Sat. Feb 4th, 2023

ဆံပင်ဖြူတွေ သက်သာစေပြီး အရွယ်တင်နုပျိုနေစေဖို့ နည်းလမ်းကောင်းများ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ယနေ့ခေတ်မှာ အလှအပအတွက် အရေးကြောင်းတွေအတွက် ထုတ်ကုန်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ထိုထုတ်ကုန်တွေက ဘေးကင်းပါတယ် ၊ဓာတုပစ္စည်းတွေမပါ ပါဘူးလို့ မပြောနိုင်ပါဘူး။ ဒါ့ကြောင့် ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျနည်းတဲ့ နည်းတွေကို သုံးရင်ပိုမကောင်းဘူးလားဗျာ။

(၁) Rosemary ဖြင့် ဆံပင်ဖြူကို ဖယ်ရှားပါ

ဆံပင်ဖြူတှေ ကင်းချင်ပါက Rosemary က အသင့်တော်ဆုံးပါပဲ။ Rosemary ကို ဆံသားပေါ် ဖြန်းပေးခြင်းဖြင့် ဆံသားကို နက်မှောင်စေပြီး သဘာဝအရောင်ကို ပြန်လည်ရရှိစေပါတယ်။

(၂) အဆီပါဝင်မှုနည်းတဲ့ နွားနို့

နို့က ယခုအချိန်မှာ အငြင်းပွားဖွယ်ရာ အစားအစာများထဲမှ တစ်ခုဖြစ်ပေမယ့်လည်း လေ့လာမှုတစ်ခုက သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။ နို့မသောက်တဲ့ အရွယ်ရောက်ပြီးသူတှေက အဆီနည်းတဲ့နို့ သောက်သုံးသူများထက် အသက်ပိုတိုကွောငျး တွေ့ခဲ့ရပါတယ်။ အဆီနည်းသော ဒါမှမဟုတ် အဆီမပါသောနို့ကို သောက်သုံးခြင်းက အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်လို့လည်း ဆိုပါတယ် ။

(၃) အစာရှောင်ခြင်း

ခဏတာ အစာရှောင်ခြင်းက ယနေ့ခေတ်မှာ လူကြိုက်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ အစာရှောင်တာဟာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးတဲ့ အာနိသင်ရှိကြောင်းလည်း တွေ့ရှိခဲ့ဂပါတယ်။။

(၄) မှောက်အိပ်ခြင်း

အိုမင်းရင့်ရော်မှုကို လျှော့ချတဲ့နေရာမှာ အိပ်ချိန်ကလည်း အရေးကြီးပါတယ်။။ အိပ်စက်နေတဲ့ အနေအထားက ကျွန်တောျတို့ရဲ့ အသွင်အပြင် အထူးသဖြင့် ရင်ဘတ်နှင့် မျက်နှာဧရိယာကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ပက်လက်လန်အိပ်တတ်ဖို့ ကြိုးစားသင့်ပါတယ်။

(၅) Double cleansing

Double cleansingဆိုတာက သင့်မျက်နှာကို မတူညီတဲ့ သန့်စင်ဆေး 2မျိုးဖြင့် ဆေးကြောခြင်းပါ။ ပထမ သန့်စင်ဆေးက oil based သန့်စင်ဆေးဖြစ်ပြီး နောက်တစ်မျိုးမှာ water based သန့်စင်ဆေး ဖြစ်ပါတယ်။ ဘာလို့လုပ်ပေးသင့်သလဲဆိုရင် ပထမအဆင့်မှာ မိတ်ကပ်၊ နေရောင်ကာခရင်မ်နှင့် လေထုညစ်ညမ်းမှုကို ဖယ်ရှားပေးပွီး နောက်တစ်ဆင့်မှာ သင့်အရေပြားအတွင်းက အညစ်အကြေးများနှင့် ချွေးများကို ဖယ်ရှားပေးပါတယ်။

(၆) နနွင်း face mask

နနွင်းက အသက်အရွယ်ကြီးရင့်မှုရဲ့ အဓိကအချက်ဖြစ်တဲ့ အရေပြားရောင်ခြယ်ခြင်းကို ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ နနွင်းMaskပြုလုပ်ဖို့ နနွင်းမှုန့်ကို သင်ကြိုက်နှစ်သက်သည့် ပါဝင်ပစ္စည်းများဖြင့် ရောနှောပါ ။ ဥပမာ ကြက်ဥအကာ ၊ ရှားစောင်းလက်ဖက် ၊ ရေတို့သုံးနိုင်ပါတယ်။

(၇) သလဲစေ့ဆီ နဲ့ အရေးကြောင်းတွေကို ဖျောက်လိုက်ပါ

သလဲစေ့ဆီက အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ အရေပြားကို အကျိုးပြုစေနဲ့ ဗီတာမင် A နှင့် ဗီတာမင် C တို့လိုမျိုး များပြားလှတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *