Mon. Aug 15th, 2022

:
သိပ္ပံသဘောအရ လူ့ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သည့် အချက်များ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုစီမှာ ဇီဝကမ္မဗေဒနှင့် DNA ရှိပါတယ်။ 2016 ခုနှစ်မှာ သိပ္ပံပညာရှင်တွေက လူသားတှေထဲမှာ အပေါများဆုံး ဘက်တီးရီးယားများကို အဖြေထုတ်ခဲ့ပါတယ်။း

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ရေရေရာရာ အဖြေမရသေးတဲ့ ထူးခြားချက်တွေကို မျှဝေပေးသွားပါမယ်။

(၁) လူ့ဆဲလ်များနှင့် အဏုဇီဝများကြားရှိ အချိုးက1:1.3ဖြစ်ပြီး အများစုက သင့်အူထဲမှာ အသက်ရှင်နေပါတယ်

2016 ခုနှစ်မှာ အစ္စရေးသိပ္ပံပညာရှင်တွေက လူသားဆဲလ်တိုင်းအတွက် ပျမ်းမျှဘက်တီးရီးယား 1.3 အချိုးရှိကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ဒါ့ကြောင့် အဏုဇီဝများနှင့် သက်ရှိဆဲလ်တွေကို ဘက်တီးရီးယားအဖြစ် ခွဲခြားသတ်မှတ်ထားပါတယ်။ ထိုဘက်တီးရီးယားတွေက အူတွေအတွင်းမှာ ရှိပါတယ်။

(၂) ရောဂါပိုးမွှားတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ နေထိုင်ကြပြီး နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်

လူ့ခန္ဓာကိုယ်ထဲမှာ လူဆဲလ်ပေါင်း 30 ထရီလီယံခန့်ရှိပါတယ်။ ရောဂါပိုးဆဲလ်တွေက လူသားဆဲလ်တှေထကျ အဆ 500 နီးပါး ပိုတဲ့ မျိုးဗီဇများကိုသယ်ဆောင်လေ့ ရှိပါတယ်။ Caltech မှ အဏုဇီဝဗေဒပညာရှင် ပရော်ဖက်ဆာ Sarkis Mazmanian က “ကျွန်တော်တို့မှာ လူသားဆဲလ် တစ်ခုတည်း ရှိတာမဟုတ်ပါဘူး၊ ရောဂါပိုးမွှားတွေကလည်း ရှိပါတယ်။ သူတို့က လူသားဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တှေ မြှင့်တင်ပေးတဲ့ ဒုတိယ အရေးပါတဲ့ဆဲလ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

(၃)ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် မှိုတှေက ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတှေမှာ နေထိုင်ကြပါတယ်

သိပ္ပံပညာရှင်တွေက မျက်စိခြောက်ရောဂါနှင့် မျက်ကြည်လွှာအမာရွတ်များအတွက် ကုထုံးများဖန်တီးဖို့ အသုံးချလို့ရနိုင်တဲ့ ရောဂါပိုးမွှားနှင့် ဘက်တီးရီးယားများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူသားတှေက ချင်ပန်ဇီများ၊ ဘိုနိုဘိုများနှင့် မျိုးဗီဇတူညီကြပါတယ်။

(၄) မကောင်းတဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်တာက သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်

ရောဂါပိုးမွှားတွေကို တိုက်ဖျက်တဲ့နေရာမှာ ထိုကိစ္စတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားပိုး ပြောင်းလဲမှုတွေက ရောဂါအစုံသစ်ဆီ ခေါ်ဆောင်သွားပေးပါတယ်။နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်တွင်းရှိ အဏုဇီဝတွေက ပြောင်းလဲလာပါတယ်။ သိပ္ပံပညာရှင်တွေက ဘယ်လိုပိုးတွေက ကောင်းတယ် ဘယ်လိုပိုးတွေက ဆိုးသလဲဆိုတာ ယခုအချိန်အထိ အဖြေရှာနေကြဆဲပါ။

(၅) သင့်ကလေး မွေးကင်းစအရွယ်မှာ သင့်ဆီကနေ ပထမဆုံး ဘက်တီးရီးယားများကို ရရှိပါတယ်

လူတိုင်းမှာ မွေးကတည်းက ရောဂါပိုးမွှား ရောနှောမှု အမျိုးမျိုးရှိပါတယ်။ ပြင်ပအကြောင်းရင်းတွေက ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက်ကြောင့် ကလေးတွေအတွက် ပိုမိုကျယ်ပြန့်တဲ့ ကျန်းမာရေးလမ်းစဉ်ကို ရှာဖွေဖို့ အရေးကြီးပါတယ်။

(၆) အစာအိမ်ပိုးနှင့် ဦးနှောက်ချိတ်ဆက်မှု

ယခုအခါမှာ သိပ္ပံပညာရှင်တွေက ဦးနှောက်နှင့် အစာခြေစနစ်ကြား ဆက်နွှယ်မှုအကြောင်း သုတေသနပြုမှုတှေ ပြုလုပ်နေပါတယ်။ စုံစမ်းစစ်ဆေးချက်များအရ အစာခြေစနစ်မှ အာရုံကြောစနစ်က ကိုယ်ခန္ဓာရဲ့ ဒုတိယဦးနှောက် အဖြစ် လုပ်ဆောင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ခံစားချက်များနှင့် အူ microbiome အကြား ဆက်စပ်မှုက အစာအိမ်ကျန်းမာရေးနှင့် အစားအသောက်အလေ့အထများပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published.