success

အချိန်ဆွဲတတ်သော အကျင့်ဆိုးကို ဖျောက်ဖျက်ချင်သော ယောကျာ်းများအတွက်

ကျွန်ုပ်တို့ လူသားတိုင်းလိုလို အချိန်ဆွဲတတ်ခြင်း ထောင်ချောက်ထဲသို့ ပြုတ်ကျတတ်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်များနှင့် သုတေသနလေ့လာချက်များအရ ၉၅ ရာခိုင်နှုန်းခန့်သော လူသားများသည် တစ်နည်းမဟုတ် တစ်နည်းတော့ အချိန်ဆွဲတတ်ကြပါတယ်။

အချို့ကလည်း အချိန်ဆွဲခြင်းကို ပျင်းရိခြင်းနှင့် မှားတတ်ကြပါတယ်။ တကယ်တော့ ထိုအရာနှစ်ခုက မတူညီကြပါဘူး။ အချိန်ဆွဲခြင်းသည် မိမိလုပ်ရမယ့် တာဝန်ကိစ္စရပ်တစ်ခုကို လုပ်ချင်စိတ်ရှိပေမယ့် အခုတော့ မလုပ်သေးဘူး၊ ခဏကြာမှ လုပ်မယ် ဆိုပြီး တွေးမြင်မိတတ်ကြပြီး ပျင်းရိခြင်းကတော့ တက်ကြွမှုမရှိခြင်း၊ လုပ်ချင်စိတ် (လုံးဝ) မရှိခြင်ဖြစ်ပါတယ်။

အချိန်ဆွဲတဲ့အလေ့အကျင့်ကြီး စွဲကပ်လာပါက မိမိရဲ့လုပ်နိုင်စွမ်းများ ကျဆင်းလာပြီး မိမိကိုယ်ကို မိမိလည်း အပြစ်ရှိသလို ခံစားရပါလိမ့်မယ်။ ဒီလိုအချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ဖျက်ပစ်ရမလဲဆိုတော့ …

သင်သည် အချိန်ဆွဲနေကြောင်း၊ ဘာ့ကြောင့် အချိန်ဆွဲနေကြောင်း သိဖို့လိုပါတယ်

အရင်ဦးဆုံး မိမိကိုယ်ကိုယ် မလိမ်မညာတမ်း ဝန်ခံတတ်ဖို့ လိုပါမယ်။ မိမိကိုယ်ကို အချိန်ဆွဲနေတယ်ဆိုတာကို ဝန်ခံပါ။ ထို့နောက် ဘာ့ကြောင့် အချိန်ဆွဲနေသလဲဆိုတာကို သိနားလည်အောင် ပြုလုပ်ပါ။ မိမိလုပ်ရမယ့်အလုပ်ကို စိတ်မဝင်စားလို့ပဲ အချိန်ဆွဲနေတာလား။ မိမိလုပ်ဆောင်ရမယ့် ကိစ္စက အရမ်းများလွန်းလို့ အချိန်ဆွဲနေတာလား စတဲ့ အကြောင်းအရင်းများကို သိရှိအောင် ပြုလုပ်ရပါမယ်။ အကြောင်းအရင်း သိသွားတဲ့အခါ ထိုပြဿနာကို ဖြေရှင်းရလွယ်ကူပါလိမ့်မယ်။

ထူးဆန်းတာတစ်ခုကတော့ အရာရာ ပြီးပြည့်စုံချင်စိတ်ရှိသူများသည်လည်း အချိန်ဆွဲတတ်ကြပါတယ်။ သူတို့ကျတော့ မိမိလုပ်ရမယ့်အရာကို ရာနှုန်းပြည့် ပြီးပြည့်စုံအောင် မပြုလုပ်နိုင်မှာကို ကြောက်ရွံ့ပြီး အချိန်ဆွဲတတ်ကြတာပါ။

အတိတ်က အချိန်ဆွဲခဲ့တဲ့ဖြစ်ရပ်အတွက် မိမိကိုယ်ကို ခွင့်လွှတ်လိုက်ပါ

 

ဘာ့ကြောင့် အချိန်ဆွဲနေသလဲဆိုတဲ့ အကြောင်းအရင်းကို သိပြီဆိုရင်တော့ အရင်က အချိန်ဆွဲတတ်တဲ့ လူဟောင်းကို မေ့ပစ်လိုက်ပါ။ လေ့လာတွေ့ရှိချက်များအရ မိမိကိုယ်ကို ခွင့်လွှတ်တတ်သူများသည် အကောင်းမြင်စိတ်ရှိတတ်ကြပြီး အနာဂတ်တွင်လည်း အချိန်ဆွဲတတ်တဲ့ ဖြစ်ရပ်မျိုးကို ရှောင်ကြဉ်နိုင်ကြတယ်လို့ သိရှိရပါတယ်။

