Sat. Feb 4th, 2023

အဟော့ဆုံး နာမည် (1) စာရင်းဝင်ခဲ့တဲ့ Sharon Stone အကြောင်း

အသက် 64 နှစ်အထိ Sharon Stone က အံ့သြဖွယ်ကောင်းလောက်အောင်ကို ရုပ်ရှင်‌ေတွမှာ နေရာရတုန်းပါ။ Sharonက ဆိုးရွားတဲ့အိမ်ထောင်ရေး၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် မွေးစားသားအုပ်ထိန်းမှုအတွက် စတဲ့ ခက်ခဲတဲ့တိုက်ပွဲတွေနှင့် ရင်ဆိုင်ခဲ့ရသူပါ။

ဒီတစ်ခါမှာတော့ ကျွန်တော်တိုပေ့ခ်ျကနေ အဟော့ဆုံး နာမည် (1) စာရင်းဝင်ခဲ့တဲ့ Sharon Stone အကြောင်းကို ပြောပြပေးသွားပါမယ်။

Sharon အတွက်လည်း နာမည်ကြီးလာရဖိုက မလွယ်ကူပါဘူး။ သူမအိပ်မက်ဆီ လျှောက်လှမ်းရာမှာ ကောလိပ်ကထွက်ခဲ့ရပြီး ဆံပင်ရွှေရောင်ဆိုးကာ ကြိုးကြိုးစားစား လေ့ကျင့်ပေးခဲ့ရပါတယ်။ သူမပါဝင်သရုပ်‌ေဆာင်ထားတဲ့ Basic Instinct 1992 ထွက်ပြီးနောက်မှာ တစ်ဟုတ်ထိုး တိုးတက်လာတယ်လို ဆိုရပါမယ်။

ထိုဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ပြီးနောက်မှာ Stone က Hollywood ထိပ်တန်းအမျိုးသမီးများထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။ Martin Scorsese ရေးသားထားတဲ့ Casino ဒရာမာမှာ သူမပါဝင်နိုင်ခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ပိုဆုနှင့် အော်စကာဆု ရခဲ့ပြီး ရွှေကမ္ဘာလုံးဆုကိုလည်း ရရှိခဲ့ပါတယ်။

သူမရဲ့ လုပ်ငန်းခွင်မှာသာမက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကလည်း နာမည်ကြီးပါတယ်။ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရင်း Bill MacDonald၊ David Duchovny၊ Craig Ferguson၊ Christian Slater၊ Rick Fox၊ David DeLuise၊ Martin Mica နှင့် Michael Wudyka စတဲ့သူ တွေနဲ့ တွဲခဲ့ပါတယ်။ ဒါပေမယ့် သူမစိတ်ဝင်စားတာ မတွေ့တဲ့အတွက် ဆက်ဆံရေး‌ေတွကို အဆုံးသတ်လိုက်ပါတယ်လို ဆိုပါတယ်။

Sharon Stone က တရားဝင်လက်ထပ်ခြင်းကို နှစ်ကြိမ်လုပ်ခဲ့ပါတယ်။ ပထမအိမ်ထောင်က 1984 ခုနှစ်မှာ Michael Greenburg နှင့် လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် 1987 ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ဒုတိယအိမ်ထောင်မှာ Phil Bronstein နှင့်ဖြစ်ပါတယ်။ သူတိုအိမ်ထောင်ရေးက 1998 မှ 2004 ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ အိမ်ထောင်ဖက်တွေနှင့် ကလေးယူချင်ပေမယ့်လည်း ကိုယ်ဝန်ပျက်ကျမှု ၉ ကြိမ်ရှိခဲ့ပါတယ်။

သူမရဲ့ ဒုတိယအိမ်ထောင်ရေး ပြီးဆုံးပြီးနောက်မှာ Sharon က single motherအဖြစ် ဘဝကို လျှောက်လှမ်းခဲ့ပါတယ်။Stone က သား ၂ ဦးဖြစ်တဲ့ Laird နှင့် Quinn တိုကို မွေးစားခဲ့ပါတယ်။

မိခင်ဘဝက အရာများစွာအပေါ် သူမသဘောထားကို ပြောင်းလဲစေခဲ့ပါတယ်။ ကလေး ၃ ဦးကို မွေးစားပြီးနောက်မှာ‌ေတာ့ ကလေးတွေ ရှိတာဟာ ကိုယ့်အတွက်အားရှိသလို အပိုင်ရှိသလို ခံစားရတယ်လို ဆိုပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *