success

အလုပ်တွင်လည်း အောင်မြင်ပြီး မိမိကိုယ်ပိုင်ဘဝမှာလည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်စေမယ့် နည်းလမ်းများ

အလုပ်တွင်လည်း အောင်မြင်ပြီး မိမိကိုယ်ပိုင်ဘဝမှာလည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်စေမယ့် နည်းလမ်းများ

လူတိုင်းသည် နှစ်တစ်နှစ် ကုန်ခါနီးတိုင်း နောက်နှစ်သစ်အတွက် ရည်မှန်းချက်အသစ်များ၊ ပန်းတိုင်အသစ်များ ချမှတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်အားလုံး ပြည့်မြောက်အောင် မပြုလုပ်နိုင်ဘဲ တစ်ဝက်တစ်ပျက်နှင့် တို့လို့တန်းလန်း ကျန်ခဲ့တတ်ကြပါတယ်။

သင့်အနေနဲ့ မိမိချမှတ်ထားတဲ့ရည်မှန်းချက်များအားလုံး ပြည့်မြောက်ချင်တဲ့အပြင် အလုပ်တွင်လည်း အောင်မြင်ပြီး မိမိကိုယ်ပိုင်ဘဝမှာလည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်စေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။

တစ်လလျှင် စာအုပ်တစ်အုပ်ဖတ်ပါ

စာဖတ်ခြင်းအလေ့အကျင့်သည် သင့်ရဲ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး သင့်ရဲ့ဘဝတိုးတက်ဖို့ရန်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အိမ်မှာပဲဖတ်ဖတ်၊ အလုပ်နားချိန် (သို့) အိပ်ရာဝင်ချိန်မှာပဲဖြစ်ဖြစ် အဓိကကတော့ တစ်လလျှင် အနည်းဆုံးစာအုပ်တစ်အုပ်တော့ မဖြစ်မနေဖတ်ရပါမယ်။

ကိုယ်လက်လှုပ်ရှားမှုရှိသော နေ့စဉ်ဘဝကို ဖန်တီးပါ

ပြင်းထန်လွန်းတဲ့ အားကစားများ ပြုလုပ်စရာမလိုပါဘူး။ မိမိရဲ့အချစ်တော်ခွေးလေးနဲ့ ညနေခင်းမှာ အတူတူ လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေး လုပ်တာပဲဖြစ်ဖြစ်၊ မနက်ခင်းစောစော အပြေးလေ့ကျင့်ခန်း ပြုလုပ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် တစ်နေကုန် တက်ကြွလန်းဆန်းနေမှာဖြစ်ပြီး သင့်ရဲ့ကျန်းမာရေးသည်လည်း တစ်စထက်တစ်စ ကောင်းမွန်လာမှာပါ။

ဝါသနာအသစ်အဆန်းများ ရှာဖွေပါ

 

ဒီလိုပြုလုပ်ခြင်းသည် သင် မသိသေးတဲ့သင့်ရဲ့အကြောင်းကို ပိုမိုသိရှိသွားမှာဖြစ်ပြီး သင့်ရဲ့ဘဝက ပိုမိုအဓိပ္ပာယ်ရှိလာမှာဖြစ်ပါတယ်။ အလုပ်ပါးတဲ့ရက်တွေမှာ တစ်နေကုန်ဘာမှလုပ်စရာမရှိလို့ဆိုပြီး စိတ်လေနေမယ့်အစား ဝါသနာအသစ်အတွက် အချိန်ပေးမယ်ဆိုရင် စိတ်အပြောင်းအလဲဖြစ်ကာ ပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်းများ၊ မိသားစုဝင်များအတွက် အချိန်ပေးပါ

 

\သူငယ်ချင်းများ၊ မိသားစုဝင်များသည် သင် စိတ်ညစ်နေချိန်၊ ဒုက္ခရောက်ချိန်မှာ အဖော်ပြုပေးနေကြတဲ့ အကောင်းဆုံးမိတ်ဆွေတွေပါပဲ။ ဒုက္ခရောက်မှ သူတို့ကို ရှာဖွေတာထက်စာရင် ကိုယ့်ရဲ့ပျော်ရွှင်ချိန်မှာလည်း သူတို့နဲ့အတူ အဖော်ပြုပေးသင့်ပါတယ်။