မိမိလုပ်ဆောင်ရမယ့်အရာကို အာရုံစိုက်ထားပါ

\

မိမိလုပ်ရမယ့် တာဝန်ဝတ္တရားထံမှ ရှောင်ပြေးနေခြင်းသည် အဖြေမဟုတ်ပါဘူး။ လုပ်ကို လုပ်ရမယ်လို့ပဲ စိတ်ထဲ ထည့်ထားပါ။ ကိုယ်လုပ်ရမယ့် ကိစ္စများကို ချရေးထားပါ။ လုပ်ဆောင်ချိန် ဘယ်လောက်ကြာနိုင်မလဲဆိုတာကို ကိုယ့်ဘာသာ တွက်ချက်ပြီး ပြီးမြောက်ရမယ့်အချိန်ကို သတ်မှတ်ထားလိုက်ပါ။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် အချိန်ဆွဲတတ်တဲ့အကျင့်ကို ပျောက်ကွယ်သွားစေပါလိမ့်မယ်။

အနှောင့်အယှက်တွေရန်မှ ကာကွယ်ပါ

 

မိမိအလုပ်လုပ်နေချိန်မှာ စမတ်ဖုန်းကို ဝေးဝေးထားပါ။ Notification အသံ ပိတ်ထားပါ။ ဆိုရှယ်မီဒီယာများ မသုံးမိအောင် ကြိုးစားပါ။ တီဗွီရှေ့မှာ ထိုင်ပြီး အလုပ်လုပ်တာထက် တီဗွီနဲ့ ဝေးဝေးထိုင်ပြီး အလုပ်လုပ်လိုက်ပါ။ သင် အလုပ်လုပ်နေချိန်မှာ မိမိကို အာရုံလွှဲစေမယ့် အနှောင့်အယှက်များအားလုံးကို တတ်နိုင်သမျှ ဝေးဝေးထားရပါမယ်။ ဒါဆိုရင်တော့ စိတ်အာရုံ လွှင့်မျောခြင်းမှ ကာကွယ်နိုင်ပြီး မိမိရဲ့အလုပ်ကိစ္စများကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင်မြင်နိုင်ပါလိမ့်မယ်။

မိမိကိုယ်ကို ဆုချပါ

သတ်မှတ်ထားတဲ့ အချိန်မှာ ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို ဆုချပါ။ ကော်ဖီ ဖျော်သောက်တာပဲဖြစ်ဖြစ်၊ အရသာရှိတဲ့ မုန့်ဝယ်စားတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ဆုချတတ်ရပါမယ်။ တစ်ရက်ချင်းစီအလိုက် ဆုချတဲ့အခါ ထိုကဲ့သို့ ဆုသေးသေးလေးပဲ ချီးမြှင့်ရပါမယ်။ ရက် ၃၀ အထိ ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ပြီးနောက် ထိုရက် ၃၀ လုံးလုံး အချိန်ဆွဲတတ်တဲ့အကျင့် မရှိဘူးဆိုရင်တော့ လစာထုတ်ရက်နဲ့ ကိုက်ပြီး မိမိကိုယ်ကို ဆုအကြီးကြီး ချီးမြှင့်လိုက်ပါ။ ဥပမာ အင်္ကျီအကောင်းစားတစ်ထည် ဝယ်လိုက်တာမျိုး၊ စာပေချစ်သူများကလည်း စာအုပ်ကောင်းကောင်းတစ်အုပ် ဝယ်ဖတ်တာမျိုး စသည်ဖြင့် မိမိဝါသနာနဲ့ ကိုက်ညီပြီး ဆုအကြီးကြီး ချီးမြှင့်နိုင်ပါတယ်။

 

Source: Mindtools.com

 

Zawgyi

ကြၽႏ္ုပ္တို႔ လူသားတိုင္းလိုလို အခ်ိန္ဆြဲတတ္ျခင္း ေထာင္ေခ်ာက္ထဲသို႔ ျပဳတ္က်တတ္ၾကပါတယ္။ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ သုေတသနေလ့လာခ်က္မ်ားအရ ၉၅ ရာခိုင္ႏႈန္းခန႔္ေသာ လူသားမ်ားသည္ တစ္နည္းမဟုတ္ တစ္နည္းေတာ့ အခ်ိန္ဆြဲတတ္ၾကပါတယ္။

