တော်တော်များများ မသိကြသေးတဲ့ ကလေးငယ်ရဲ့ သန့်ရှင်းရေး အလေ့အကျင့်
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ကလေးရေချိုးခြင်းက သန့်ရှင်းေရးအတွက် ကောင်းပေမယ့်လည်း ဘေးကင်းဖိုက ပိုအရေးကြီးပါတယ်။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တိုပေ့ခ်ျကနေ တော်တော်များများ မသိကြသေးတဲ့ ကလေးငယ်ရဲ့ သန့်ရှင်းရေး အလေ့အကျင့်တွေကို ပြောပြပေးသွားပါမယ်။
(၁) သင့်ကလေးကို တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် ရေချိူပေးသင့်သလဲ
မိဘတော်တော်များများက သားသမီးတွေကို နေ့တိုင်း ရေချိုးေပးရတာ ကြိုက်ပါတယ်။ ဒါပေမယ့် အရေပြားပြဿနာအချိုကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့် နေ့စဉ် ရေချိုးပေးဖိုက အမှန်တကယ် မလိုအပ်ပါဘူး။ အရွယ်ရောက်ပြီးသူတွေမှာတောင် အသားအရေ အလွန်ခြောက်သွေ့သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေကို တစ်ပတ်မှာ သုံးကြိမ်လောက်သာ ရေချိုးပေးသင့်ပါတယ်။
(၂) ဘယ်လိုရေချိုး ပစ္စည်းတွေ သုံးသင့်သလဲ
ကလေးငယ်ရဲ့ အရေပြားက အလွန်ထိခိုက်လွယ်ပါတယ်။ ဒါ့ကြောင့် ရေချိုးရေမြှုပ်ကို ရှာတဲ့အခါ ပျော့ပျောင်းပြီး hypoallergenic တစ်ခုခုကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။ ဒါ့အပြင် ဆန်းပြားတဲ့ ဒီဇိုင်းရှိပါက ကလေးနှင့်အတူ ကစားဖို အရုပ်လေးတစ်ရုပ်ထားပေးပါက ရေချိုးတဲ့အခါ ပျော်ရွှင်နေမှာပါ။
(၃) ဘယ်လိုနေရာတွေကို သန့်ရှင်းရေးပိုလုပ်သင့်သလဲ

ကလေးငယ်ကို ရေချိုးတဲ့အခါ လက်မောင်းအောက်၊ နားနောက်၊ လည်ပင်းတစ်ဝိုက်နှင့် သီးသန့်နေရာေတွက အတွန့်ေတွကို အထူးဂရုပြုသင့်ပါတယ်။ တစ်ကိုယ်လုံးကို နေ့တိုင်း ပွတ်တိုက်ဖို မလိုအပ်ပါဘူး။
(၄) ရေချိုးတဲ့အခါ ကလေးငယ်ရဲ့ နားနဲ့ မျက်စိကို ဘယ်လိုကာကွယ်ကြမလဲ
သင့်ကလေးရဲ့ဦးခေါင်းနှင့် ဆံပင်ကို ဖြည်းညှင်းစွာဆေးကြောပြီး သင့်လက်ချောင်းများဖြင့် နှိပ်နယ်ပေးပါ။ ခေါင်းလျှော်ရည် ဒါမှမဟုတ် ရေကို ကလေးရဲ့မျက်လုံးထဲမ၀င်စေဖို သင့်လက်ကို နဖူးပေါ်ညှပ်ထားပါ။
(၅) ကလေးမျက်လုံးသန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ

သင့်လက်ကို ဂရုတစိုက်ဆေးကြောပြီး သန့်စင်တဲ့ရေကို အဝတ် ဒါမှမဟုတ် ဂွမ်းလုံးနှင့် စွတ်ပါ။ သူတိုကို ပြန်အိပ်ပြီး မျက်လုံးမှိတ်ခိုင်းပါ။ အတွင်းပိုင်းမှ အပြင်ဘက်ထောင့်အထိ သုတ်ပါ။ မျက်လုံးတစ်ဖက်စီကို သန့်စင်ေစဖို တစ်ဖက်ကို တစ်ခုပဲ သုံးပါ။
(၆) နှာခေါင်းသန့်ရှင်းနည်း
နှာခေါင်းဆားရည် ဒါမှမဟုတ် နှာခေါင်းရှူဆေးကို သုံးနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ကောင်းမွန်ပြီး သင့်ကလေးရဲ့အသက်ရှူမှုကို သက်သာစေနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ဖို သင့်ကလေးရဲ့နှာခေါင်းထဲကို ပစ္စည်းတွေ လျှောက်ထိုးခြင်းကို ရှောင်ပါ။အန္တရာယ်များလွန်းပြီး ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တာကြောင့် ဂွမ်းစ၊ တစ်ရှူးများ ဒါမှမဟုတ် ချည်ဘောလုံးများကို မသုံးပါနှင့်။
(၇) နားကို တစ်ပတ်ဘယ်နှစ်ခါ သန့်ရှင်းရေး လုပ်ကြမလဲ
ကလေးရဲ့ နားဖာချေးကို ဖယ်ရှားဖို လိုအပ်ကြောင်းကို ဆရာဝန်တစ်ဦးတည်းကသာ ပြောပြနိုင်ပြီး သင့်ကလေးရဲ့ နားရွက်ကို မထိခိုက်စေဘဲ ဘယ်လိုပြုလုပ်ရမယ်ဆိုတာကို အကြံပြုနိုင်ပါတယ်။
(၈) ခြေသည်းလက်သည်း ညှပ်နည်း
ကလေးရဲ့ လက်သည်းက အလွန်လျင်မြန်စွာ ကြီးထွားလာနိုင်တဲ့အတွက်ကြောင့် အပတ်တိုင်း ဒါမှမဟုတ် ပုံမှန်ညှပ်ဖို လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ခြေသည်းေတွကေတာ့ ကြီးထွားဖိုအချိန်ပိုကြာတတ်တဲ့အတွက်ကြောင့် တစ်လလျှင် တစ်ကြိမ်သာ ညှပ်နိုင်ပါတယ်။ အရေပြားနှင့် အလွန်နီးကပ်စွာ မညှပ်ပါနှင့် ။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်