အောက်ဆုံးတွင် ရုပ်သံဖိုင် ပါဝင်ပါသည်..

ခြင်္သေ့တွေ သားကောင်ကို အားရပါးရ စားသောက်နေတဲ့ video ကို ကြည့်ပြီး ကြောင်လေးက အရမ်းကို ကြောက်နေတာပါ။ ကြောင်လေး ကြောက်နေတဲ့ မျက်နှာလေးက ချစ်စရာလေးပါပဲ။ ဒီချစ်စရာ ကောင်းတဲ့ video လေးကို တရုတ်နိုင်ငံ၊ Guangzhou မြို့က ကြောင်ပိုင်ရှင်တစ်ယောက်က မှန်ထဲကနေ video ရိုက်ထားခဲ့တာ ဖြစ်ပါတယ်။

အလွန် ကြောက်နေတဲ့ မျက်နှာလေးနဲ့ မီးခိုရောင်ကြောင်လေးက ဆိုဖာပေါ်မှာ ထိုင်နေတာကို မှန်ထဲကနေ တွေ့ရပါတယ်။ အသက်သုံးနှစ် ရှိပြီဖြစ်တဲ့ ကြောင်လေးက ခြင်္သေ့တစ်ကောင်နဲ့ မျိုးရိုးဗီဇအချို့နဲ့ တူပြီး အာဖရိကကြောင်ရိုင်း အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

Bronx တိရစ္ဆာန်ရုံနဲ့ Edinburgh တက္ကသိုလ်က အိမ်မွေးကြောင်တွေရဲ့ ပင်ကိုစရိုက်နဲ့ စကော့တလန်ကြောင်ရိုင်း၊ နှင်းကျားသစ်၊ အာဖရိက ခြင်္သေ့တွေရဲ့ ပင်ကိုစရိုက်တွေကို နှိုင်းယှဉ်ကြည့်ခဲ့ ပါတယ်။ ခြင်္သေ့ရဲ့ အင်အားကြီးမားခြင်း၊ စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်းစတဲ့ လက္ခဏာတွေက ကြောင်တွေမှာလည်း တွေ့ရပါတယ်။

ကြောင်တွေက ရွှေရောင်အမွှေးတွေရှိတဲ့ ခြင်္သေ့တွေလိုပဲ တစ်ခါတစ်ခါ စိတ်အနည်းငယ် မူမမှန်ပါဘူး။ ဒါပေမယ့် သင့်အိမ်မှာ ခြင်္သေအသေးစားလေးတစ်ကောင် ရောက်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ကြောင်တွေရဲ့ အချိန်တော်တော်များများကို အိပ်နေတတ်တာတွေ၊ တစ်ခုခုကို ကုတ်ခြစ်နေတတ်တာတွေ စတဲ့ လက္ခဏာတွေက ခြင်္သေ့နဲ့ တူပါတယ်။ ဒါပေမယ့် သင့်ကြောင်လေးက တညောင်ညောင်နဲ့ နားကွဲမတတ် အော်နေတတ်တာလည်း ချစ်စရာ ကောင်းတာပါပဲ။

Zombie (Lovemedia)

for zawgyi

ျခေသၤ့ေတြ စားေသာက္ေနပုံကိုၾကည့္ပီး လန႔္ဖ်န႔္သြားတဲ့ ေၾကာင္ေလး (႐ုပ္သံ)

ျခေသၤ့ေတြ သားေကာင္ကို အားရပါးရ စားေသာက္ေနတဲ့ video ကို ၾကည့္ၿပီး ေၾကာင္ေလးက အရမ္းကို ေၾကာက္ေနတာပါ။ ေၾကာင္ေလး ေၾကာက္ေနတဲ့ မ်က္ႏွာေလးက ခ်စ္စရာေလးပါပဲ။ ဒီခ်စ္စရာ ေကာင္းတဲ့ video ေလးကို တ႐ုတ္ႏိုင္ငံ၊ Guangzhou ၿမိဳ႕က ေၾကာင္ပိုင္ရွင္တစ္ေယာက္က မွန္ထဲကေန video ႐ိုက္ထားခဲ့တာ ျဖစ္ပါတယ္။

အလြန္ ေၾကာက္ေနတဲ့ မ်က္ႏွာေလးနဲ႔ မီးခိုေရာင္ေၾကာင္ေလးက ဆိုဖာေပၚမွာ ထိုင္ေနတာကို မွန္ထဲကေန ေတြ႕ရပါတယ္။ အသက္သုံးႏွစ္ ရွိၿပီျဖစ္တဲ့ ေၾကာင္ေလးက ျခေသၤ့တစ္ေကာင္နဲ႔ မ်ိဳး႐ိုးဗီဇအခ်ိဳ႕နဲ႔ တူၿပီး အာဖရိကေၾကာင္႐ိုင္း အမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။

Bronx တိရစာၦန္႐ုံနဲ႔ Edinburgh တကၠသိုလ္က အိမ္ေမြးေၾကာင္ေတြရဲ႕ ပင္ကိုစ႐ိုက္နဲ႔ စေကာ့တလန္ေၾကာင္႐ိုင္း၊ ႏွင္းက်ားသစ္၊ အာဖရိကျခေသၤ့ေတြရဲ႕ ပင္ကိုစ႐ိုက္ေတြကို ႏႈိင္းယွဥ္ၾကည့္ခဲ့ ပါတယ္။ ျခေသၤ့ရဲ႕ အင္အားႀကီးမားျခင္း၊ စိတ္လိုက္မာန္ပါ လုပ္တတ္ျခင္းစတဲ့ လကၡဏာေတြက ေၾကာင္ေတြမွာလည္း ေတြ႕ရပါတယ္။

ေၾကာင္ေတြက ေ႐ႊေရာင္အေမႊးေတြရွိတဲ့ ျခေသၤ့ေတြလိုပဲ တစ္ခါတစ္ခါ စိတ္အနည္းငယ္ မူမမွန္ပါဘူး။ ဒါေပမယ့္ သင့္အိမ္မွာ ျခေသၤအေသးစားေလးတစ္ေကာင္ ေရာက္ေနတယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။

ေၾကာင္ေတြရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အိပ္ေနတတ္တာေတြ၊ တစ္ခုခုကို ကုတ္ျခစ္ေနတတ္တာေတြ စတဲ့ လကၡဏာေတြက ျခေသၤ့နဲ႔ တူပါတယ္။ ဒါေပမယ့္ သင့္ေၾကာင္ေလးက တေညာင္ေညာင္နဲ႔ နားကြဲမတတ္ ေအာ္ေနတတ္တာလည္း ခ်စ္စရာ ေကာင္းတာပါပဲ။

video

Zombie (Lovemedia)