အင်ဒိုနီးရှား အမျိုးသမီးတွေရဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အင်ဒိုနီးရှားအမျိုးသမီးတွေက နေရောင်ထိတွေ့မှာ များပေမယ့်လည်း သူတိုအသားအရေက လှပနေပါသေးတယ်။ ယဉ်ကျေးမှုများစွာရှိသလိုမျိုး သူတိုရဲ့ ကိုယ်ပိုင်အရင်းအမြစ်ကို အသုံးပြုကြပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တိုပေ့ခ်ျကနေ အင်ဒိုနီးရှား အမျိုးသမီးတွေရဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်။
(၁) အထူးစီမံဖော်ထုတ်ထားတဲ့ အင်ဒိုနီးရှား ဖျော်ရည်

Jamu က သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့ အင်ဒိုနီးရှားရိုးရာအချိုရည်ဖြစ်ပါတယ်။ကျန်းမာရေးကောင်းမွန်စေဖို ရာစုနှစ်များစွာ အသုံးပြုခဲ့ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ _ နနွင်း – 125 ဂရမ် ၊ ဂျင်း- 20 ဂရမ် ၊ အနက်ရောင်ငရုတ်ကောင်း – အနည်းငယ် ၊ သံပုရာသီး – စားပွဲတင်ဇွန်းနှစ်ဇွန်း ၊ ပျားရည် – စားပွဲတင်ဇွန်းနှစ်ဇွန်း၊ အုန်းရည် 4 ခွက်
(၂) ရိုးရာ body scrub
အင်ဒိုနီးရှားလူမျိုးတွေက အရေပြားကို သန့်စင် ပျော့ပျောင်းစေဖို အထူးထုံးတမ်းဓလေ့တစ်ခုရှိပါတယ်။ lulu treatment ဟုခေါ်ပါတယ်။ scrubကို ဆန်မှုန့်၊ ပန်ဒါရွက်၊ သစ်ကြံပိုးခေါက်နှင့် နနွင်းတိုဖြင့် ပြုလုပ်ထားပါတယ်။
(၃) ရိုးရာ Balinese Borehကို အသုံးပြုခြင်း
နောက်ထပ် ရိုးရာနှင့် ရှေးထုံးတမ်းဓလေ့တစ်ခုက Boreh wrap ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှုကို နှိးဆွပေးပြီး ကြွက်သားနာကျင်မှုကို သက်သာစေနိုင်တဲ့ mask ဖြစ်ပါတယ်။ Mask က ဘာလီလူမျိုးတွေရဲ့ ဂျင်း၊ သစ်ကြံပိုးခေါက်၊ ကော်ဖီ၊ လေးညှင်းပွင့်၊ နနွင်း၊ ဆန်၊ ဆန်မှုန့်နဲ့ ငရုတ်ကောင်းနက်တိုကို ရောမွှေထားပါတယ်။
(၄) tummy masksအသုံးပြုခြင်း
ဒါက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကြားမှာ ရေပန်းစားတဲ့ ဓလေ့တစ်ခုပါ။ ဂျင်းနှင့်တူသော အမြစ်ဖြစ်တဲ့ “ကန်ကာ” ဖြင့် ပြုလုပ်ထားပါတယ်။ အသားအရေ တင်းရင်းမှုကို မြှင့်တင်ပေးပြီး အကြောပြတ်ရာများကို သက်သာစေပါတယ်။
(၅) နေ့စဉ် အင်ဒိုနီးရှား ကုထုံးသုံးခြင်း
bedak dingin (အအေးမှုန့်) လို ခေါ်ပါတယ်။ အဓိကပါဝင်ပစ္စည်းက ဗီတာမင် B နှင့် thiamine ပါဝင်တဲ့ ဆန်မှုန့်ဖြစ်ပါတယ်။ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။ ဆန်ရေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆန်ခွက်တစ်ဝက်ကိုယူပြီး ရေဖြည့်ပါ။ ရေတိမ်သွားတဲ့အထိ မိနစ်အနည်းငယ်လောက် စိမ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။
(၆) နေ့တိုင်းအုန်းရည်သောက်ခြင်း
အင်ဒိုနီးရှားအမျိုးသမီးတွေက အုန်းရေကို နေ့တိုင်းသောက်ဖို အကြံပြုထားပါတယ်။ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အဆီကင်းစင်ကာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။