success

အသက် (၃၀) ဝန်းကျင်မှာ ချမ်းသာတဲ့လူတစ်ယောက်ဖြစ်နိုင်ဖို့ ဒါတွေလိုက်နာပါ

အသက် (၃၀) ဝန်းကျင်မှာ ချမ်းသာတဲ့လူတစ်ယောက်ဖြစ်နိုင်ဖို့ ဒါတွေလိုက်နာပါ

အသက်(၃၀) ကျော်အရွယ်မှာကိုယ်ပိုင်လုပ်ငန်းတစ်ခုပိုင်ဆိုင်တဲ့ မီလျံနာတစ်ယောက်အဖြစ်နဲ့ အပျော်ခရီးတွေထွက်လိုက် နိုင်ငံခြားမှာ Shopping ထွက်လိုက်နဲ့ အပူပင်ကင်းတဲ့ဘဝမျိုးကို မလိုချင်တဲ့သူရှိပါ့မလား။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ပြောရလွယ်ပါတယ် စကားလုံး သုံးလုံးတည်းပါ။ဒါကတော့ စုဆောင်းခြင်းပဲဖြစ်ပါတယ်။

ပြောရလွယ်သလောက်လိုက်လုပ်နိုင်ဖို့ ခက်တာတစ်ခုကတော့ ငွေဆိုတဲ့အမျိုးက ကိုယ်ကချစ်မှကိုယ့်နားနေတာကြောင့်ပါ။စုဆောင်းတတ်ဖို့ဆိုရင် အလေ့အကျင့်တစ်ခုလိုပဲ ရေရှည်လေ့ကျင့်သွားဖို့လိုပါတယ်။ကိုယ်မှန်းထားတဲ့ Target တစ်ခုထိရောက်အောင် စုမိဆောင်းမိဖို့ အထောက်အကူပြုမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

 

 

 

ခုခေတ်လိုအဲကွန်းကားတွေနဲ့ Public Transportationတွေအားကောင်းလာချိန်မှာ ကားဆိုတာ ကိုယ်ပိုင်ကားတွေဇိမ်ခံကားတွေက ပကာသနတစ်ခုသက်သက်ပဲ ဖြစ်လာပါတယ်။လူအများနဲ့ ပူးပူးကပ်ကပ်မစီးချင်ရင်တော့ အကောင်းဆုံးက စက်ဘီးကောင်းကောင်းတစ်စီး သာဝယ်လိုက်ပါ။စက်ဘီးစီးခြင်းဟာ ကျန်းမာရေးအတွက်အထောက်ကူဖြစ်စေမယ့်အပြင် ဆီကုန်ငွေကုန်စရာမရှိသလို ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုလဲ လျော့ချပြီးသားဖြစ်ပါတယ်။တကယ့်ကိုချမ်းသာကြွယ်ဝပါတယ်ဆိုတဲ့ Englandလို Europeနိုင်ငံတွေမှာတောင် စက်ဘီးစီးဖို့ ပိုပြီးအားသန်ကြတာကို Oxfordကျောင်းသားတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

ဈေးကြီးတဲ့ Brandedတွေမှ သုံးမယ်ဆိုရင်တော့ စုဆောင်းမိဖို့ဆိုတာ အိပ်မက်တစ်ခုအဖြစ်ပဲ ရှိနေမှာပါ။မလိုအပ်ပဲသိန်းနဲ့ချီတဲ့ ပစ္စည်းတွေသုံးမယ့်အစား အရည်သွေးလဲကောင်းပြီး ဈေးသင့်တဲ့ပစ္စည်းမျိုးကိုပဲ ရွေးချယ်ပါ။အကောင်းဆုံးကတော့ ပစ္စည်းတစ်ခုကို လိုချင်လာပြီဆိုရင် မဝယ်ခင်ကိုယ့်အတွက် တကယ်လိုမလို ငါးကြိမ်ဆုံးဖြတ်ရပါမယ်။Needs and Wants ကိုသေချာနားလည်မယ်ဆိုရင်တော့ စုဆောင်းရတာသင့်အတွက်လွယ်ကူလာမှာပါ။

အပြင်မှာထွက်စားတာဟာ ရံဖန်ရံခါပဲ ကောင်းပါတယ်။ဒါမဲ့ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းကတော့ ကျန်းမာရေးနဲ့ညီညွတ်စေမယ့်အပြင် ငွေကုန်ကြေးကျလည်း အတော်လေးသက်သာစေမှာပါ။ဟင်းမချက်တတ်သေးရင်လည်း အားမငယ်ပါနဲ့။Youtubeမှာတင် Videoတွေအများကြီးရှိပါတယ်။ကိုယ်စားချင်တာလေး ရိုက်နှိပ်ပြီး လိုက်ချက်ကြည့်ရုံပါပဲ။ဒီလိုလုပ်ခြင်းဖြင့်ကုန်ကျစရိတ် သိသိသာသာလေးကို လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။

 

 