ပရဟိတလုပ်ငန်းများ လုပ်ကိုင်ပါ

မိမိရဲ့ခွန်အား၊ မိမိပေးနိုင်တဲ့အချိန်ပေါ် မူတည်ပြီး ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နိုင်ပါတယ်။ အကူအညီလိုအပ်နေသူများထံ လိုအပ်တဲ့အကူအညီပေးအပ်နိုင်ခြင်းသည် ကုသိုလ်ရတဲ့အလုပ်တစ်ခုပါ။ သင့်အနေနဲ့ သိန်းရာနဲ့ချီတဲ့ ပရဟိလုပ်ငန်းတွေ မလုပ်နိုင်သေးလည်း ကိစ္စမရှိပါဘူး။ အဓိကကတော့ တစ်ရက်လျှင် လူတစ်ယောက်ကို ကူညီနိုင်လျှင် လုံလောက်ပါပြီ။ ကူညီခံရသူလည်း ပျော်ရွှင်ရမှာဖြစ်သလို သင်သည်လည်း ပီတိကြောင့် ပျော်ရွှင်ရပါလိမ့်မယ်။

တစ်နှစ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ခရီးထွက်ပါ

တစ်ခါတရံမှာ အရေးကြီးဆုံးအရာသည် မိမိရဲ့နေ့စဉ်ဘဝထဲကနေ ခဏတဖြုတ်ခန့် ရုန်းထွက်ခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်ပြုလုပ်နေရတဲ့ တာဝန်ဝတ္တရားများကနေ ခဏတဖြုန်ရုန်းထွက်ခြင်းအားဖြင့် မိမိရဲ့စိတ်နှလုံးကို ခွန်အားပြန်လည်ဖြည့်တင်းပေးရာရောက်ပြီး ခွန်အားသစ်များနဲ့ အသစ်တဖန် ပြန်လည်မွေးဖွားလာနိုင်မှာဖြစ်ပါတယ်။

ဒီနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အလုပ်နှင့် ကိုယ်ပိုင်ဘဝ မျှခြေရှိနေမှာဖြစ်ပြီး သာယာပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Zawgyi

အလုပ္တြင္လည္း ေအာင္ျမင္ၿပီး မိမိကိုယ္ပိုင္ဘဝမွာလည္း ေပ်ာ္႐ႊင္မႈမ်ားႏွင့္ ျပည့္ႏွက္ေစမယ့္ နည္းလမ္းမ်ား

လူတိုင္းသည္ ႏွစ္တစ္ႏွစ္ ကုန္ခါနီးတိုင္း ေနာက္ႏွစ္သစ္အတြက္ ရည္မွန္းခ်က္အသစ္မ်ား၊ ပန္းတိုင္အသစ္မ်ား ခ်မွတ္ေလ့ရွိၾကပါတယ္။ ဒါေပမဲ့ ရည္မွန္းခ်က္အားလုံး ျပည့္ေျမာက္ေအာင္ မျပဳလုပ္ႏိုင္ဘဲ တစ္ဝက္တစ္ပ်က္ႏွင့္ တို႔လို႔တန္းလန္း က်န္ခဲ့တတ္ၾကပါတယ္။

သင့္အေနနဲ႔ မိမိခ်မွတ္ထားတဲ့ရည္မွန္းခ်က္မ်ားအားလုံး ျပည့္ေျမာက္ခ်င္တဲ့အျပင္ အလုပ္တြင္လည္း ေအာင္ျမင္ၿပီး မိမိကိုယ္ပိုင္ဘဝမွာလည္း ေပ်ာ္႐ႊင္မႈမ်ားႏွင့္ ျပည့္ႏွက္ေစခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းမ်ားကို က်င့္သုံးႏိုင္ပါတယ္။

တစ္လလွ်င္ စာအုပ္တစ္အုပ္ဖတ္ပါ

 

စာဖတ္ျခင္းအေလ့အက်င့္သည္ သင့္ရဲ႕စိတ္ဝိညာဥ္ကို အားျဖည့္ေပးၿပီး သင့္ရဲ႕ဘဝတိုးတက္ဖို႔ရန္အတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္။ အိမ္မွာပဲဖတ္ဖတ္၊ အလုပ္နားခ်ိန္ (သို႔) အိပ္ရာဝင္ခ်ိန္မွာပဲျဖစ္ျဖစ္ အဓိကကေတာ့ တစ္လလွ်င္ အနည္းဆုံးစာအုပ္တစ္အုပ္ေတာ့ မျဖစ္မေနဖတ္ရပါမယ္။

ကိုယ္လက္လႈပ္ရွားမႈရွိေသာ ေန႔စဥ္ဘဝကို ဖန္တီးပါ

 

ျပင္းထန္လြန္းတဲ့ အားကစားမ်ား ျပဳလုပ္စရာမလိုပါဘူး။ မိမိရဲ႕အခ်စ္ေတာ္ေခြးေလးနဲ႔ ညေနခင္းမွာ အတူတူ လမ္းေလွ်ာက္ထြက္တာပဲျဖစ္ျဖစ္၊ အိမ္သန႔္ရွင္းေရး လုပ္တာပဲျဖစ္ျဖစ္၊ မနက္ခင္းေစာေစာ အေျပးေလ့က်င့္ခန္း ျပဳလုပ္တာပဲျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းအားျဖင့္ တစ္ေနကုန္ တက္ႂကြလန္းဆန္းေနမွာျဖစ္ၿပီး သင့္ရဲ႕က်န္းမာေရးသည္လည္း တစ္စထက္တစ္စ ေကာင္းမြန္လာမွာပါ။

