Daily News

ဆယ်နှစ်အတွင်း သစ်ပင်ပေါင်းတစ်သောင်းကျော် စိုက်ပျိုးခဲ့တဲ့ မျက်မမြင်အဘိုးနဲ့ လက်နှစ်ဖက်မရှိတဲ့အဘိုး

သင်ဟာ ပစိဖိတ်အနောက်မြောက်ဘက်ကို ရောက်တဲ့အခါ သစ်ပင်များစွာ စိမ်းစိုနေတာကို တွေ့ရမှာပါ။ သစ်ပင်တွေက စီတန်းနေပြီး တစ်မျှော်တစ်ခေါ် အုပ်ဆိုင်းနေပါတယ်။ အဲဒီနေရာကတော့ တရုတ်နိုင်ငံ၊ ဟူဘေး၊ Jingxing ဒေသ၊ Sunzhaung မြို့နယ်၊ Yeli ရွာရဲ့မြောက်ဘက်က သစ်တောအုပ်လေး ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ အဲဒီနေရာမှာ ဘာသစ်ပင်မှမရှိဘဲ ကျောက်တုံးတွေ၊ ပေါင်းပင်တွေပဲ ရှိနေခဲ့ပါတယ်။

အဲဒီနေရာကို စိမ်းစိုတဲ့နေရာဖြစ်အောင် လုံးဝပြောင်းလဲလိုက်သူကတော့ Jia Haixia နဲ့ သူ့သူငယ်ချင်း Jia Wenqi တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခြောက်သွေ့နေတဲ့ နေရာလွတ်ကြီးကို သတိထားမိပြီး စိမ်းစိုတဲ့နေရာအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီဒေသမှာ သူတို့ရဲ့ နှလုံးနဲ့ ဝိဉာဉ်ကို ထည့်သွင်းထားခဲ့ကြပြီး ပြုပြင်ပြောင်းလဲ ခဲ့ကြပါတယ်။

သူတို့ရဲ့ရွာဘေး ပတ်ဝန်းကျင် စိမ်းစိုအောင်၊ ဂေဟစနစ်ကို ကာကွယ်နိုင်အောင် သစ်ပင်တွေ ထောင်နဲ့ချီပြီး စိုက်ပျိုးခဲ့ကြပါတယ်။ အံ့ဩစရာကောင်းတဲ့ တစ်ချက်ကတော့ သစ်ပင်ပေါင်းထောင်ချီ စိုက်ပျိုးခဲ့တဲ့ Haixia နဲ့ Wendi ဟာ မသန်စွမ်းတွေပါ။

အသက် ၅၃ နှစ်အရွယ် Haixia ဟာ မွေးရာပါ မျက်စိအတွင်းတိမ်ကြောင့် ဘယ်ဘက်မျက်လုံးက မမြင်ရပါဘူး။ အလုပ်မှာ မတော်တဆမှု ဖြစ်တဲ့အခါ ညာဘက်မျက်လုံးပါ မမြင်ရတော့ပါဘူး။ သူ့ရဲ့သူငယ်ချင်း အသက် ၅၃ နှစ်အရွယ် Wenqi ကလည်း အသက် ၃ နှစ်အရွယ်ကဖြစ်ခဲ့တဲ့ မတော်တဆမှု တစ်ခုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။

Hiaxia ဟာ မျက်လုံးနှစ်ဖက်လုံး ကွယ်ပြီးနောက်မှာ သူတို့နှစ်ယောက်အတွက် အလုပ်က ရှာဖို့ခက်ခဲလာပါတယ်။ ရွေးချယ်စရာ မရှိတော့တာကြောင့် မြစ်ကမ်းဘေးက ၈ ဧကကျယ်ဝန်းတဲ့ မြေကို ငှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြေကို ဒေသတွင်း အစိုးရထံကနေ ငှားရမ်းခဲ့ကြပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်က အနာဂတ်မျိုးဆက်တွေ အကူအညီရစေဖို့ အပင်တွေ စိုက်ပျိုးချင်တာပါ။ သူတို့နှစ်ယောက်ရဲ့ အလုပ်ကြိုးစားမှု၊ အပင်တွေ တည်ရှိမှုကြောင့် သူတို့ရွာလေးက ရေကြီးနစ်မြှုပ်မှုဘေးကနေ လွတ်သွားပါတယ်။ အစိုးရကပေးတဲ့ ရံပုံငွေအကူအညီကလည်း သူတို့နှစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

 

နောက်ပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က အလုပ်လုပ်ချိန်ကို အချိန်ဇယား ဆွဲထားကြပါတယ်။ မနက် ၇ နာရီမှာ အိပ်ရာထပြီး အလုပ်စတင်ဖို့ မြစ်ဘေးကို ဦးတည်သွားကြပါတယ်။ အစိုးရဆီကနေ ရံပုံငွေရပေမယ့် ပင်ပျိုတွေဝယ်ဖို့ အထိတော့ ငွေမလုံလောက်ပါဘူး။ ပင်ပျိုမရှိတာကြောင့် ရှင်သန်ဆဲအပင်ဆီကနေ ဖြတ်တောက်ပြီး ပင်ပျိုပြန်စိုက်ပါတယ်။

