Uncategorized

စက္ဘီးကို အရွိန္နဲ႔ ေမာင္းႏွင္ၿပီး ေသတၱာသုံးလုံးကို ဟန္ခ်က္ညီညီထိန္းႏိုင္ခဲ့တဲ့ ေကာင္ေလးတစ္ဦးကို ခ်ီးက်ဴးေနခဲ့ၾက

ေစ်းေရာင္းသည္ေကာင္ေလးတစ္ဦးဟာ yakult ေသတၱာမ်ားသူ႔ရဲ႕ ေခါင္းေပၚမွာ ဟန္ခ်က္ညီညီထိန္းထားၿပီး စက္ဘီးေမာင္းႏွင္ေနတဲ့ဗြီဒီယိုဖိုင္ကို တင္ခဲ့ၿပီးေနာက္ ျပန႔္ႏွံ႔သြားခဲ့ပါတယ္ ။ netizen Bruce Dolores က ေကာင္ေလးဟာ စက္ဘီးနဲ႔ျဖတ္သြားစဥ္ ျမင္လိုက္ၿပီး ကေလးရဲ႕ပုံနဲ႔ဗီဒီယိုအခ်ိဳ႕ကို ႐ိုက္ယူခဲ့တာပါ ။ Bruce က မည္သူျဖစ္ႏိုင္ေၾကာင္း၊ မည္သည့္ေနရာတြင္ေတြ႕ခဲ့တယ္ဆိုတာကို အေသးစိတ္မေဖာ္ျပခဲ့ေသာ္လည္း တစ္စုံတစ္ေယာက္က သူ႔ရဲ႕ပို႔စ္မွာ ကေလးက“ Mark” လို႔ ေခၚၿပီး Parañaqueၿမိဳ႕မွာ ေနထိုင္တယ္ ဆိုၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္ ။


မ်ားစြာေသာ အင္တာနက္သုံးသူက အေဝးေျပးလမ္းတစ္ေလွ်ာက္စက္ဘီးကိုအရွိန္နဲ႔ ေမာင္းရင္း သူ႔ရဲ႕ေခါင္းေပၚရွိ ေသတၱာသုံးလုံးကို ထိန္းညႇိျခင္းေၾကာင့္ အလြန္အထင္ႀကီးၾကပါတယ္ ။ ၎ဟာ မွားယြင္းတဲ့အေျပာင္းအေ႐ြ႕တစ္ခုလုပ္မိခဲ့ရင္ သူနဲ႔သူ႔ရဲ႕ပစၥည္းေတြပ ေျမေပၚသို႔ က်ေစႏိုင္တယ္လို႔ စဥ္းစားလိုက္တဲ့အခါမ်ာ အႏၲရာယ္မ်ားစြာ ရွိခဲ့ပါတယ္။ Bruce က ကေလးဟာ အရွိန္နဲ႔ေမာင္းတာေၾကာင့္ အေသးစိတ္မေမးျမန္းႏိုင္ခဲ့ေပမယ့္ ေကာင္ေလးက ထိုေရခဲေသတၱာအတြင္းမွ yakult ကို ေရာင္းၿပီး က်န္ေသတၱာႏွစ္ခုအတြင္းမွ kakanin အမ်ိဳးမ်ိဳးကို ေရာင္းတာပါ ။ ေနာက္ၿပီး ေကာင္ေလးက လမ္းေၾကာင္းျဖတ္သြားစဥ္မွာ ေသတၱာသုံးလုံးကို ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းျခင္းကို ကြၽမ္းက်င္ပုံရပါတယ္ ။


JRose (Mckzone Daily)


Source : rachfeed


Unicode


စျေးရောင်းသည်ကောင်လေးတစ်ဦးဟာ yakult သေတ္တာများသူ့ရဲ့ ခေါင်းပေါ်မှာ ဟန်ချက်ညီညီထိန်းထားပြီး စက်ဘီးမောင်းနှင်နေတဲ့ဗွီဒီယိုဖိုင်ကို တင်ခဲ့ပြီးနောက် ပြန့်နှံ့သွားခဲ့ပါတယ် ။ netizen Bruce Dolores က ကောင်လေးဟာ စက်ဘီးနဲ့ဖြတ်သွားစဉ် မြင်လိုက်ပြီး ကလေးရဲ့ပုံနဲ့ဗီဒီယိုအချို့ကို ရိုက်ယူခဲ့တာပါ ။ Bruce က မည်သူဖြစ်နိုင်ကြောင်း၊ မည်သည့်နေရာတွင်တွေ့ခဲ့တယ်ဆိုတာကို အသေးစိတ်မဖော်ပြခဲ့သော်လည်း တစ်စုံတစ်ယောက်က သူ့ရဲ့ပို့စ်မှာ ကလေးက“ Mark” လို့ ခေါ်ပြီး Parañaqueမြို့မှာ နေထိုင်တယ် ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ် ။


များစွာသော အင်တာနက်သုံးသူက အဝေးပြေးလမ်းတစ်လျှောက်စက်ဘီးကိုအရှိန်နဲ့ မောင်းရင်း သူ့ရဲ့ခေါင်းပေါ်ရှိ သေတ္တာသုံးလုံးကို ထိန်းညှိခြင်းကြောင့် အလွန်အထင်ကြီးကြပါတယ် ။ ၎င်းဟာ မှားယွင်းတဲ့အပြောင်းအရွေ့တစ်ခုလုပ်မိခဲ့ရင် သူနဲ့သူ့ရဲ့ပစ္စည်းတွေပ မြေပေါ်သို့ ကျစေနိုင်တယ်လို့ စဉ်းစားလိုက်တဲ့အခါမျာ အန္တရာယ်များစွာ ရှိခဲ့ပါတယ်။ Bruce က ကလေးဟာ အရှိန်နဲ့မောင်းတာကြောင့် အသေးစိတ်မမေးမြန်းနိုင်ခဲ့ပေမယ့် ကောင်လေးက ထိုရေခဲသေတ္တာအတွင်းမှ yakult ကို ရောင်းပြီး ကျန်သေတ္တာနှစ်ခုအတွင်းမှ kakanin အမျိုးမျိုးကို ရောင်းတာပါ ။ နောက်ပြီး ကောင်လေးက လမ်းကြောင်းဖြတ်သွားစဉ်မှာ သေတ္တာသုံးလုံးကို ဟန်ချက်ညီအောင် ထိန်းကျောင်းခြင်းကို ကျွမ်းကျင်ပုံရပါတယ် ။

JRose (Mckzone Daily)

Leave a Comment