Amazing

ကြယ် ၇ ပွင့်ဟိုတယ်မှာ မင်္ဂလာဆောင်ကာ ပွဲလာဧည့်သည်များအား iPad တစ်လုံးစီကို အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့ကြတဲ့ ချစ်သူစုံတွဲ

ဘရာဇီးမော်ဒယ်တစ်ဦးဟာ ဒူဘိုင်းမြို့ရှိကြယ် ၇ ပွင့် Burj Al Arab ဟိုဟယ်၌ သူမရဲ့ပါကစ္စတန်သတို့သားနှင့်လက်ထပ်ခဲ့ပြီး iPad များကိုမင်္ဂလာလက်ဆောင်များအဖြစ်ပေးအပ်ခဲ့ပါတယ်။ အလိုလေး အဲ့ဒီမင်္ဂလာပွဲကတော့ ကမ္ဘာပေါ်မှာ အမိမိုက်ဆုံးမင်္ဂလာပွဲလို့တောင် ဆိုရနိုင်ပါတယ်။ မော်ဒယ်မလေး Janaina Cardoso ဟာ Imran Hussain အမည်ရှိသတို့သားနှင့်တစ်နှစ်တာရဲ့အစည်ကားဆုံးမင်္ဂလာပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဟိုတယ်တစ်ခုဖြစ်တဲ့ကြယ် ၇ ပွင့် Burj Al Arab ဟိုတယ်၌ ပွဲလုပ်ခဲ့ပြီး ၎င်းမင်္ဂလာဆောင်ပွဲဟာ နယ်သာလန်မှတင်သွင်းခဲ့တဲ့ David Austin ပန်းများနှင့်လည်း ပြည့်နှက်ကာ လှပနေခဲ့ပါသေးတယ်။ ၎င်းတို့စုံတွဲဟာ သတို့သားအရံများအား Tom Ford brand တံဆိပ်ဖြင့် ဆင်မြန်းပေးခဲ့ပြီး သတို့သမီးအရံများကိုတော့ Zuhair Murad brand များဖြင့် ဆင်မြန်းစေခဲ့ကာ မင်္ဂလာဝတ်ပြုဆုတောင်းပွဲများပြုလုပ်ခဲ့ပြီး Cartier မင်္ဂလာတေးဂီတအဖွဲ့ကိုလည်း ဌားရမ်းခဲ့ပါသေးတယ်။

၎င်းတို့ရဲ့မင်္ဂလာပွဲဟာ နာမည်ကြီးအမှတ်တံဆိပ်များ ၊ နာမည်ကြီးတဲ့အရာများဖြင့်သာ ပြည့်နှက်နေခဲ့ပါတယ်။ လှပတဲ့သတို့သမီးဟာ Elie Saab မှဖန်တီးထားတဲ့ အံ့မခန်းသတို့သမီးဂါဝန်ကို ၀တ်ထားခဲ့ပြီး ၎င်းဂါဝန်ရဲ့ထူးခြားချက်က ၎င်းတို့စုံတွဲရဲ့မင်္ဂလာဆောင်ရက်ကို ရေးထိုးထားခဲ့ပြီး ဂါဝန်ရဲ့အရှည်ဟာ ၃မီတာရှည်လိားပါတယ်။ ဧည့်သည်များအား ကြိုဆိုတဲ့နေရာဟာလည်း ကြမ်းပြင်မှမျက်နှာကျက်အထိပန်းများစွာဖြင့်ပြည့်နှက်နေခဲ့တာကြောင့် ၎င်းနေရာဟာ အံ့မခန်းပန်းဥယျာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားသလိုပါပဲ။ သို့ပေမယ့် netizen တွေရဲ့အာရုံကို အဓိကဖမ်းစားသွားနိုင်ခဲ့တာကတော့ ၎င်းအထူးမင်္ဂလာဆောင်သို့ ဖိတ်ကြားထားခဲ့တဲ့ဧည့်သည် အယောက် ၁၂၀ လုံးအား တစ်ယောက်စီအတွက် ပေးထားခဲ့တဲ့အထူး iPad တွေပါဘဲ။

