Health

မနက်ခင်းတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဒီစကားလေးတွေ ပြောပေးပါ

Unicode

စကားလုံးတွေရဲ့ အတွင်းမှာ စွမ်းအားတစ်မျိုး ရှိပါတယ်။ စကားတစ်ခွန်းဟာ လူတစ်ယောက်ကိုတင် မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ပြောင်းလဲစေနိုင်စွမ်း ရှိပါတယ်။ ဒီတော့ စကားလုံးတွေကို နေရာတကျသုံးတတ်ခြင်းဟာ ဘဝတိုးတက်ရေးအတွက် သိပ်ကိုအရေးပါတဲ့ လက်နက်ပဲလို့ ဆိုချင်ပါတယ်။ အခုပြောမှာကတော့ တိုးတက်ချင်သူတိုင်းအတွက် လတ်လတ်ဆတ်ဆတ် မနက်ခင်းတိုင်းမှာ ကိုယ့်ကိုယ့်ကိုယ် ပြန်ပြောပေးရမယ့် စကား ၄ ခွန်းအကြောင်းပါပဲ။

(၁) ငါက အကောင်းဆုံးပဲ

\

ကိုယ့်ကိုယ်ကိုယ် စိတ်အားမြှင့်တင်ပေးမယ့်စကားတွေ ပြောဖူးကြမှာပါ။ ဥပမာ- ဒီကိစ္စလောက်တော့ အပျော့ပါ။ ငါလုပ်နိုင်ပါတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ I’m The Best လို့ ပြောတာကတော့ စိတ်ကို မြှင့်တင်ရာမှာ မနက်ခင်းမန္တန်တစ်ခုသဖွယ်ကို အသုံးချသင့်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ လူမှာ သူ့ဟာနဲ့သူ မတူကွဲပြားတဲ့ အရည်အချင်းတွေ ရှိကြတာပါပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးဆိုတဲ့ အရည်အချင်းကို သိအောင်လုပ် ၊ ဖော်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလို့ ပြန်သတိပေးတာဟာ ကားတစ်စင်းအရှိန်ပြင်းပြင်း ပြေးဖို့ ဂီယာပြောင်းလိုက်သလိုကို ထူးခြားသွားစေပါလိမ့်မယ်။

(၂) ငါ လုပ်နိုင်တယ်

 

မနက်ရောက်ရင် ကိုယ့်ကိုယ့်ကိုယ် ဒီနေ့ကို ငါအပြောင်မြောက်ဆုံး ကျော်ဖြတ်နိုင်မှာပဲ ၊ ဘာမဆို ငါလုပ်နိုင်မယ်ဆိုတဲ့ စကားတွေ ပြောပြီး နှုတ်ဆက်ကြည့်ပါ။ စိတ်ထဲမှာ I Can Do It ဆိုပြီး မောင်းတင်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခု ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့ စကားနောက်မှာ စိတ်ခွန်အားတွေ ၊ ဇွဲ နဲ့ အကြောက်တရားကို ရင်ဆိုင်နိုင်မယ့် သတ္တိတွေ လိုက်လာပါလိမ့်မယ်။

(၃) ငါက Winner တစ်ယောက်ပဲ

ဘယ်ကိုပဲ သွားသွား ငါ အားလုံးကို အောင်မြင်နိုင်မယ်ဆိုတဲ့ ခံယူချက် ခေါင်းထဲ ထည့်သွားပါ။ ဒါဆို ရောက်တဲ့နေရာမှာ ကိုယ်ဟာ အောင်မြင်ဖို့အတွက် အသေအချာ အုတ်မြစ်ချပြီးသား ဖြစ်စေမှာပါ။ ငါက အောင်နိုင်သူအဖြစ် မွေးလာပြီး ချန်ပီယံအနေနဲ့ သေသွားမယ့်သူလို့ ယုံစိတ် သွင်းထားပါ။ မနက်တိုင်းမှာ ကိုယ်က ဘယ်လိုလူလဲ ၊ အနာဂါတ်မှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေပါ။

(၄) ဒီနေ့ကို ငါပိုင်တယ်

 

မနေ့က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့က ငါ့နေ့ပဲ (Today Is My Day) ဆိုတဲ့စိတ်နဲ့ အသစ်တည်ဆောက်ဖို့ လုပ်ပါ။ လူဟာ မနေ့ကဖြစ်ခဲ့တာနဲ့ လုံးလုံးလျားလျား တူမှာတော့ မဟုတ်ပါဘူး။ ဘဝမှာ အနာဂါတ်ထားပြီး ကြိုးစားနေတဲ့သူ ၊ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် တည်ဆောက်နေတဲ့သူအတွက် ဒီနေ့ဟာ သူ့နေ့ ဖြစ်သွားမှာ အမှန်ပါပဲ။
ဒီတော့ မနက်ခင်းမှာ အပြုံးနဲ့ နိုးထပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြောလိုက်ပါ။ ဒီနေ့ကတော့ဟေ့ ငါ့နေ့ပဲလို့။

 

Zawgyi

စကားလုံးေတြရဲ႕ အတြင္းမွာ စြမ္းအားတစ္မ်ိဳး ရွိပါတယ္။ စကားတစ္ခြန္းဟာ လူတစ္ေယာက္ကိုတင္ မဟုတ္ဘဲ လူ႔အဖြဲ႕အစည္းတစ္ရပ္လုံးကိုပါ ေျပာင္းလဲေစႏိုင္စြမ္း ရွိပါတယ္။ ဒီေတာ့ စကားလုံးေတြကို ေနရာတက်သုံးတတ္ျခင္းဟာ ဘဝတိုးတက္ေရးအတြက္ သိပ္ကိုအေရးပါတဲ့ လက္နက္ပဲလို႔ ဆိုခ်င္ပါတယ္။ အခုေျပာမွာကေတာ့ တိုးတက္ခ်င္သူတိုင္းအတြက္ လတ္လတ္ဆတ္ဆတ္ မနက္ခင္းတိုင္းမွာ ကိုယ့္ကိုယ့္ကိုယ္ ျပန္ေျပာေပးရမယ့္ စကား ၄ ခြန္းအေၾကာင္းပါပဲ။