တိုက်ခန်းတွေ မြေကွက်တွေဝယ်ခြင်းက ဘဏ်ထဲမှာပဲထည့်ထားခြင်းထက်ရင်းနှီးမြုပ်နှံထားခြင်းက သင်အားစိုက်စရာမလိုပဲ ငွေပေါ်ငွေဆင့်စေမှာပါ။ခုလိုစီးပွားရေးမတည်ငြိမ်တဲ့အချိန်မှာ ရှယ်ယာဝယ်ဖို့ထက် အကောင်းဆုံးကတော့ အိမ်ခြံမြေဝယ်ထားခြင်းပါ။အိမ်ခြံမြေဈေးကွက်ဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတက်ပဲရှိပါတယ်။ဒါကြောင့်အခြားဇိမ်ခံပစ္စည်းတွေဝယ်ဖို့ထက် အိမ်ခြံမြေဝယ်ဖို့ အရင်ဆုံးစဉ်းစားပါ။

လောကမှာဘယ်အရာမှ လွယ်လွယ်မရနိုင်သလိုအထူးသဖြင့် မရနိုင်တာကတော့ ငွေပါ။ဘဝမှာရေရှည်ချမ်းသာချင်တယ်ဆိုရင်တော့သမာအာဇီဝကျတဲ့ နည်းနဲ့ငွေရှာခြင်းက အကောင်းဆုံးပါပဲ။ငွေမျက်နှာတစ်ခုထဲနဲ့ လောင်းကစားလိုမျိုး ဖြတ်လမ်းလိုက်မယ်ဆိုရင် ကိုယ့်လက်ရှိဘဝလေးပါ ဆုံးရှုံးစေနိုင်မှာပါ။ကံကိုယုံလို့ ဆူးပုံနင်းရမယ့်အထဲမှာ လောင်းကစားကထိပ်ဆုံးကပါ။အဲ့အတွက်တသက်လုံး ရှောင်ကြဉ်နိုင်မယ်ဆိုရင် သင့်တစ်ဘဝလုံးအတွက် ရေရှည်တည်တံ့တဲ့ ငွေကြေးအင်အားတစ်ခုကို ပိုင်ဆိုင်စေနိုင်မှာပါ။

Zawgyi

 

အသက္ (၃၀) ဝန္းက်င္မွာ ခ်မ္းသာတဲ့လူတစ္ေယာက္ျဖစ္ႏိုင္ဖို႔ ဒါေတြလိုက္နာပါ

အသက္(၃၀) ေက်ာ္အ႐ြယ္မွာကိုယ္ပိုင္လုပ္ငန္းတစ္ခုပိုင္ဆိုင္တဲ့ မီလ်ံနာတစ္ေယာက္အျဖစ္နဲ႔ အေပ်ာ္ခရီးေတြထြက္လိုက္ ႏိုင္ငံျခားမွာ Shopping ထြက္လိုက္နဲ႔ အပူပင္ကင္းတဲ့ဘဝမ်ိဳးကို မလိုခ်င္တဲ့သူရွိပါ့မလား။ဘယ္လိုလုပ္ရမလဲဆိုရင္ေတာ့ ေျပာရလြယ္ပါတယ္ စကားလုံး သုံးလုံးတည္းပါ။ဒါကေတာ့ စုေဆာင္းျခင္းပဲျဖစ္ပါတယ္။

ေျပာရလြယ္သေလာက္လိုက္လုပ္ႏိုင္ဖို႔ ခက္တာတစ္ခုကေတာ့ ေငြဆိုတဲ့အမ်ိဳးက ကိုယ္ကခ်စ္မွကိုယ့္နားေနတာေၾကာင့္ပါ။စုေဆာင္းတတ္ဖို႔ဆိုရင္ အေလ့အက်င့္တစ္ခုလိုပဲ ေရရွည္ေလ့က်င့္သြားဖို႔လိုပါတယ္။ကိုယ္မွန္းထားတဲ့ Target တစ္ခုထိေရာက္ေအာင္ စုမိေဆာင္းမိဖို႔ အေထာက္အကူျပဳမယ့္ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို တင္ဆက္ေပးလိုက္ပါတယ္။

 

ခုေခတ္လိုအဲကြန္းကားေတြနဲ႔ Public Transportationေတြအားေကာင္းလာခ်ိန္မွာ ကားဆိုတာ ကိုယ္ပိုင္ကားေတြဇိမ္ခံကားေတြက ပကာသနတစ္ခုသက္သက္ပဲ ျဖစ္လာပါတယ္။လူအမ်ားနဲ႔ ပူးပူးကပ္ကပ္မစီးခ်င္ရင္ေတာ့ အေကာင္းဆုံးက စက္ဘီးေကာင္းေကာင္းတစ္စီး သာဝယ္လိုက္ပါ။စက္ဘီးစီးျခင္းဟာ က်န္းမာေရးအတြက္အေထာက္ကူျဖစ္ေစမယ့္အျပင္ ဆီကုန္ေငြကုန္စရာမရွိသလို ပတ္ဝန္းက်င္ေလထုညစ္ညမ္းမႈကိုလဲ ေလ်ာ့ခ်ၿပီးသားျဖစ္ပါတယ္။တကယ့္ကိုခ်မ္းသာႂကြယ္ဝပါတယ္ဆိုတဲ့ Englandလို Europeႏိုင္ငံေတြမွာေတာင္ စက္ဘီးစီးဖို႔ ပိုၿပီးအားသန္ၾကတာကို Oxfordေက်ာင္းသားေတြကို ၾကည့္ျခင္းျဖင့္သိႏိုင္ပါတယ္။