မင်္ဂလာဆောင်အသေးစိတ်ကိုကြည့်ခြင်းအားဖြင့် iPad များကြောင့် ၎င်းမင်္ဂလာဆောင်ပွဲဟာ ယခုနှစ်ရဲ့အကောင်းဆုံးမင်္ဂလာပွဲအဖြစ် သတ်မှတ်နိုင်ပါတယ်။ ထို့အပြင် ဧည့်ခံပွဲတွင် ဧည့်သည်များဟာ ဗြိတိန်နိုင်ငံမှပျံသန်းရောက်ရှိလာတဲ့ ’80s rock band Fortune’ ရဲ့ဖျော်ဖြေတင်ဆက်ပေးခြင်းကို ခံစားခဲ့ကြရပါတယ်။ အဖြူရောင်နောက်ခံ theme ဖြင့်ပြုလုပ်ထားတဲ၎င်းစိတ်ကူးယဉ်မင်္ဂလာဆောင်ပွဲဟာ တကယ့်ကိုအကောင်းဆုံးပွဲတစ်ခုပါဘဲ။ ညနေခင်းပိုင်းမှာတော့ ကနေတဲ့သတို့သမီးနှင့်သတို့သမီးတို့အား ဂုဏ်ပြုတဲ့အနေဖြင့် မီးရှူးမီးပန်းများဖောက်ခဲ့ကြပါသေးတယ်။ Eventchic Designs ရဲ့အမှုဆောင်အရာရှိချုပ် Jardel Silva ၏အဆိုအရ ၎င်းတို့စုံတွဲဟာ ကြီးကျယ်ခမ်းနားတဲ့၎င်းပွဲအတွက် Dhs ၇ သန်း (ဒေါ်လာ ၁.၉ သန်း) အထိသုံးစွဲခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

Mia (KBdailynews)

Reference : rachwed

Zawgyi

ဘရာဇီးေမာ္ဒယ္တစ္ဦးဟာ ဒူဘိုင္းၿမိဳ႕ရွိၾကယ္ ၇ ပြင့္ Burj Al Arab ဟိုဟယ္၌ သူမရဲ႕ပါကစၥတန္သတို႔သားႏွင့္လက္ထပ္ခဲ့ၿပီး iPad မ်ားကိုမဂၤလာလက္ေဆာင္မ်ားအျဖစ္ေပးအပ္ခဲ့ပါတယ္။ အလိုေလး အဲ့ဒီမဂၤလာပြဲကေတာ့ ကမာၻေပၚမွာ အမိမိုက္ဆုံးမဂၤလာပြဲလို႔ေတာင္ ဆိုရႏိုင္ပါတယ္။ ေမာ္ဒယ္မေလး Janaina Cardoso ဟာ Imran Hussain အမည္ရွိသတို႔သားႏွင့္တစ္ႏွစ္တာရဲ႕အစည္ကားဆုံးမဂၤလာပြဲတစ္ခုကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးဟိုတယ္တစ္ခုျဖစ္တဲ့ၾကယ္ ၇ ပြင့္ Burj Al Arab ဟိုတယ္၌ ပြဲလုပ္ခဲ့ၿပီး ၎မဂၤလာေဆာင္ပြဲဟာ နယ္သာလန္မွတင္သြင္းခဲ့တဲ့ David Austin ပန္းမ်ားႏွင့္လည္း ျပည့္ႏွက္ကာ လွပေနခဲ့ပါေသးတယ္။ ၎တို႔စုံတြဲဟာ သတို႔သားအရံမ်ားအား Tom Ford brand တံဆိပ္ျဖင့္ ဆင္ျမန္းေပးခဲ့ၿပီး သတို႔သမီးအရံမ်ားကိုေတာ့ Zuhair Murad brand မ်ားျဖင့္ ဆင္ျမန္းေစခဲ့ကာ မဂၤလာဝတ္ျပဳဆုေတာင္းပြဲမ်ားျပဳလုပ္ခဲ့ၿပီး Cartier မဂၤလာေတးဂီတအဖြဲ႕ကိုလည္း ဌားရမ္းခဲ့ပါေသးတယ္။