ဝါသနာအသစ္အဆန္းမ်ား ရွာေဖြပါ

 

 

ဒီလိုျပဳလုပ္ျခင္းသည္ သင္ မသိေသးတဲ့သင့္ရဲ႕အေၾကာင္းကို ပိုမိုသိရွိသြားမွာျဖစ္ၿပီး သင့္ရဲ႕ဘဝက ပိုမိုအဓိပၸာယ္ရွိလာမွာျဖစ္ပါတယ္။ အလုပ္ပါးတဲ့ရက္ေတြမွာ တစ္ေနကုန္ဘာမွလုပ္စရာမရွိလို႔ဆိုၿပီး စိတ္ေလေနမယ့္အစား ဝါသနာအသစ္အတြက္ အခ်ိန္ေပးမယ္ဆိုရင္ စိတ္အေျပာင္းအလဲျဖစ္ကာ ေပ်ာ္႐ႊင္လာပါလိမ့္မယ္။

သူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားအတြက္ အခ်ိန္ေပးပါ

 

 

\သူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားသည္ သင္ စိတ္ညစ္ေနခ်ိန္၊ ဒုကၡေရာက္ခ်ိန္မွာ အေဖာ္ျပဳေပးေနၾကတဲ့ အေကာင္းဆုံးမိတ္ေဆြေတြပါပဲ။ ဒုကၡေရာက္မွ သူတို႔ကို ရွာေဖြတာထက္စာရင္ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္ခ်ိန္မွာလည္း သူတို႔နဲ႔အတူ အေဖာ္ျပဳေပးသင့္ပါတယ္။

ပရဟိတလုပ္ငန္းမ်ား လုပ္ကိုင္ပါ

 

မိမိရဲ႕ခြန္အား၊ မိမိေပးႏိုင္တဲ့အခ်ိန္ေပၚ မူတည္ၿပီး ပရဟိတလုပ္ငန္းမ်ားကို လုပ္ေဆာင္ႏိုင္ပါတယ္။ အကူအညီလိုအပ္ေနသူမ်ားထံ လိုအပ္တဲ့အကူအညီေပးအပ္ႏိုင္ျခင္းသည္ ကုသိုလ္ရတဲ့အလုပ္တစ္ခုပါ။ သင့္အေနနဲ႔ သိန္းရာနဲ႔ခ်ီတဲ့ ပရဟိလုပ္ငန္းေတြ မလုပ္ႏိုင္ေသးလည္း ကိစၥမရွိပါဘူး။ အဓိကကေတာ့ တစ္ရက္လွ်င္ လူတစ္ေယာက္ကို ကူညီႏိုင္လွ်င္ လုံေလာက္ပါၿပီ။ ကူညီခံရသူလည္း ေပ်ာ္႐ႊင္ရမွာျဖစ္သလို သင္သည္လည္း ပီတိေၾကာင့္ ေပ်ာ္႐ႊင္ရပါလိမ့္မယ္။

တစ္ႏွစ္လွ်င္ တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ခန႔္ ခရီးထြက္ပါ

တစ္ခါတရံမွာ အေရးႀကီးဆုံးအရာသည္ မိမိရဲ႕ေန႔စဥ္ဘဝထဲကေန ခဏတျဖဳတ္ခန႔္ ႐ုန္းထြက္ျခင္းပဲျဖစ္ပါတယ္။ ေန႔စဥ္ျပဳလုပ္ေနရတဲ့ တာဝန္ဝတၱရားမ်ားကေန ခဏတျဖဳန္႐ုန္းထြက္ျခင္းအားျဖင့္ မိမိရဲ႕စိတ္ႏွလုံးကို ခြန္အားျပန္လည္ျဖည့္တင္းေပးရာေရာက္ၿပီး ခြန္အားသစ္မ်ားနဲ႔ အသစ္တဖန္ ျပန္လည္ေမြးဖြားလာႏိုင္မွာျဖစ္ပါတယ္။

ဒီနည္းလမ္းမ်ားကို လိုက္နာက်င့္သုံးျခင္းအားျဖင့္ အလုပ္ႏွင့္ ကိုယ္ပိုင္ဘဝ မွ်ေျခရွိေနမွာျဖစ္ၿပီး သာယာေပ်ာ္႐ႊင္ၿပီး ေအာင္ျမင္တဲ့ဘဝကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။

 

 

 

Leave a Comment