လူတွေဟာ သူတိုအချစ်ရေးနှင့် ပတ်သတ်ပြီး လူမှုကွန်ရက်ပေါ် တင်ရသည့် အကြောင်းအရင်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။မကြာသေးမီက လေ့လာမှုတွေအရ လူတွေဟာ သူတိုရဲ့ အချစ်ရေးနှင့် ပတ်သတ်ပြီး လိုင်းပေါ်တင်ကြတာကို စိတ်ပညာသဘောအရ Dyadic displaysလို ခေါ်ပါတယ်။ Dyadic displaysဆိုတာက အချစ်နဲ့ပတ်သတ်ပြီး romanticဆန်တာမျိူးပါ။
ဒီတစ်ခါမှာတော့ ကျွန်တော်တိုပေ့ခ်ျကနေ လူတွေဟာ သူတိုအချစ်ရေးနှင့် ပတ်သတ်ပြီး လူမှုကွန်ရက်ပေါ် တင်ရတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားပါမယ်။
(၁) သူတိုရဲ့ ဆက်ဆံရေးအေပါ်ကျေနပ်မှုရှိလိုပါ
လေ့လာမှုတစ်ခုအရ သူတိုကဲ့ ဆက်ဆံရေးအပေါ််မှာ ကျေနပ်မှုရှိသူတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ သူတိုရဲ့ လက်တွဲဖော်နဲ့ ပတ်သတ်ပြီး အသိပေးချင်ကြပါတယ်။ ပြောရမယ်ဆိုရင် စိတိကျေနပ်မှုရှိလေ ပုံတင်လေပါပဲ။ ဒါဟာ သူတိုကို စိတ်ကျေနပ်စေပါတယ်။
(၂) ကတိတည်ကြပါတယ်
ရှာဖွေမှုတစ်ခုအရ ဒီလိုသူတိုရဲ့ဆက်ဆံရေးကို လိုင်းပေါ်မှာ ပွင့်ပွင့်လင်းလင်းရှိသူတွေဟာ သူတိုရဲ့ လက်တွဲဖော်အပေါ် ပိုသံယောဇဉ်ကြီးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ရေရှည်သွားကြမယ့် ဆက်ဆံရေးပါ။
(၃) သူတိုအတွက် လုံခြုံမှုမရှိဘူးလို ခံစားရလိုပါ
လေ့လာမှာအရ Facebookပေါ်မှာ သူတိုဆက်ဆံရေးကို ပွင့်လင်းသူတွေသာ သူတိုဖောက်ပြန်ခံနေရတယ်လို ခံစားရလိုပါ။ အပေါ်ယံမှာ ပျော်ရွှင်ပြပြီး စိတ်ထဲမှာတော့ ဝမ်းနည်းချင် ဝမ်းနည်းနေနိုင်ပါတယ်။
(၄) သူတိုကိုယ် သူတိုယုံကြည်မှုမရှိလိုပါ
အချိုလူတွေက သူတိုဆက်ဆံရေးကို အွန်လိုင်းမှာ သိသာအောင် လုပ်ရတဲ့အကြောင်းရင်းေတွထဲက တစ်ခုကတော့ စိတ်အားထက်သန်တဲ့ပုံစံဖြင့် လိမ်လည်နေခြင်းဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မိမိကိုယ်ကို လေးစားမှုနည်းပါးကြပြီး စွန့်လွှတ်ခံရခြင်းတိုကို ကြောက်ရွံကြပါတယ်။
(၅) သူတိုလက်တွဲဖော်ကို ကာကွယ်ချင်လိုပါ
လူအချိုအတွက်ကတော့ ကာကွယ်ချင်လိုပါ ။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကတော့ တခြားသူတွေလက်ထဲက သူတိုလက်တွဲဖော်ကို ကာကွယ်ချင်လိုပါ။
(၆) သူတိုလက်တွဲဖော်နှင့် သူတိုကိုယ်တိုင်အပေါ် ယုံကြည်မှုရှိလိုပါ
တစ်ခါတလေမှာ သူတိုဆက်ဆံရေးကို ဖွင့်ချပြတာက သူတိုကို ယုံကြည်မှုရှိစေပါတယ်။ ဒါဟာ နှစ်ယောက်လုံးက perfectဖြစ်နေလိုပါပဲ။ ဒီလိုဆက်ဆံရေးမျိုးကလည်း ကြာရှည်တတ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်