(၁) ငါက အေကာင္းဆုံးပဲ

man wake up morning

Photo: Unsplash

ကိုယ့္ကိုယ္ကိုယ္ စိတ္အားျမႇင့္တင္ေပးမယ့္စကားေတြ ေျပာဖူးၾကမွာပါ။ ဥပမာ- ဒီကိစၥေလာက္ေတာ့ အေပ်ာ့ပါ။ ငါလုပ္ႏိုင္ပါတယ္ ဆိုတာမ်ိဳး ျဖစ္ပါတယ္။ I’m The Best လို႔ ေျပာတာကေတာ့ စိတ္ကို ျမႇင့္တင္ရာမွာ မနက္ခင္းမႏၲန္တစ္ခုသဖြယ္ကို အသုံးခ်သင့္တဲ့ စကားတစ္ခြန္း ျဖစ္ပါတယ္။ လူမွာ သူ႔ဟာနဲ႔သူ မတူကြဲျပားတဲ့ အရည္အခ်င္းေတြ ရွိၾကတာပါပဲ။ ကိုယ့္ရဲ႕ အေကာင္းဆုံးဆိုတဲ့ အရည္အခ်င္းကို သိေအာင္လုပ္ ၊ ေဖာ္ထုတ္ၿပီး ကိုယ့္ကိုယ္ကိုယ္ အေကာင္းဆုံးလို႔ ျပန္သတိေပးတာဟာ ကားတစ္စင္းအရွိန္ျပင္းျပင္း ေျပးဖို႔ ဂီယာေျပာင္းလိုက္သလိုကို ထူးျခားသြားေစပါလိမ့္မယ္။

(၂) ငါ လုပ္ႏိုင္တယ္

Morning Motivation

Photo: Unsplash

မနက္ေရာက္ရင္ ကိုယ့္ကိုယ့္ကိုယ္ ဒီေန႔ကို ငါအေျပာင္ေျမာက္ဆုံး ေက်ာ္ျဖတ္ႏိုင္မွာပဲ ၊ ဘာမဆို ငါလုပ္ႏိုင္မယ္ဆိုတဲ့ စကားေတြ ေျပာၿပီး ႏႈတ္ဆက္ၾကည့္ပါ။ စိတ္ထဲမွာ I Can Do It ဆိုၿပီး ေမာင္းတင္ထားတာဟာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈတစ္ခု ဖန္တီးလိုက္တာ ျဖစ္ပါတယ္။ ငါလုပ္ႏိုင္တယ္ဆိုတဲ့ စကားေနာက္မွာ စိတ္ခြန္အားေတြ ၊ ဇြဲ နဲ႔ အေၾကာက္တရားကို ရင္ဆိုင္ႏိုင္မယ့္ သတၱိေတြ လိုက္လာပါလိမ့္မယ္။

(၃) ငါက Winner တစ္ေယာက္ပဲ

man in the morning

Photo: Unsplash

ဘယ္ကိုပဲ သြားသြား ငါ အားလုံးကို ေအာင္ျမင္ႏိုင္မယ္ဆိုတဲ့ ခံယူခ်က္ ေခါင္းထဲ ထည့္သြားပါ။ ဒါဆို ေရာက္တဲ့ေနရာမွာ ကိုယ္ဟာ ေအာင္ျမင္ဖို႔အတြက္ အေသအခ်ာ အုတ္ျမစ္ခ်ၿပီးသား ျဖစ္ေစမွာပါ။ ငါက ေအာင္ႏိုင္သူအျဖစ္ ေမြးလာၿပီး ခ်န္ပီယံအေနနဲ႔ ေသသြားမယ့္သူလို႔ ယုံစိတ္ သြင္းထားပါ။ မနက္တိုင္းမွာ ကိုယ္က ဘယ္လိုလူလဲ ၊ အနာဂါတ္မွာ ကိုယ္ဘာျဖစ္ခ်င္သလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ သတိေပးေနပါ။

(၄) ဒီေန႔ကို ငါပိုင္တယ္

man and morning

Photo: Unsplash

မေန႔က ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ ဒီေန႔က ငါ့ေန႔ပဲ (Today Is My Day) ဆိုတဲ့စိတ္နဲ႔ အသစ္တည္ေဆာက္ဖို႔ လုပ္ပါ။ လူဟာ မေန႔ကျဖစ္ခဲ့တာနဲ႔ လုံးလုံးလ်ားလ်ား တူမွာေတာ့ မဟုတ္ပါဘူး။ ဘဝမွာ အနာဂါတ္ထားၿပီး ႀကိဳးစားေနတဲ့သူ ၊ ကိုယ့္ကိုယ္ကိုယ္ ပိုေကာင္းေအာင္ တည္ေဆာက္ေနတဲ့သူအတြက္ ဒီေန႔ဟာ သူ႔ေန႔ ျဖစ္သြားမွာ အမွန္ပါပဲ။
ဒီေတာ့ မနက္ခင္းမွာ အၿပဳံးနဲ႔ ႏိုးထပါ။ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္ေျပာလိုက္ပါ။ ဒီေန႔ကေတာ့ေဟ့ ငါ့ေန႔ပဲလို႔။

 

 

Leave a Comment