Thu. Dec 1st, 2022

ချစ်သူရည်းစားတွေ ကြာရှည်မြဲစေဖို့

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အခုလို မာယာများတဲ့ လောကကြီးမှာ ချစ်သူရည်စားတွေ ကြာရှည်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါဆို အခြားသူတွေ ရာစုနှစ်ကြာအောင် ဘယ်လိုများ တွဲခဲ့ပါလိမ့်။ မပူပါနဲ့။ နည်းလမ်းတွေ ရှိပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ချစ်သူရည်းစားတွေ ကြာရှည်မြဲစေဖို့ နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။

(၁) သီးသန့်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် လျှိုဝှက်ချက်တော့ မဟုတ်ပါစေနဲ့


တစ်ခါတလေမှာ ကိုယ့်လက်တွဲဖော်ကို ပြောပြလို့ မရတဲ့အကြောင်းတွေ ဒါမှမဟုတ် တစ်ယောက်တည်း စဉ်းစားရမှာတွေ ရှိတတ်ပါတယ်။ ဟုတ်ပါတယ်။ ဒါက သင့်ကိုယ်ရေးကိုယ်တာပါ။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာနဲ့ လျှို့ဝှက်ချက်ဆိုတာ မတူပါဘူး။

(၂) ပုံမှန်စကားပြောပြီး တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးပါ

လက်တွဲဖော်အစစ်အမှန်ဆိုတာက အလုပ်ရှုပ်နေတယ်ဆိုရင်တောင် သင့်အတွက် အချိန်ကတော့ သပ်သပ် ဖယ်ထားပြီးသားပါ။ နှစ်ယောက်သား ခံစားချက်တွေ နွေးထွေးစေဖို့ ပုံမှန်စကားပြောပေးပြီး တွေ့ပေးဖို့ လိုအပ်ပါတယ်။

(၃) သင့်လိုအပ်ချက်တွေကို အာရုံစိုက်ပါ

သင့်လက်တွဲဖော်ကို သင့်ရဲ့ ကောင်းတဲ့အချက်တွေပဲ ပြောပြပြီး အစပိုင်းမှာ အချစ်ပိုမပြပါနဲ့။ ဒါဟာ ဟန်ဆောင်နေတာနဲ့ တူပြီး အနိုင်ယူချင်တဲ့ပုံ ပေါက်ပါတယ်။ အစပိုင်းမှာ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ အရာအားလုံးကို ဖြေးဖြေးချင်းသွားပါ။

(၄) အတိတ်က ဆက်ဆံရေးအကြောင်းပြောပြပါ

စစတွဲချင်းမှာ ဒီလိုအကြောင်းမျိုးပြောဖို့က ခက်ခဲပေမယ့် ပြောပြထားတာဟာ ကောင်းပါတယ်။ ဒါ့မှ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိပြီး ရေရှည်ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။

(၅) အတူတူရယ်မောပါ

ရယ်မောခြင်းက ပြဿနာအားလုံးအတွက် အကောင်းဆုံး ကုသနည်းဖြစ်ပါတယ်။ သင်နှင့် သင့်လက်တွဲဖော်က တစ်ယောက်နှင့် တစ်ယောက် အပူအပင်းကင်းကင်း ရယ်မောနိုင်မယ်ဆိုရင် ဒါဟာ အင်မတန်မှ ချစ်ဖို့ကောင်းပါတယ်။

(၆) ခက်ခဲတဲ့အချိန်တွေမှာ ရင်ဖွင့်ပါ

ကိုယ့်အခက်အခဲဆိုတာ လူတိုင်းကို ပြောပြနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒီလို အခက်အခဲတွေကို ဖွင့်ပြောလိုက်တာဟာ တစ်ဖက်လူကိုလည်း စိတိခံစားမှု အပြည့်ပေးနိုင်ပါတယ်။ နောက်ပြီး လုံခြုံတဲ့ စိတ်ခံစားချက်လည်း ပေးနိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *