Uncategorized

စွန့်ပစ်ပစ္စည်းများကို ပရိဘောဂတွေအဖြစ် ဖန်တီးပြုလုပ်ပေးနေတဲ့ အင်ဂျင်နီယာလေး

ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဖျက်စီးပစ်လို့မရတဲ့ ပလပ်စတစ်တွေကို ပြန်လည်အသုံးပြုလို့ရအောင် ပလပ်စတစ်ခုံလေးတွေ ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အရမ်းကိုမှ အထင်ကြီးစရာပါပဲနော်။ ယခုပြောပြပေးမှာကတော့ ဘယ်လိုမှဖျက်စီးလို့မရတဲ့ ပလပ်စတစ်တွေကိုနေ့စဉ်နဲ့အမျှ သုံးစွဲလာကြတဲ့ပမာဏက အရမ်းကိုများပြားလာပါတယ်။ စွန့်ပစ်ပလပ်စတစ်အမှိုက်ကလည်း နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း ထုနဲ့ထည် ထွက်ပေါ်နေဦးမှာပဲဖြစ်ပါတယ်။ ယခုလို ပလပ်စတစ်အမှိုက်တွေဟာ နေ့စဉ် တန်ပေါင်းများစွာ ထွက်ပေါ်လျက်ရှိနေပြီး ရာနှုန်းပြည့်


ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း တစ်ဖက်တစ်လှမ်းက ကိုယ်တက်နိုင်တဲ့နေရာကနေ ထိန်းသိမ်းမှုတွေ၊ Recycle ပြန်လုပ်နေတာတွေတော့ အနည်းနဲ့အများရှိပါတယ်။ Recycleကို အကုန်လုံးနီးပါး ပြန်လည်မလုပ်နိုင်သေးတဲ့အတွက် စွန့်ပစ်အမှိုက်တွေဟာ ဆက်လက်ပြီး တည်ရှိနေဦးမှာပါ။



ယခုမှာလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ ဒီလိုမျိုး နေစဉ်နဲ့အမျှ စွန့်ပစ်နေကြတဲ့ ပလပ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးပြုပြီး ကျောင်းသားလေးတွေအတွက် လိုအပ်နေတဲ့ စာရေးခုံတွေ၊ ထိုင်ခုံတွေ ပြုလုပ်ပေးနေကြတယ်လို့လည်း သိရှိရပါတယ်။ ဒါဟာ ကျောင်းသားလေးတွေ အတွက်လည်း အကျိုးရှိသလို၊ Recycle အနေနဲ့လည်း ပြန်လည်အသုံးပြုနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ရော လူမှုပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရာ ရောက်ပါတယ်။ သူ့ရဲ့ လေးစားဖွယ်ရာစိတ်ကူးလေးနဲ့ လုပ်ရပ်လေး


ကတော့ အခြားနိုင်ငံတွေကအစ သဘောကျနှစ်သက်မိမှာ အမှန်ပါပဲ။ ထိုအင်ဂျင်နီယာအမျိုးသားတစ်ဦးရဲ့ နာမည်ကတော့ Winchester Lemenလို့ခေါ်ဆိုပြီး Envirotech တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ Davaoမြို့မှာနေထိုင်နေပြီး Envirotech Wasteလုပ်ငန်းစုကြီးကို လည်ပတ်အောင် လုပ်ဆောင်နေတာဟာ အခုဆိုရင် တော်တော်လေးအောင်မြင်နေပါပြီ ဖြစ်ပါတယ်။


ဒီ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေကို ထိုင်ခုံတွေ၊ စာရေးခုံတွေ ဖြစ်လာဖို့အတွက် ပထမဦးဆုံး သန့်စင်ခြင်း၊ အရည်ကျိုပုံလောင်းခြင်း၊ ဆေးရောင်းစုံချယ်ခြင်း အစရှိတာတွေကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ရပါတယ်။ မကြာသေးမှီကလည်း ဧည့်သည်တစ်ဦးက သူ့ရဲ့ကျောင်းအတွက် Lemenဆီမှာ ထိုင်ခုံ အခု ၂၀၀ အော်ဒါလာမှာသွားသေးတယ်လို့လည်း သိရှိပါတယ်။


Quezon မြို့တော်ဝန် Herbert Bautista ကလည်း Green Fundဆိုတဲ့အဖွဲ့ကို တည်ထောင်လိုက်ပြီး ပလပ်စတစ်အမှိုက်တွေကို Recycle ပြန်လည်ပြုလုပ်ပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ ထောက်ပံ့မှုတွေလည်း ပေးနေတယ်လို့ ကြားသိရပါတယ်။ အခုလို ဖျက်စီးလို့မရတဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေနဲ့ ကျောင်းသားတွေအတွက်စာရေးခုံတွေ၊ ထိုင်ခုံတွေပြုလုပ်ကြတာဟာ သစ်သားသုံးမဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာကြောင့် ၃နှစ်အရွယ် သစ်ပင်တစ်ပင်ကို ရှင်သန်ခွင့်ပေးလိုက်တာနဲ့တူပါတယ်လို့ Lemen ကဆိုပါတယ်။


ဒီလိုမျိုး ဖျက်စီးလို့မရမယ့်အတူတူ ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်လိုက်တာကလည်း သဘာဝသယံဇာတကို ထိန်းသိမ်းရာရောက်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာလည်း အမှိုက်တွေ လုံးဝမကင်းစင်နိုင်ရင်တောင် ညစ်ညမ်းမှုဟာ သိသိသာသာ လျော့ကျသွားမယ်ဆိုတာ အမှန်ပါပဲ။


အချိန်ပေးပြီး ဖတ်ရှုခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကို ဖတ်ရှုပြီးနိုင်ငံတိုင်းမှာလည်း ဒီလိုမျိုး ဖျက်စီးဖို့မလွယ်ကူတဲ့ စွန့်ပစ်ပလပ်စတစ်တွေကို ယခုလိုမျိုး ပြန်လည်အသုံးပြု လိုက်မယ်ဆိုရင် လေထုညစ်ညမ်းတာလည်း လျော့ကျပြီး သဘာဝ သယံဇာတကိုလည်း ထိန်းထားနိုင်မှာ အမှန်ပါပဲနော်၊ ညစ်ညမ်းမှုကင်းစင်တဲ့ သဘာဝကပေးတဲ့ လေထုကိုအပြည့်အဝရရှိကြမှာပါ။


ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Comment