာ တစ်ခုခုရဖို့ တစ်နေရာရာ ရောက်ဖို့ ဆိုတာအပြင် ပိုကောင်းတဲ့အရာတွေ ရှိသေးတယ်ဆိုတာ သိတာ မျိုးပါ။ ဒီလို သိနေတာ တစ်နည်း မျှော်လင့်ချက် ရှိနေတာဟာ ဘဝကို ပျော်ရွှင်တက်ကြွလာစေမယ့်အချက်တစ်ချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စိတ်ခွန်အားဖြစ်ကာ ယုံကြည်မှုတိုးလာစေမယ့် အချက်ပါပဲ။ ဒီတော့ Confidence တိုးလာအောင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကျန်းမာမှု ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ထက်မြက်မှုတွေ ဖြစ်ဖို့ Physical & Mental Workout တွေ လုပ်ပါ။

ပျင်းလာပြီလို့ ခံစားရရင် ကိုယ့်ကို ကြီးပွားစေမယ့်အရာတစ်ခုခု ကိုယ့်အတွက် မျှော်လင့်ချက်တစ်ခုခုရှိတဲ့နေရာကို မော့ကြည့်ပြီး လှုပ်ရှားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။

Featured Image Source: Medium

Leave a Comment