အခ်ိဳ႕ကလည္း အခ်ိန္ဆြဲျခင္းကို ပ်င္းရိျခင္းႏွင့္ မွားတတ္ၾကပါတယ္။ တကယ္ေတာ့ ထိုအရာႏွစ္ခုက မတူညီၾကပါဘူး။ အခ်ိန္ဆြဲျခင္းသည္ မိမိလုပ္ရမယ့္ တာဝန္ကိစၥရပ္တစ္ခုကို လုပ္ခ်င္စိတ္ရွိေပမယ့္ အခုေတာ့ မလုပ္ေသးဘူး၊ ခဏၾကာမွ လုပ္မယ္ ဆိုၿပီး ေတြးျမင္မိတတ္ၾကၿပီး ပ်င္းရိျခင္းကေတာ့ တက္ႂကြမႈမရွိျခင္း၊ လုပ္ခ်င္စိတ္ (လုံးဝ) မရွိျခင္ျဖစ္ပါတယ္။

အခ်ိန္ဆြဲတဲ့အေလ့အက်င့္ႀကီး စြဲကပ္လာပါက မိမိရဲ႕လုပ္ႏိုင္စြမ္းမ်ား က်ဆင္းလာၿပီး မိမိကိုယ္ကို မိမိလည္း အျပစ္ရွိသလို ခံစားရပါလိမ့္မယ္။ ဒီလိုအခ်ိန္ဆြဲတတ္တဲ့ အက်င့္ကို ဘယ္လိုေဖ်ာက္ဖ်က္ပစ္ရမလဲဆိုေတာ့ …

သင္သည္ အခ်ိန္ဆြဲေနေၾကာင္း၊ ဘာ့ေၾကာင့္ အခ်ိန္ဆြဲေနေၾကာင္း သိဖို႔လိုပါတယ္

cartoon man thinking; tips for men to succeed

အရင္ဦးဆုံး မိမိကိုယ္ကိုယ္ မလိမ္မညာတမ္း ဝန္ခံတတ္ဖို႔ လိုပါမယ္။ မိမိကိုယ္ကို အခ်ိန္ဆြဲေနတယ္ဆိုတာကို ဝန္ခံပါ။ ထို႔ေနာက္ ဘာ့ေၾကာင့္ အခ်ိန္ဆြဲေနသလဲဆိုတာကို သိနားလည္ေအာင္ ျပဳလုပ္ပါ။ မိမိလုပ္ရမယ့္အလုပ္ကို စိတ္မဝင္စားလို႔ပဲ အခ်ိန္ဆြဲေနတာလား။ မိမိလုပ္ေဆာင္ရမယ့္ ကိစၥက အရမ္းမ်ားလြန္းလို႔ အခ်ိန္ဆြဲေနတာလား စတဲ့ အေၾကာင္းအရင္းမ်ားကို သိရွိေအာင္ ျပဳလုပ္ရပါမယ္။ အေၾကာင္းအရင္း သိသြားတဲ့အခါ ထိုျပႆနာကို ေျဖရွင္းရလြယ္ကူပါလိမ့္မယ္။

ထူးဆန္းတာတစ္ခုကေတာ့ အရာရာ ၿပီးျပည့္စုံခ်င္စိတ္ရွိသူမ်ားသည္လည္း အခ်ိန္ဆြဲတတ္ၾကပါတယ္။ သူတို႔က်ေတာ့ မိမိလုပ္ရမယ့္အရာကို ရာႏႈန္းျပည့္ ၿပီးျပည့္စုံေအာင္ မျပဳလုပ္ႏိုင္မွာကို ေၾကာက္႐ြံ႕ၿပီး အခ်ိန္ဆြဲတတ္ၾကတာပါ။

အတိတ္က အခ်ိန္ဆြဲခဲ့တဲ့ျဖစ္ရပ္အတြက္ မိမိကိုယ္ကို ခြင့္လႊတ္လိုက္ပါ

tips for men to succeed; love yourself

ဘာ့ေၾကာင့္ အခ်ိန္ဆြဲေနသလဲဆိုတဲ့ အေၾကာင္းအရင္းကို သိၿပီဆိုရင္ေတာ့ အရင္က အခ်ိန္ဆြဲတတ္တဲ့ လူေဟာင္းကို ေမ့ပစ္လိုက္ပါ။ ေလ့လာေတြ႕ရွိခ်က္မ်ားအရ မိမိကိုယ္ကို ခြင့္လႊတ္တတ္သူမ်ားသည္ အေကာင္းျမင္စိတ္ရွိတတ္ၾကၿပီး အနာဂတ္တြင္လည္း အခ်ိန္ဆြဲတတ္တဲ့ ျဖစ္ရပ္မ်ိဳးကို ေရွာင္ၾကဥ္ႏိုင္ၾကတယ္လို႔ သိရွိရပါတယ္။

