Thai Channel 7နှင့် လက်တွဲဖြုတ်၍ Thai TV3နှင့်ပူးပေါင်းသွားတော့ မင်းသမီးများ
ယခင်က Thai Channel 7နှင့် အလုပ်လုပ်ကာ ယခု Thai TV3နှင့် လက်တွဲသွားသော မင်းသမီးသုံးယောက်မှာ အောက်ပါ အတိုင်းဖြစ်ပါတယ်
(1) Bow Maylada
မင်းသမီးငယ်လေး Bow Mayladaသည် Thai TV3နှင့် 2020နှစ်လယ်ပိုင်းမှာ စာချုပ်ချုပ်ခဲ့ပြီး Nadech Kugimiya နှင့်အတူ “To Me, It’s Simply You”ဇာတ်လမ်းတွင် ပါဝင်ထားပါတယ်။
(2) Pinky Savika
Thai TV3မှ ထုတ်လွှင့်သော “Dare to love:Hai Ruk Pipaksa” Dramaတွင် Kongthop Park, Bella Ranee,Au Tanakonတို့နှင့်အတူ Pinky Savika အဓိကပါဝင်ထားတာကို တွေ့ရပါတယ်။
ဒါက သူမရဲ့ Thai TV3နဲ့ ပထမဆုံး လက်တွဲအလုပ်လုပ်ခြင်းမဟုတ်ပါ။
သူမ၏ ပွဲဦးထွက်ခြင်းကို 1993တွင် Thai TV3မှ ထုတ်လွှင့်သော “Fai Nai Duang Toh” ဇာတ်လမ်းတွဲတွင် ကလေးသရုပ်ဆောင်အနေဖြင့် စတင်ခဲ့ခြင်းဖြစ်ပါတယ်။
1994တွင်လည်း TV3၏ ဇာတ်လမ်းတွဲဖြစ်သော “Kluen Cheewit”တွင် “Jeerwat”အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။
ထို့နောက် 2010ခုနှစ်အထိ Channel 7 တစ်ခုတည်းနှင့်သာ အလုပ်လုပ်ခဲ့ပါတယ်။
(3) Baifern Pimchanok
မင်းသမီးချောလေး Baifern ကလည်း ယခုနှစ်တွင် Thai TV3နှင့် ပထမဆုံးအနေဖြင့် လက်တွဲကာ “Sroi Sabunga”တွင် Nine Napbatနဲ့အတူ Main Laedအနေဖြင့် ပါဝင်ထားပါတယ်။
ထိုdramaသည် ယခုထိ ရိုက်ကူးဆဲဖြစ်ကာ 2022တွင် ထုတ်လွှင့်သွားနိုင်ရန် ရည်ရွယ်ထားပါတယ်။
Source Thai Updates
Written Kay Kay
One Daily Media
Zawgyi
(1) Bow Maylada
(2) Pinky Savika
(3) Baifern Pimchanok