ေဈးႀကီးတဲ့ Brandedေတြမွ သုံးမယ္ဆိုရင္ေတာ့ စုေဆာင္းမိဖို႔ဆိုတာ အိပ္မက္တစ္ခုအျဖစ္ပဲ ရွိေနမွာပါ။မလိုအပ္ပဲသိန္းနဲ႔ခ်ီတဲ့ ပစၥည္းေတြသုံးမယ့္အစား အရည္ေသြးလဲေကာင္းၿပီး ေဈးသင့္တဲ့ပစၥည္းမ်ိဳးကိုပဲ ေ႐ြးခ်ယ္ပါ။အေကာင္းဆုံးကေတာ့ ပစၥည္းတစ္ခုကို လိုခ်င္လာၿပီဆိုရင္ မဝယ္ခင္ကိုယ့္အတြက္ တကယ္လိုမလို ငါးႀကိမ္ဆုံးျဖတ္ရပါမယ္။Needs and Wants ကိုေသခ်ာနားလည္မယ္ဆိုရင္ေတာ့ စုေဆာင္းရတာသင့္အတြက္လြယ္ကူလာမွာပါ။

အျပင္မွာထြက္စားတာဟာ ရံဖန္ရံခါပဲ ေကာင္းပါတယ္။ဒါမဲ့ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ျခင္းကေတာ့ က်န္းမာေရးနဲ႔ညီၫြတ္ေစမယ့္အျပင္ ေငြကုန္ေၾကးက်လည္း အေတာ္ေလးသက္သာေစမွာပါ။ဟင္းမခ်က္တတ္ေသးရင္လည္း အားမငယ္ပါနဲ႔။Youtubeမွာတင္ Videoေတြအမ်ားႀကီးရွိပါတယ္။ကိုယ္စားခ်င္တာေလး ႐ိုက္ႏွိပ္ၿပီး လိုက္ခ်က္ၾကည့္႐ုံပါပဲ။ဒီလိုလုပ္ျခင္းျဖင့္ကုန္က်စရိတ္ သိသိသာသာေလးကို ေလ်ာ့က်သြားမွာပဲ ျဖစ္ပါတယ္။

 

တိုက္ခန္းေတြ ေျမကြက္ေတြဝယ္ျခင္းက ဘဏ္ထဲမွာပဲထည့္ထားျခင္းထက္ရင္းႏွီးျမဳပ္ႏွံထားျခင္းက သင္အားစိုက္စရာမလိုပဲ ေငြေပၚေငြဆင့္ေစမွာပါ။ခုလိုစီးပြားေရးမတည္ၿငိမ္တဲ့အခ်ိန္မွာ ရွယ္ယာဝယ္ဖို႔ထက္ အေကာင္းဆုံးကေတာ့ အိမ္ၿခံေျမဝယ္ထားျခင္းပါ။အိမ္ၿခံေျမေဈးကြက္ဟာ ျမန္မာႏိုင္ငံလို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ အတက္ပဲရွိပါတယ္။ဒါေၾကာင့္အျခားဇိမ္ခံပစၥည္းေတြဝယ္ဖို႔ထက္ အိမ္ၿခံေျမဝယ္ဖို႔ အရင္ဆုံးစဥ္းစားပါ။

ေလာကမွာဘယ္အရာမွ လြယ္လြယ္မရႏိုင္သလိုအထူးသျဖင့္ မရႏိုင္တာကေတာ့ ေငြပါ။ဘဝမွာေရရွည္ခ်မ္းသာခ်င္တယ္ဆိုရင္ေတာ့သမာအာဇီဝက်တဲ့ နည္းနဲ႔ေငြရွာျခင္းက အေကာင္းဆုံးပါပဲ။ေငြမ်က္ႏွာတစ္ခုထဲနဲ႔ ေလာင္းကစားလိုမ်ိဳး ျဖတ္လမ္းလိုက္မယ္ဆိုရင္ ကိုယ့္လက္ရွိဘဝေလးပါ ဆုံးရႈံးေစႏိုင္မွာပါ။ကံကိုယုံလို႔ ဆူးပုံနင္းရမယ့္အထဲမွာ ေလာင္းကစားကထိပ္ဆုံးကပါ။အဲ့အတြက္တသက္လုံး ေရွာင္ၾကဥ္ႏိုင္မယ္ဆိုရင္ သင့္တစ္ဘဝလုံးအတြက္ ေရရွည္တည္တံ့တဲ့ ေငြေၾကးအင္အားတစ္ခုကို ပိုင္ဆိုင္ေစႏိုင္မွာပါ။

 

 

Leave a Comment