မိမိလုပ္ေဆာင္ရမယ့္အရာကို အာ႐ုံစိုက္ထားပါ

tips for men to succeed; man focused on work

မိမိလုပ္ရမယ့္ တာဝန္ဝတၱရားထံမွ ေရွာင္ေျပးေနျခင္းသည္ အေျဖမဟုတ္ပါဘူး။ လုပ္ကို လုပ္ရမယ္လို႔ပဲ စိတ္ထဲ ထည့္ထားပါ။ ကိုယ္လုပ္ရမယ့္ ကိစၥမ်ားကို ခ်ေရးထားပါ။ လုပ္ေဆာင္ခ်ိန္ ဘယ္ေလာက္ၾကာႏိုင္မလဲဆိုတာကို ကိုယ့္ဘာသာ တြက္ခ်က္ၿပီး ၿပီးေျမာက္ရမယ့္အခ်ိန္ကို သတ္မွတ္ထားလိုက္ပါ။ ထိုကဲ့သို႔ လုပ္ေဆာင္ျခင္းသည္ အခ်ိန္ဆြဲတတ္တဲ့အက်င့္ကို ေပ်ာက္ကြယ္သြားေစပါလိမ့္မယ္။

အေႏွာင့္အယွက္ေတြရန္မွ ကာကြယ္ပါ

tips for men to succeed; man using phone

မိမိအလုပ္လုပ္ေနခ်ိန္မွာ စမတ္ဖုန္းကို ေဝးေဝးထားပါ။ Notification အသံ ပိတ္ထားပါ။ ဆိုရွယ္မီဒီယာမ်ား မသုံးမိေအာင္ ႀကိဳးစားပါ။ တီဗြီေရွ႕မွာ ထိုင္ၿပီး အလုပ္လုပ္တာထက္ တီဗြီနဲ႔ ေဝးေဝးထိုင္ၿပီး အလုပ္လုပ္လိုက္ပါ။ သင္ အလုပ္လုပ္ေနခ်ိန္မွာ မိမိကို အာ႐ုံလႊဲေစမယ့္ အေႏွာင့္အယွက္မ်ားအားလုံးကို တတ္ႏိုင္သမွ် ေဝးေဝးထားရပါမယ္။ ဒါဆိုရင္ေတာ့ စိတ္အာ႐ုံ လႊင့္ေမ်ာျခင္းမွ ကာကြယ္ႏိုင္ၿပီး မိမိရဲ႕အလုပ္ကိစၥမ်ားကိုလည္း သတ္မွတ္ခ်ိန္အတြင္း ၿပီးေျမာက္ေအာင္ျမင္ႏိုင္ပါလိမ့္မယ္။

မိမိကိုယ္ကို ဆုခ်ပါ

tips for men to succeed; reward yourself

သတ္မွတ္ထားတဲ့ အခ်ိန္မွာ ၿပီးေျမာက္သြားတဲ့အခါ ကိုယ့္ကိုယ္ကို ဆုခ်ပါ။ ေကာ္ဖီ ေဖ်ာ္ေသာက္တာပဲျဖစ္ျဖစ္၊ အရသာရွိတဲ့ မုန႔္ဝယ္စားတာပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္ကို ဆုခ်တတ္ရပါမယ္။ တစ္ရက္ခ်င္းစီအလိုက္ ဆုခ်တဲ့အခါ ထိုကဲ့သို႔ ဆုေသးေသးေလးပဲ ခ်ီးျမႇင့္ရပါမယ္။ ရက္ ၃၀ အထိ ကိုယ့္ကိုယ္ကို စိန္ေခၚၾကည့္ၿပီးေနာက္ ထိုရက္ ၃၀ လုံးလုံး အခ်ိန္ဆြဲတတ္တဲ့အက်င့္ မရွိဘူးဆိုရင္ေတာ့ လစာထုတ္ရက္နဲ႔ ကိုက္ၿပီး မိမိကိုယ္ကို ဆုအႀကီးႀကီး ခ်ီးျမႇင့္လိုက္ပါ။ ဥပမာ အက်ႌအေကာင္းစားတစ္ထည္ ဝယ္လိုက္တာမ်ိဳး၊ စာေပခ်စ္သူမ်ားကလည္း စာအုပ္ေကာင္းေကာင္းတစ္အုပ္ ဝယ္ဖတ္တာမ်ိဳး စသည္ျဖင့္ မိမိဝါသနာနဲ႔ ကိုက္ညီၿပီး ဆုအႀကီးႀကီး ခ်ီးျမႇင့္ႏိုင္ပါတယ္။

Photo Source: Freepik.com

Source: Mindtools.com

 

 

 

Leave a Comment