Sun. Aug 14th, 2022

အင်္ဂလန်နိုင်ငံက Robyn Cherry ဆိုသူ အမျိုးသမီးဟာ ၂၀၁၀ ခုနှစ်တုန်းက ဆံပင်အလှပြင်ဆိုင်ကိုသွားပြီး ဆံပင်ကို အညိုရောင်ဆိုးခဲ့ပါတယ်။ အဲဒီလို ဆံပင်ဆေးဆိုးခဲ့ခြင်းက သူမရဲ့ဘဝအတွက် မဟာအမှားကြီး ဖြစ်သွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်Robyn က နှစ်လကိုတစ်ခါ ဆံပင်ဆေးဆိုးလေ့ရှိတယ်လို့ ပြောပါတယ်။ ဆံပင်ကို patch test လုပ်ပြီး ၄၈ နာရီစောင့်ရမှာပါ။

 

 

အဲဒါကြောင့် Robyn က ဆိုင်မှာ ဆံပင်ကို patch test လုပ်ပြီး ၄၈ နာရီစောင့်ခဲ့ပါတယ်။ ဆံပင်ကို ဆေးမဆိုးခင် တစ်ရက်အလိုမှာဆံပင်အလှပြင်ဆိုင်ကို သွားတဲ့အခါ ဆံပင်က ဓါတ်မတည့်မှုတွေ မရှိဘဲ အဆင်ပြေနေပါသေးတယ်။ အဲဒါကြောင့် hairdresser က နောက်တစ်ရက်မှာ Robyn ကို ပြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်။

 

Robyn က ဆံပင်ဆေးဆိုးပြီး ဆိုင်ကနေပြန်အထွက် မိနစ်အနည်းငယ်အကြာမှာ ဦးရေပြားက ပူလာသလို ခံစားရလာပါတယ်။ ဒါပေမယ့် Robyn က ပေါ့ပေါ့ပါးပါးပဲ နေလိုက်ပါတယ်။ နောက်တစ်နေ့ မနက်ရောက်တဲ့အခါလည်း ဦးရေပြားက ပူလာပြန်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူမရဲ့မျက်နှာက နှစ်ဆခန့် ရောင်ကိုင်းလာတာကို တွေ့လိုက်ရပါတော့တယ်။

 

 

ခေါင်းက ပေါက်ထွက်တော့မယ့်အတိုင်း ခံစားလာရတာဖြစ်လို့ သူမရဲ့အမေက စိုးရိမ်ပြီး ဆေးရုံကို ခေါ်သွားပါတော့တယ်။ ဆေးရုံကို ရောက်တဲ့အခါမှာ မျက်နှာက အလွန်ကို ရောင်ကိုင်းနေတာကြောင့် အသက်ရှူဖို့တောင် ခက်ခဲလာပါတယ်။ မျက်လုံးကလည်း ပိတ်သွားပြီး ဘာဆိုဘာမှ မမြင်ရတော့ပါဘူး။

ဆရာဝန်က Robyn ရဲ့ ဆံပင်တွေကျွတ်သွားပြီး ဦးရေပြားမှာ ရေကြည်ဖုတွေ ဖြစ်နေကြောင်း ပြောပြပါတယ်။ အဲဒီအချိန်မှာ Robyn ဟာ သေလုမြောပါး ခံစားနေရရှာပါတယ်။ ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ PPD ကြောင့် ဒီလိုဖြစ်ရတယ်လို့ ဆရာဝန်က ပြောပါတယ်။ Patch test ကို ၂၄ နာရီအစား ၄၈ နာရီထားတာကြောင့်လည်း ဒီလိုအခြေအနေ ဆိုးသွားရကြောင်း ပြောပါသေးတယ်။

 

