Money

ငွေကို ချွေတာတတ်ကြပါစေ

တစ်ချို့ လူတွေက ငွေကို ရှိရင်ရှိသလို သုံးတတ်ကြတယ်။ လက်ထဲမှာ ငွေလေးရှိတာနဲ့ လိုအပ်တာရော မလိုအပ်တာတွေကို ရော အကုန်လုံး စုပြုံပီး ဝယ်တတ်ကြတယ်။

အစားအသောက် ဆိုလည်း မကုန်မခမ်းတွေ ဝယ်ပြီး မကုန်တဲ့အခါ လွှင့်ပစ်လိုက်ကြတယ်။ အဝတ်အစား တွေပေါနေရဲ့သားနဲ့လည်း တစ်ထည်ပြီး တစ်ထည် ဝယ်နေကြတယ်။

ချွေတာစုဆောင်း သူဌေးလောင်း ဆိုတဲ့အတိုင်း ကိုယ်ကငွေကို ချစ်မှ ငွေကလည်း ကိုယ့်ကိုချစ်ပြီး ကိုယ့်အနားမှာ နေမှာပါ။ ကိုယ်က ငွေကို တန်ဖိုးမထားပဲ ရှိရင်ရှိသလို သုံးနေမယ် ဆိုရင်တော့ အရေးအကြောင်း ကြုံတဲ့အခါ သုံးစရာ မရှိပဲ ဒုက္ခရောက်တတ်တယ်။

ကိုယ့်မှာ ရှိတဲ့ငွေလေးကို မလိုအပ်တဲ့ နေရာတွေမှာ ဖြုန်းနေမယ့်အစား စီးပွာရေး လုပ်ငန်း တစ်ခုမှာပဲဖြစ်ဖြစ် ၊ အခြား အကျိုးရှိတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ရင်းနှီးမြှပ်နှံ လိုက်တာကမှ ကိုယ့်မှာရှိတဲ့ ငွေကို သိမ်းပြီးသားလည်း ဖြစ်သလို တိုးပွားပြီးသားလည်း ဖြစ်တယ်။

ကပ်စေးနည်းခိုင်းတာ မဟုတ်ဘူးနော် ။ လိုအပ်တဲ့ နေရာမှာ သုံးတတ်ဖို့ ပြောတာ။ ရေရှားတဲ့နေရာမှာ နေဖူးမှ ရေတစ်စက်ရဲ့တန်ဖိုးကို သိသလို ငွေရှိတဲ့အချိန်တုန်းက ထင်သလိုသုံးခဲ့ပြီး ဒုက္ခရောက်တဲ့ အချိန်မှ ငွေရဲ့တန်ဖိုးကို နားလည်မှာပါ။

Poe

for zawgyi

ေငြကို ေခြၽတာတတ္ၾကပါေစ

တစ္ခ်ိဳ႕လူေတြက ေငြကို ရွိရင္ရွိသလို သုံးတတ္ၾကတယ္။ လက္ထဲမွာ ေငြေလးရွိတာနဲ႔ လိုအပ္တာေရာ မလိုအပ္တာေတြကို ေရာ အကုန္လုံး စုၿပဳံပီး ဝယ္တတ္ၾကတယ္။

အစားအေသာက္ ဆိုလည္း မကုန္မခမ္းေတြ ဝယ္ၿပီး မကုန္တဲ့အခါ လႊင့္ပစ္လိုက္ၾကတယ္။ အဝတ္အစား ေတြေပါေနရဲ႕သားနဲ႔လည္း တစ္ထည္ၿပီး တစ္ထည္ ဝယ္ေနၾကတယ္။

ေခြၽတာစုေဆာင္း သူေဌးေလာင္း ဆိုတဲ့အတိုင္း ကိုယ္ကေငြကို ခ်စ္မွ ေငြကလည္း ကိုယ့္ကိုခ်စ္ၿပီး ကိုယ့္အနားမွာ ေနမွာပါ။ ကိုယ္က ေငြကို တန္ဖိုးမထားပဲ ရွိရင္ရွိသလို သုံးေနမယ္ ဆိုရင္ေတာ့ အေရးအေၾကာင္း ႀကဳံတဲ့အခါ သုံးစရာ မရွိပဲ ဒုကၡေရာက္တတ္တယ္။

ကိုယ့္မွာ ရွိတဲ့ေငြေလးကို မလိုအပ္တဲ့ ေနရာေတြမွာ ျဖဳန္းေနမယ့္အစား စီးပြာေရး လုပ္ငန္း တစ္ခုမွာပဲျဖစ္ျဖစ္ ၊ အျခား အက်ိဳးရွိတဲ့ ေနရာမွာပဲ ျဖစ္ျဖစ္ ရင္းႏွီးျမႇပ္ႏွံ လိုက္တာကမွ ကိုယ့္မွာရွိတဲ့ ေငြကို သိမ္းၿပီးသားလည္း ျဖစ္သလို တိုးပြားၿပီးသားလည္း ျဖစ္တယ္။

ကပ္ေစးနည္းခိုင္းတာ မဟုတ္ဘူးေနာ္ ။ လိုအပ္တဲ့ ေနရာမွာ သုံးတတ္ဖို႔ ေျပာတာ။ ေရရွားတဲ့ေနရာမွာ ေနဖူးမွ ေရတစ္စက္ရဲ႕တန္ဖိုးကို သိသလို ေငြရွိတဲ့အခ်ိန္တုန္းက ထင္သလိုသုံးခဲ့ၿပီး ဒုကၡေရာက္တဲ့ အခ်ိန္မွ ေငြရဲ႕တန္ဖိုးကို နားလည္မွာပါ။

Leave a Comment