မသန်စွမ်းတွေ ဖြစ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း အတူတူ ကြိုးစားခဲ့ကြပါတယ်။ Wengi က သူ့ကျောပေါ်မှာ Haixia ကို တင်ပြီး မြစ်ကို ဖြတ်ကူးပါတယ်။ Haixia က သစ်ပင်ပေါ်တက်ပြီး ကိုင်းမကို ဖြတ်ပါတယ်။ သစ်ပင်ပေါ်ကနေ ဆင်းလာပြီးရင် Haixia က မြေကြီးတူးပြီး ဖြတ်လာတဲ့ ကိုင်းကို စိုက်ပါတယ်။ Wenqi ကတော့ ပင်ပျိုလေးကို ပြုစုပြီး ရေလောင်းပေးပါတယ်။

 

၁၀ နှစ်ကျော်အတွင်းမှာ သူတို့သူငယ်ချင်း နှစ်ယောက်ဟာ အပင်ပေါင်း အနည်းဆုံး တစ်သောင်းကျော် စိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ရဲ့ အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုကြောင့် လူအများရဲ့ အာရုံစိုက်မှုနဲ့ ထောက်ပံ့မှုတွေ ရခဲ့ပါတယ်။ လူအချို့က သူတို့နှစ်ယောက်ရဲ့ ဘဝအတွက် ငွေတွေလှူပေးကြပါတယ်။

 

ကံကောင်းတဲ့ Haixia က ကျန်းမာရေးအဖွဲ့တစ်ခုရဲ့ အကူအညီနဲ့ ဘယ်ဘက်မျက်လုံး ပြန်မြင်လာခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကတော့ ကမ္ဘာကြီးကျန်းမာစေဖို့ အလုပ်အတူတူ ကြိုးစားလျက်ပါ။

Zombie (Lovemedia)

for zawgyi

ဆယ္ႏွစ္အတြင္း သစ္ပင္ေပါင္းတစ္ေသာင္းေက်ာ္ စိုက္ပ်ိဳးခဲ့တဲ့ မ်က္မျမင္အဘိုးနဲ႔ လက္ႏွစ္ဖက္မရွိတဲ့အဘိုး

သင္ဟာ ပစိဖိတ္အေနာက္ေျမာက္ဘက္ကို ေရာက္တဲ့အခါ သစ္ပင္မ်ားစြာ စိမ္းစိုေနတာကို ေတြ႕ရမွာပါ။ သစ္ပင္ေတြက စီတန္းေနၿပီး တစ္ေမွ်ာ္တစ္ေခၚ အုပ္ဆိုင္းေနပါတယ္။ အဲဒီေနရာကေတာ့ တ႐ုတ္ႏိုင္ငံ၊ ဟူေဘး၊ Jingxing ေဒသ၊ Sunzhaung ၿမိဳ႕နယ္၊ Yeli ႐ြာရဲ႕ေျမာက္ဘက္က သစ္ေတာအုပ္ေလးျဖစ္ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၁၂ ႏွစ္ကေတာ့ အဲဒီေနရာမွာ ဘာသစ္ပင္မွမရွိဘဲ ေက်ာက္တုံးေတြ၊ ေပါင္းပင္ေတြပဲ ရွိေနခဲ့ပါတယ္။

အဲဒီေနရာကို စိမ္းစိုတဲ့ေနရာျဖစ္ေအာင္ လုံးဝေျပာင္းလဲလိုက္သူကေတာ့ Jia Haixia နဲ႔ သူ႔သူငယ္ခ်င္း Jia Wenqi တို႔ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ေျခာက္ေသြ႕ေနတဲ့ ေနရာလြတ္ႀကီးကို သတိထားမိၿပီး စိမ္းစိုတဲ့ေနရာအျဖစ္ ေျပာင္းလဲဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အဲဒီေဒသမွာ သူတို႔ရဲ႕ ႏွလုံးနဲ႔ ဝိဉာဥ္ကို ထည့္သြင္းထားခဲ့ၾကၿပီး ျပဳျပင္ေျပာင္းလဲခဲ့ၾကပါတယ္။

သူတို႔ရဲ႕႐ြာေဘးပတ္ဝန္းက်င္ စိမ္းစိုေအာင္၊ ေဂဟစနစ္ကို ကာကြယ္ႏိုင္ေအာင္ သစ္ပင္ေတြ ေထာင္နဲ႔ခ်ီၿပီး စိုက္ပ်ိဳးခဲ့ၾကပါတယ္။ အံ့ဩစရာေကာင္းတဲ့ တစ္ခ်က္ကေတာ့ သစ္ပင္ေပါင္းေထာင္ခ်ီ စိုက္ပ်ိဳးခဲ့တဲ့ Haixia နဲ႔ Wendi ဟာ မသန္စြမ္းေတြပါ။ အသက္ ၅၃ ႏွစ္အ႐ြယ္ Haixia ဟာ ေမြးရာပါ မ်က္စိအတြင္းတိမ္ေၾကာင့္ ဘယ္ဘက္မ်က္လုံးက မျမင္ရပါဘူး။ အလုပ္မွာ မေတာ္တဆမႈျဖစ္တဲ့အခါ ညာဘက္မ်က္လုံးပါ မျမင္ရေတာ့ပါဘူး။