ဆေးရုံရောက်ပြီး ၁၆ နာရီအကြာမှာတော့ Robyn က အသက်ရှူနိုင်လာပါတယ်။ အဲဒါကြောင့် ဆေးရုံဆင်းလိုက်ပါတယ်။ ဆေးရုံက ဆင်းလာပြီး ၆ နာရီအကြာမှာ အသက်ရှူလို့ မရတော့ဘဲ မျက်နှာက ရောင်ကိုင်းလာပြန်ပါတယ်။ အဲဒါကြောင့် ဆေးရုံကို အမြန်ပြန်သွားရပါတော့တယ်။

ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ PPD ကြောင့် ဒီလိုဓါတ်မတည့်မှုတွေ ဖြစ်လာမယ်လို့ Robyn တစ်ခါမှ မထင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ Robyn က အစားအစာ၊ အဝတ်အစား၊ အရက်တွေနဲ့ ပတ်သက်လာရင်လည်း ဓါတ်မတည့်မှုတွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် စားသောက်ဆိုင်တွေမှာ သွားစားလို့မရတော့သလို အရက်လည်း သောက်လို့မရတော့ပါဘူး။

 

Robyn က နေရောင်နဲ့ ထိရင်တောင် ဓါတ်မတည့်မှုတွေ ဖြစ်လာပါတယ်။နေရောင်ထဲသွားရင် အရေပြားမှာ ရေကြည်ဖုတွေ ဖြစ်လာပါတယ်။ Robynက ဆံပင်ဆေးဆိုးခဲ့တာအတွက် အလွန်နောင်တရနေပြီး အခြားသူတွေကိုလည်း သူ့လိုမဖြစ်ရအောင် ဆံပင်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို ပြောပြထားပါတယ်။

Source-Worldofbuzz

 

Zawgyi

အဂၤလန္ႏိုင္ငံက Robyn Cherry ဆိုသူ အမ်ိဳးသမီးဟာ ၂၀၁၀ ခုႏွစ္တုန္းက ဆံပင္အလွျပင္ဆိုင္ကိုသြားၿပီး ဆံပင္ကို အညိဳေရာင္ဆိုးခဲ့ပါတယ္။ အဲဒီလို ဆံပင္ေဆးဆိုးခဲ့ျခင္းက သူမရဲ႕ဘဝအတြက္ မဟာအမွားႀကီး ျဖစ္သြားခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္Robyn က ႏွစ္လကိုတစ္ခါ ဆံပင္ေဆးဆိုးေလ့ရွိတယ္လို႔ ေျပာပါတယ္။ ဆံပင္ကို patch test လုပ္ၿပီး ၄၈ နာရီေစာင့္ရမွာပါ။

 

အဲဒါေၾကာင့္ Robyn က ဆိုင္မွာ ဆံပင္ကို patch test လုပ္ၿပီး ၄၈ နာရီေစာင့္ခဲ့ပါတယ္။ ဆံပင္ကို ေဆးမဆိုးခင္ တစ္ရက္အလိုမွာဆံပင္အလွျပင္ဆိုင္ကို သြားတဲ့အခါ ဆံပင္က ဓါတ္မတည့္မႈေတြ မရွိဘဲ အဆင္ေျပေနပါေသးတယ္။ အဲဒါေၾကာင့္ hairdresser က ေနာက္တစ္ရက္မွာ Robyn ကို ျပန္လာခဲ့ဖို႔ ေျပာလိုက္ပါတယ္။

Robyn က ဆံပင္ေဆးဆိုးၿပီး ဆိုင္ကေနျပန္အထြက္ မိနစ္အနည္းငယ္အၾကာမွာ ဦးေရျပားက ပူလာသလို ခံစားရလာပါတယ္။ ဒါေပမယ့္ Robyn က ေပါ့ေပါ့ပါးပါးပဲ ေနလိုက္ပါတယ္။ ေနာက္တစ္ေန႔ မနက္ေရာက္တဲ့အခါလည္း ဦးေရျပားက ပူလာျပန္ပါတယ္။ ဒါတင္မကေသးပါဘူး။ သူမရဲ႕မ်က္ႏွာက ႏွစ္ဆခန႔္ ေရာင္ကိုင္းလာတာကို ေတြ႕လိုက္ရပါေတာ့တယ္။

