Tue. Oct 26th, 2021

BTSရဲ့juniorဖြစ်ရတဲ့အပေါ် သူနဲ့အတွေးကို ပြောပြခဲ့တဲ့ TXTအဖွဲ့ဝင် Yeonjun

ကမ္ဘာ့အကျော်ကြားဆုံး K-Pop groupရဲ့ Juniorဖြစ်ရင် ဘယ်လိုနေမယ်လို့ သင်တို့ထင်မိလဲ။

TXTရဲ့ album အသစ်ဖြစ်တဲ့ The Chaos Chapter:FIGHT OR ESCAPEရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Yeonjunက BTSရဲ့အောင်မြင်မှုက Junior groupဖြစ်တဲ့ သူတို့အပေါ် ဖိအားရှိမရှိကို ဖြေကြားပေးခဲ့ပါတယ်BTS အနေနဲ့ တောင်ကိုရီးယားတွင်သာမက နိုင်ငံတကာတွင်ပါ အမြင့်ဆုံးသော recordတွေကို တစ်နှစ်ပြီးတစ်နှစ် ချိုးသွားတာ အားလုံးအမြင်ပါ။

ဒီနှစ်မှာလည်း US Billboard Chartနဲ့ ထိပ်ဆုံးမှာ အပတ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ရုံသာမက Albumရောင်းအား၊YouTube viewအစရှိသော တခြား platformများတွင်ပါ စံချိန်သစ်တင်ခဲ့တဲ့အထိ အောင်မြင်မှုများစွား သိမ်းပိုက်ထားပါတယ်

 

BTSလိုမျိုး ကျိကျိတက်အောင်မြင်တဲ့အဖွဲ့ရဲ့ Juniorဖြစ်ရတာ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်ရပါသလဲ”လို့မေးကြားခဲ့ရာ TXTရဲ့ memberတစ်ဦးဖြစ်တဲ့ Yeonjunက ယခုလိုဖြေကြားခဲ့ပါတယ်

“ပထမဆုံးအနေနဲ့ BTSရဲ့Junior Groupဖြစ်ရတာမကောင်းတာတော့ ဘယ်ရှိမလဲ၊ Seniorတွေရဲ့ သတင်းကိုကြားရတိုင်း ဝမ်းသာရပါတယ်။
ဒီလိုမျိုးseniorတွေနဲ့ အနီးကပ်ရှိနေရတာ ကျွန်တော်တို့အတွက် ခွန်းအားတစ်ခုပါပဲ။
ဖိအားကတော့ ရှိပေမယ့် ကျော်ဖြတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့ Yeonjunရှင်းပြခဲ့ပါတယ်

မနှစ်ကအစောပိုင်းမှာလည်း Star 1 Magazine Interviewတစ်ခုမှာ “BTSရဲ့ Juniorဖြစ်ရတာ ဘယ်လိုနေလဲ”လို့ မေးခဲ့ရာ “BTSရဲ့ Junior Group ဖြစ်ရတာ ဖိအားမရှိဘူးလို့ပြောရင်တော့ လိမ်ရာကျမှာပေါ့။ဒါပေမယ့် အဲဖိအားကို ကျွန်တော်တို့ကျွန်တော် တိုးတက်အောင်လုပ်ရမယ့် motivationတစ်ခုအနေနဲ့ အသုံးပြုပါတယ်”လို့ ဖြေကြား‌ခဲ့ပါတယ်။

 

ပွဲဦးထွက်ပြီး နှစ်နှစ်အတွင်းမှာ TXTသည် အအောင်မြင်ဆုံးနှင့် ပရိတ်သတ်အချစ်ခံရဆုံး Fourth-Generation K-POP Group တစ်ခု ဖြစ်လာပြီး Comebackတိုင်းတွင် အောင်မြင်မှု များစွားသိမ်းပိုက်နိုင်ခဲ့ပါတယ်။
The Chaos-Chapter: FIGHT OR ESCAPE albumမှ “LO$ER=LO ❤️er “ကိုလည်း မနေ့ August 17တွင် ထုတ်ဝေခဲ့ပါတယ်။

 

Source Kopreaboo

Written Kay Kay

One Daily Media

 

Zawgyi

 








 


 

 

Leave a Reply

Your email address will not be published. Required fields are marked *