Amazing





Shoon (Cele Daily)

Unicode

ဇနီးနှင့်မြေးလေးအပါအဝင် မိသားစုတစ်ခုလုံးကို မီးထဲပါသွားခဲ့ပြီး လုံးဝမကယ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရပြီးနောက် စိတ်ထိခိုက်ကာ ရူးသွားခဲ့ရသည့် အမျိုးသား

အချို့လူသားများ၏ ဘဝကံဆိုးမှုများသည် မြင်တွေ့ကြားသိရသူများကိုပင် စိတ်ထိခိုက် ဝမ်းနည်းစေခဲ့ရတာဖြစ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Cat Laiရပ်ကွက်တွင် နေအိမ်တစ်လုံးဟာ မီးလောင်ဆုံးရှုံးသွားခဲ့ရပါတယ်။

မီးဟာ နံနက်ခင်းအချိန်တွင် လောင်ခဲ့ခြင်းဖြစ်ကာ မိသားစုဝင် ၇ဦးအနက် ၆ဦးဟာ မီးလောင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ကျန်ရှိနေသူဟာ မိသားစု၏ဖခင်တစ်ဦးဖြစ်ပြီး မီးထဲသို့ ဇနီး သားသမီး ချွေးမနှင့် မြေးလေးတို့ပါ ဆုံးရှုံးသွားခဲ့ရတာဟုသိရပါတယ်။

မီးလောင်နေစဥ် ကယ်တင်ရန်ကြိုးစားခဲ့သော်လည်း မီးများစွာလောင်ကျွမ်းနေသည့်အတွင် ကယ်ဆယ်ရန် အထဲမဝင်ရောက်နိုင်သောကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ထို့နောက်ဖခင်ဖြစ်သူဟာ မီးလောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း စိတ်အလွန်ထိခိုက်ပြီး ဝမ်းနည်းကာ အရူးတစ်ယောက်လိုဖြစ်သွားခဲ့ရပါတယ်။ထို့ကြောင့် နိုင်ငံတော်က စိတ်ဆေရုံတွင် ကုသမှုပေးရင်း စောင့်ရှောင့်ပေးခဲ့ရတယ်ဟု သိရပါတယ်။

Shoon (Cele Daily)

Leave a Comment