 

ေခါင္းက ေပါက္ထြက္ေတာ့မယ့္အတိုင္း ခံစားလာရတာျဖစ္လို႔ သူမရဲ႕အေမက စိုးရိမ္ၿပီး ေဆး႐ုံကို ေခၚသြားပါေတာ့တယ္။ ေဆး႐ုံကို ေရာက္တဲ့အခါမွာ မ်က္ႏွာက အလြန္ကို ေရာင္ကိုင္းေနတာေၾကာင့္ အသက္ရႉဖို႔ေတာင္ ခက္ခဲလာပါတယ္။ မ်က္လုံးကလည္း ပိတ္သြားၿပီး ဘာဆိုဘာမွ မျမင္ရေတာ့ပါဘူး။

ဆရာဝန္က Robyn ရဲ႕ ဆံပင္ေတြကြၽတ္သြားၿပီး ဦးေရျပားမွာ ေရၾကည္ဖုေတြ ျဖစ္ေနေၾကာင္း ေျပာျပပါတယ္။ အဲဒီအခ်ိန္မွာ Robyn ဟာ ေသလုေျမာပါး ခံစားေနရရွာပါတယ္။ ဆံပင္ဆိုးေဆးမွာပါဝင္တဲ့ PPD ေၾကာင့္ ဒီလိုျဖစ္ရတယ္လို႔ ဆရာဝန္က ေျပာပါတယ္။ Patch test ကို ၂၄ နာရီအစား ၄၈ နာရီထားတာေၾကာင့္လည္း ဒီလိုအေျခအေန ဆိုးသြားရေၾကာင္း ေျပာပါေသးတယ္။

 

ေဆး႐ုံေရာက္ၿပီး ၁၆ နာရီအၾကာမွာေတာ့ Robyn က အသက္ရႉႏိုင္လာပါတယ္။ အဲဒါေၾကာင့္ ေဆး႐ုံဆင္းလိုက္ပါတယ္။ ေဆး႐ုံက ဆင္းလာၿပီး ၆ နာရီအၾကာမွာ အသက္ရႉလို႔ မရေတာ့ဘဲ မ်က္ႏွာက ေရာင္ကိုင္းလာျပန္ပါတယ္။ အဲဒါေၾကာင့္ ေဆး႐ုံကို အျမန္ျပန္သြားရပါေတာ့တယ္။

ဆံပင္ဆိုးေဆးမွာပါဝင္တဲ့ PPD ေၾကာင့္ ဒီလိုဓါတ္မတည့္မႈေတြ ျဖစ္လာမယ္လို႔ Robyn တစ္ခါမွ မထင္ခဲ့ပါဘူး။ အဲဒီေနာက္ပိုင္းမွာေတာ့ Robyn က အစားအစာ၊ အဝတ္အစား၊ အရက္ေတြနဲ႔ ပတ္သက္လာရင္လည္း ဓါတ္မတည့္မႈေတြ ျဖစ္လာပါတယ္။ အဲဒါေၾကာင့္ စားေသာက္ဆိုင္ေတြမွာ သြားစားလို႔မရေတာ့သလို အရက္လည္း ေသာက္လို႔မရေတာ့ပါဘူး။

 

Robyn က ေနေရာင္နဲ႔ ထိရင္ေတာင္ ဓါတ္မတည့္မႈေတြ ျဖစ္လာပါတယ္။ေနေရာင္ထဲသြားရင္ အေရျပားမွာ ေရၾကည္ဖုေတြ ျဖစ္လာပါတယ္။ Robynက ဆံပင္ေဆးဆိုးခဲ့တာအတြက္ အလြန္ေနာင္တရေနၿပီး အျခားသူေတြကိုလည္း သူ႔လိုမျဖစ္ရေအာင္ ဆံပင္ဆိုးေဆးေတြရဲ႕ အႏၲရာယ္ကို ေျပာျပထားပါတယ္။

Zombie(LoveMedia)
Source-Worldofbuzz

 

 

Leave a Reply

Your email address will not be published.