Mon. Aug 15th, 2022

:
Strawberry အသားအရေကို ချောမွတ်နေအောင် ဘယ်လိုလုပ်ကြမလဲ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။စတော်ဘယ်ရီသီးလို အရေပြားက အရေပြားအတွင်းမှာ ပိတ်မိနေတဲ့ အဆီ၊ ဘက်တီးရီးယားနှင့် အရေပြားဆဲလ်သေတွေကြောင့် ဖြစ်လာတာပါ။ သူတို့ကို ဖယ်ရှားပစ်ဖို့ အိမ်တွင်းကုထုံးတွေ ရှိပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အပေါက်အပေါက်တွေ ဖြစ်နေတဲ့ အသားအရေကို ချောမွတ်နေအောင် ပြုပြင်နည်းတွေကို မျှဝေပေးသွားပါမယ်။

(၁)သင့်အသားအရေကို နေ့တိုင်း အစိုဓာတ်ဖြည့်ပေးပါ

သင့်အသားအရေကို ရေဓာတ်ဖြည့်တင်းဖို့ moisturizerသုံးတာကအကောင်းဆုံးဖြေရှင်းချက်ပါပဲ။ အသားအရေကို ပိုကောင်းအောင် ကူညီပေးနိုင်ပြီး ထို တင်းတိပ်ဘုလေးတွေ ထပ်မတက်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) အမွေးပေါက်တဲ့လမ်းကြောင်းအတိုင်း ရိတ်ပါ

အမွေးရိတ်ခြင်းက သင့်အရေပြားကို ယားယံခြင်းမှ ကာကွယ်နိုင်ပါတယ်။ ရိတ်တဲ့အခါမှာလည်း နည်းလမ်းတွေ ရှိပါတယ်။ သင့်အမွေူပေါက်တဲ့ လမ်းကြောင်းအတိုင်းပဲ ရိတ်ပါ။ ဆန့်ကျင်ဘက်ကို မရိတ်ပါနဲ့။

(၃) ရေခဲကပ်ပါ

ရိတ်ပြီးတဲ့အခါမှာ ရေခဲဝတ်ကပ်ထားတာက ပိုကောင်းပါတယ်။ နီရဲခြင်းကို ပြေပျောက်စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

(၄) lotions လိမ်းတဲ့အခါ alpha hydroxy acids ရောလိမ်းပါ

အရေပြားကို အစိုဓာတ်ထိန်းဖို့က အရေးကြီးပါတယ်။ ဒီအက်ဆစ်က အမဲစက်တွေကို လျော့နည်းစေပါတယ်။ ဒါပေမယ့် အရေပြားကို မပွတ်မိစေဖို့ သတိထားပါ။

(၅) Brushနဲ့ မတိုက်ပါနှင့်

ရေချိုးတဲ့အခါမှာ brushနဲ့ မတိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆို ဒါက ချွေးပေါက်တွေ ပိုကျယ်စေပါတယ်။ နောက်တစ်ချက်က ရေနွေးနဲ့ မချိုးပါနှင့်။ ရေအေးနဲ့ပဲ ချိုးပါ။

(၆) Baking soda

Baking sodaက သင့်အသားအရေအတွက် အထောက်အကူ အများကြီးပြုပါတယ်။ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဘက်တီးရီးယားပိုးမွှားများ နှင့် အရေပြားဆဲလ်သေများကို ဖယ်ရှားပေးကာ ချွေးပေါက်များကို သန့်စင်ပေးပါတယ်။လိုအပ်တာတွေက oatmeal ခွက်တစ်ဝက်၊ Baking soda ၃ ဇွန်း၊ ပျားရည် ဇွန်း ၂ ဇွန်း၊ နှင့် ခရင်မ် စားပွဲဇွန်း ၁ ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ထို့နောက် ခြေထောက်ပေါ် လိမ်းပြီး ၁၅ မိနစ်ခန့် ထားလိုက်ပါ။ ပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

(၇) ရိတ်တာထက် waxလုပ်တာ ပိုကောင်းပါတယ်

ရိတ်တာကမွေးညင်းပေါက်များ ပေါက်ထွက်ပြီး အရေပြားကို ပိတ်ဆို့စေတဲ့အတွက်ကြောင့် သိပ်အဆင်မပြေလှပါဘူး။ သူ့အတွက် အစားထိုးနည်းကတော့ waxလုပ်တာပါပဲ။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published.