၎တို႔ရဲ႕မဂၤလာပြဲဟာ နာမည္ႀကီးအမွတ္တံဆိပ္မ်ား ၊ နာမည္ႀကီးတဲ့အရာမ်ားျဖင့္သာ ျပည့္ႏွက္ေနခဲ့ပါတယ္။ လွပတဲ့သတို႔သမီးဟာ Elie Saab မွဖန္တီးထားတဲ့ အံ့မခန္းသတို႔သမီးဂါဝန္ကို ၀တ္ထားခဲ့ၿပီး ၎ဂါဝန္ရဲ႕ထူးျခားခ်က္က ၎တို႔စုံတြဲရဲ႕မဂၤလာေဆာင္ရက္ကို ေရးထိုးထားခဲ့ၿပီး ဂါဝန္ရဲ႕အရွည္ဟာ ၃မီတာရွည္လိားပါတယ္။ ဧည့္သည္မ်ားအား ႀကိဳဆိုတဲ့ေနရာဟာလည္း ၾကမ္းျပင္မွမ်က္ႏွာက်က္အထိပန္းမ်ားစြာျဖင့္ျပည့္ႏွက္ေနခဲ့တာေၾကာင့္ ၎ေနရာဟာ အံ့မခန္းပန္းဥယ်ာဥ္တစ္ခုအျဖစ္ ေျပာင္းလဲသြားသလိုပါပဲ။ သို႔ေပမယ့္ netizen ေတြရဲ႕အာ႐ုံကို အဓိကဖမ္းစားသြားႏိုင္ခဲ့တာကေတာ့ ၎အထူးမဂၤလာေဆာင္သို႔ ဖိတ္ၾကားထားခဲ့တဲ့ဧည့္သည္ အေယာက္ ၁၂၀ လုံးအား တစ္ေယာက္စီအတြက္ ေပးထားခဲ့တဲ့အထူး iPad ေတြပါဘဲ။

.

မဂၤလာေဆာင္အေသးစိတ္ကိုၾကည့္ျခင္းအားျဖင့္ iPad မ်ားေၾကာင့္ ၎မဂၤလာေဆာင္ပြဲဟာ ယခုႏွစ္ရဲ႕အေကာင္းဆုံးမဂၤလာပြဲအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ ထို႔အျပင္ ဧည့္ခံပြဲတြင္ ဧည့္သည္မ်ားဟာ ၿဗိတိန္ႏိုင္ငံမွပ်ံသန္းေရာက္ရွိလာတဲ့ ’80s rock band Fortune’ ရဲ႕ေဖ်ာ္ေျဖတင္ဆက္ေပးျခင္းကို ခံစားခဲ့ၾကရပါတယ္။ အျဖဴေရာင္ေနာက္ခံ theme ျဖင့္ျပဳလုပ္ထားတဲ၎စိတ္ကူးယဥ္မဂၤလာေဆာင္ပြဲဟာ တကယ့္ကိုအေကာင္းဆုံးပြဲတစ္ခုပါဘဲ။ ညေနခင္းပိုင္းမွာေတာ့ ကေနတဲ့သတို႔သမီးႏွင့္သတို႔သမီးတို႔အား ဂုဏ္ျပဳတဲ့အေနျဖင့္ မီးရႉးမီးပန္းမ်ားေဖာက္ခဲ့ၾကပါေသးတယ္။ Eventchic Designs ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Jardel Silva ၏အဆိုအရ ၎တို႔စုံတြဲဟာ ႀကီးက်ယ္ခမ္းနားတဲ့၎ပြဲအတြက္ Dhs ၇ သန္း (ေဒၚလာ ၁.၉ သန္း) အထိသုံးစြဲခဲ့ၾကေၾကာင္း သိရွိခဲ့ရပါတယ္။

Mia (KBdailynews)

Leave a Comment