သူ႔ရဲ႕သူငယ္ခ်င္း အသက္ ၅၃ ႏွစ္အ႐ြယ္ Wenqi ကလည္း အသက္ ၃ ႏွစ္အ႐ြယ္ကျဖစ္ခဲ့တဲ့ မေတာ္တဆမႈ တစ္ခုေၾကာင့္ လက္ႏွစ္ဖက္လုံး ဆုံးရႈံးခဲ့ရပါတယ္။ Hiaxia ဟာ မ်က္လုံးႏွစ္ဖက္လုံး ကြယ္ၿပီးေနာက္မွာ သူတို႔ႏွစ္ေယာက္အတြက္ အလုပ္က ရွာဖို႔ခက္ခဲလာပါတယ္။ ေ႐ြးခ်ယ္စရာ မရွိေတာ့တာေၾကာင့္ ျမစ္ကမ္းေဘးက ၈ ဧကက်ယ္ဝန္းတဲ့ ေျမကို ငွားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ေျမကို ေဒသတြင္း အစိုးရထံကေန ငွားရမ္းခဲ့ၾကပါတယ္။

သူတို႔ရဲ႕ရည္႐ြယ္ခ်က္က အနာဂတ္မ်ိဳးဆက္ေတြ အကူအညီရေစဖို႔ အပင္ေတြ စိုက္ပ်ိဳးခ်င္တာပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ အလုပ္ႀကိဳးစားမႈ၊ အပင္ေတြတည္ရွိမႈေၾကာင့္ သူတို႔႐ြာေလးက ေရႀကီးနစ္ျမႇဳပ္မႈေဘးကေန လြတ္သြားပါတယ္။ အစိုးရကေပးတဲ့ ရံပုံေငြအကူအညီကလည္း သူတို႔ႏွစ္ေယာက္ရဲ႕ အသက္ရွင္ရပ္တည္ေရးအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူငယ္ခ်င္းႏွစ္ေယာက္က အလုပ္လုပ္ခ်ိန္ကို အခ်ိန္ဇယား ဆြဲထားၾကပါတယ္။ မနက္ ၇ နာရီမွာ အိပ္ရာထၿပီး အလုပ္စတင္ဖို႔ ျမစ္ေဘးကို ဦးတည္သြားၾကပါတယ္။ အစိုးရဆီကေန ရံပုံေငြရေပမယ့္ ပင္ပ်ိဳေတြဝယ္ဖို႔ အထိေတာ့ ေငြမလုံေလာက္ပါဘူး။ ပင္ပ်ိဳမရွိတာေၾကာင့္ ရွင္သန္ဆဲအပင္ဆီကေန ျဖတ္ေတာက္ၿပီး ပင္ပ်ိဳျပန္စိုက္ပါတယ္။

မသန္စြမ္းေတြ ျဖစ္ၾကေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမရင္း အတူတူ ႀကိဳးစားခဲ့ၾကပါတယ္။ Wengi က သူ႔ေက်ာေပၚမွာ Haixia ကို တင္ၿပီး ျမစ္ကို ျဖတ္ကူးပါတယ္။ Haixia က သစ္ပင္ေပၚတက္ၿပီး ကိုင္းမကို ျဖတ္ပါတယ္။ သစ္ပင္ေပၚကေန ဆင္းလာၿပီးရင္ Haixia က ေျမႀကီးတူးၿပီး ျဖတ္လာတဲ့ ကိုင္းကို စိုက္ပါတယ္။ Wenqi ကေတာ့ ပင္ပ်ိဳေလးကို ျပဳစုၿပီး ေရေလာင္းေပးပါတယ္။

၁၀ ႏွစ္ေက်ာ္အတြင္းမွာ သူတို႔သူငယ္ခ်င္း ႏွစ္ေယာက္ဟာ အပင္ေပါင္း အနည္းဆုံး တစ္ေသာင္းေက်ာ္ စိုက္ပ်ိဳးခဲ့ၾကပါတယ္။ သူတို႔ရဲ႕ အလုပ္ႀကိဳးစားမႈ၊ စိတ္အားထက္သန္မႈေၾကာင့္ လူအမ်ားရဲ႕ အာ႐ုံစိုက္မႈနဲ႔ ေထာက္ပံ့မႈေတြ ရခဲ့ပါတယ္။ လူအခ်ိဳ႕က သူတို႔ႏွစ္ေယာက္ရဲ႕ ဘဝအတြက္ ေငြေတြလႉေပးၾကပါတယ္။

ကံေကာင္းတဲ့ Haixia က က်န္းမာေရးအဖြဲ႕တစ္ခုရဲ႕ အကူအညီနဲ႔ ဘယ္ဘက္မ်က္လုံး ျပန္ျမင္လာခဲ့ပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ကမာၻႀကီးက်န္းမာေစဖို႔ အလုပ္အတူတူ ႀကိဳးစားလ်က္ပါ။

Zombie (Lovemedia)

Leave a Comment