Uncategorized

မိသားစုဓာတ်ပုံကို ယူလာခိုင်းလိုက်တဲ့အိမ်စာအား ကြေကွဲဖွယ်တုံ့ပြန်ခဲ့တဲ့ကျောင်းသားတစ်ဦးကြောင့် ဝမ်းနည်းကာ စိတ်မကောင်းဖြစ်သွားခဲ့ရတဲ့ ဆရာတစ်ဦး

ဖိလစ်ပိုင်နိုင်ငံ Davao မြို့ T. Awad Echevarria မူလတန်းကျောင်းတွင် ဆရာတစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ Cuevas အမည်ရှိအမျိုးသားဟာ သူ့ရဲ့ကျောင်းသားများအား ကိုယ့်ရဲ့မိသားစုဓာတ်ပုံကို ကျောင်းသို့ယူလာဖို့ဆိုတဲ့ ရိုးရှင်းတဲ့ assignment တစ်ခုလုပ်ရန် မှာကြားခဲ့ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ သူ့ရဲ့မိသားစုဝင်အားလုံးက မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားခဲ့ရတဲ့အကြောင်းကို ပြောပြထားတဲ့ Rheann Khinn Cabahog အမည်ရှိကျောင်းသားလေးတစ်ဦးရဲ့ assignment ကို မြင်လိုက်ရပြီးနောက်မှာ Cuevas ဟာ အလွန်ပင် စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ သူ့အတွက် ရိုးရှင်းတဲ့ assignment တစ်ခုဟုထင်ရသည့်အရာဟာ ယခုအခါကောင်လေးအတွက် ချိုမြိန်တဲ့အမှတ်တရတစ်ခုဖြစ်လာခဲ့ရပါတယ်။


Khinn က သူ့ရဲ့ assignment ကို သူ့ဆရာအား တင်ပြတဲ့အခါ သူဟာ တစ်ချိန်က အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ဘဝမျိုးမှာနေထိုင်ခဲ့ရပေမဲ့ မီးက သူ့မိသားစုဝင်များရဲ့အသက်တွေကို နုတ်ယူသွားခဲ့ပြီး လက်ရှိမှာတော့ သူဟာ တစ်ယောက်တည်းသာ ကျန်ရှိခဲ့ရတဲ့အကြောင်းများကို ရေးသားခဲ့ပါတယ်။


ထိုကဲ့သို့သော မျှော်လင့်မထားတဲ့အဖြစ်ဆိုးကြောင့် အံ့သဩသွားခဲ့တဲ့ Cuevas က Khinn အား သူ့ရဲ့အကြောင်းကိုပြောပြရန် တောင်းဆိုခဲ့ပါတယ်။ Khinn က အရင်တုန်းက သူဟာ Davao မြို့၌ သူ့အဖွားနှင့်အတူရှိနေစဉ် သူ့ရဲ့မိဘများနှင့် ကျန်မောင်နှမများက Isabela မြို့မှာ နေထိုင်ခဲ့ကြကြောင်းကို Cuevas အား ပြောပြခဲ့ပါတယ်။


၎င်းဖြစ်ရပ်ဆိုးများမဖြစ်ပွါးမီက Khinnရဲ့ အဖေဟာ သူ့သားအား Isabela မြို့သို့ ပြန်ပြောင်းလာရန်တောင်းဆိုခဲ့သော်လည်း ထိုအချိန်က Khinn ရဲ့ အတန်းပိုင်ဖြစ်တဲ့ Josephine Echavez Sumarago က သဘောမတူခဲ့ဘဲ Khinn အား Isabela မြို့သို့ မပြောင်းခင်မှာ သူ့ရဲ့ကျောင်းကို တစ်နှစ်ပြီးအောင်တက်လိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ငြင်းဆန်ကာ ပြောကြားခဲ့ပါတယ်။


ကံမကောင်းစွာနဲ့ပဲ ရက်အနည်းငယ်အကြာမှာတော့ မီးကြောင့် အသက်ဆုံးရှုံးသွားခဲ့ကြပြီးနောက်မှာ မိသားစုဝင်များဟာ Khinn ကို တစ်သက်လုံးပြန်မတွေ့နိုက်တော့ပါဘူး။ ကောင်လေးရဲ့အဆိုအရ မီးစတင်လောင်ကျွမ်းချိန်မှာ သူ့ရဲ့မိသားစုဝင်များဟာ အိပ်ပျော်နေခဲ့ကြပါတယ်။


အတန်းပိုင်ဖြစ်သူက သူ့ကိုသာ Isabela မြို့သို့လွှဲပြောင်းဖို့ သဘောတူခဲ့ရင်တော့ သူလည်းသူ့အသက်ကိုဆုံးရှုံးသွားရလိမ့်မည်ဟု Khinn က ထိုကဲ့သို့ပြောကြားခဲ့ပါတယ်။ ယခုအခါ Khinn ဟာ မိဘမဲ့တစ်ဦးဖြစ်ပြီးသူ့ရဲ့မိသားစုကို အရမ်းလွမ်းနေတယ်လို့ဆိုပေမဲ့လည်း Davao မြို့မှာ သူ့အား စောင့်ရှောက်ပေးနေတဲ့အဘိုးအဘွားများနှင့် သူငယ်ချင်းများလည်းရှိနေသေးတာကြောင့် သူ့ရဲ့ဘဝကို ပျော်ရွှင်စွာ ၊အကျိုးရှိစွာနဲ့ ဖြတ်သန်းနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။


ဒီအဖြစ်ဆိုးကို လက်ခံဖို့ Khinn အတွက် ဆိုးရွားတဲ့အရာဖြစ်ပေမယ့်အရာအားလုံးက အကြောင်းတစ်ခုခုကြောင့် ဖြစ်ပျက်ခဲ့တာကြောင့် Khinn အနေနဲ့ အားတင်းထားပြီး ဘယ်တော့မှလက်မလျှော့လိုက်ဖို့အတွက် မျှော်လင့်ကာဆုတောင်းပေးနေမိပါတယ်ဗျာ။

Mia (Mckzone Daily)

Source : goodtimes

Leave a Comment