Thu. Oct 6th, 2022

:
ကျွန်တော်တို့ မှားခေါျနကွေတဲ့ ဆင်တူရိုးမှား တိရစ္ဆာန်များ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အချို့တိရစ္ဆာန်တှေက အလွန်တူပုံရပေမယ့် သေချာကြည့်မယ်ဆိုရင် ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ကျွန်တော်တို့ အမြဲမှားခေါ်နေတဲ့ တိရစ္ဆာန်တွေလည်း ရှိပါတယ်။ ဒါတွေကို သိချင်ရင် ဒီဆောင်းပါးက သင့်အတွက်ပါပဲ။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ကျွန်တော်တို့ မှားခေါျနကွေတဲ့ ဆင်တူရိုးမှား တိရစ္ဆာန်တွေကို ပြောပြပေးသွားပါမယ်။

(၁) Hawk နှင့် Falcon

ဒီသားကောင်နှစ်ကောင်ကြားက အကြီးမားဆုံးကွာခြားချက်ကတော့ သူတို့အရွယ်အစားပါပဲ။ Falconတွေက Haekထက် သေးပါတယ်။ နောက်တစ်ချက်က သူတို့ တောင်ပံတွေပါပဲ။ Hawkတွေရဲ့ အတောင်က တိုပြီး ကျယ်ပါတယ်။ Falconတွေရဲ့ အတောင်ပံက ရှည်ပြီး ချွန်ပါတယ်။

(၂) Nutria နှင့် Muskrat

ဒီကြွက်တွေက အလွန်ဆင်တူပေမယ့် ကွာခြားချက်ရှိပါတယ်။ Muskrats တွေထက် nutrias က အလေးချိန်ပိုများပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့ အမြီးတွေက အရမ်းကွာပါတယ်။ Muskrat ရဲ့ အမြီးက ပါးလွှာပြီး ဘေးနှစ်ဖက်မှာ ပြားသွားပါတယ်။ nutria က ထူပြီးလုံးဝန်းကာ တောင့်တင်းတဲ့ အမွေးတွေဖြင့် ဖုံးအုပ်ထားပါတယ်။

(၃) Salamander နှင့် Lizard

အဓိကကွာခြားချက်က Salamanderအားလုံးက ကုန်းနေရေနေသတ္တဝါများဖြစ်ပြီး Lizardတွေက တွားသွားသတ္တဝါတွေ ဖြစ်ပါတယ်။ဒါ့အပြင် Salamanderတွေမှာ နားပေါက် နှင့် ခြေသည်းများ မပါရှိဘဲ အရေပြားက ချောမွေ့စိုစွတ်နေပါတယ်။ ဒါပေမယ့် Lizardတွေရဲ့ အရေပြားကတော့ ကြမ်းတမ်းပါတယ်။

(၄) Frog နှင့် Toad

Frog နှင့် Toadတွေက ကုန်းနေရေနေသတ္တဝါများဖြစ်ပြီး ဆင်တူပေမယ့်လည်း ကွဲပြားမှုအချို့ရှိပါတယ်။ Frogတွေက ယေဘူယျအားဖြင့် ခြေတံရှည်ပါတယ်။ ဒါ့အပြင် သူတို့ ဘဝအများစုကို ရေအနီးမှာ ကုန်ဆုံးတြ့အတွက်ကြောင့် အရေပြားက စိုစွတ်နေပါတယ်။ Toadကတော့ ခြေတံတိုများရှိပြီး ခြောက်သွေ့တဲ့မြေမှာ အနေများတဲ့အတွက်ကြောင့် အရေပြားက ခြောက်သွေ့ပြီး ဖုထစ်နေပါတယ်။

(၅) Opossum နှင့် Possum

Opossums တွေက မြောက်အမေရိက ဇာတိဖြစ်ပြီး သူတို့ရဲ့ အညိုရင့်ရောင် အမွေး၊ နှာခေါငျးဖွူဖွူ တွေနှင့် အကိုင်းအခက်တွေကို တွယ်ကပ်နိုင်ပြီး ကြွက်နှင့်တူပါတယ်။ Possumsတှေကတော့ သြစတြေးလျမှာ နေထိုင်ပြီး အများအားဖြင့် ငွေရောင်မီးခိုးရောင်၊ အညိုရောင်၊ အနက်ရောင် ဒါမှမဟုတ် ခရင်မ်ရောင်ရှိပြီး အမွေးအမြီးများပါရှိပါတယ်။

(၆) မျောက်နှင့် မျောက်ဝံ

မျောက်နှင့် မျောက်ဝံအားလုံးက မျောက်ဝံမျိုး ဖြစ်ကြပေမယ့် ကွဲပြားမှုများစွာရှိပါတယ်။ အလွယ်ဆုံးနည်းက အမြီးပါပဲ။ မျောက်တှေမှာ ရှိပေမယ့်လည်း မျောက်ဝံတွေမှာ မရှိပါဘူး။ နောက်ထပ် သိသာထင်ရှားတာက ကိုယ်လုံးကိုယ်ပေါက်ပါပဲ။ မျောက်ဝံတှေက ရင်ဘတ်နှင့် ပခုံးကျယ်ပြီး လက်ရှည်များရှိပါတယ်။

(၇) Fox နှင့် Black-backed jackal

မြေခွေးနှင့် အနက်ရောင် ခွေးက တူပေမယ့်လည်း ကွဲပြားမှုအချို့ရှိပါတယ်။ မြေခွေးရဲ့ နားရွက်က ချွန်ချွန်နှင့် တြိဂံပုံ ဖြစ်ပါတယ်။ ခြေလက်များ တိုတောင်းပြီး ရှည်လျားတဲ့ အမြီးရှိပါတယ်။ အနက်ရောင် မြေခွေးကတော့ ပိုရှည်တဲ့ ခန္ဓာကိုယ်၊ ခြေတံရှည်နှင့် နားရွက်ကြီးများ ရှိပါတယ်။

(၈) Grasshopper နှင့် Locust

Grasshopperတွေက ရှည်လျားပြီး အစွမ်းထက်တဲ့ နောက်ခြေထောက်များ ရှိတဲ့အတွက်ကွောငျ့ အမြင့်ခုန်နိုင်ပါတယ်။ Locustတွေက ခြေထောက်တိုပေမယ့်လည်းရှည်လျားပြီး သန်မာတဲ့ အတောင်များရှိတဲ့အတွက်ကွောငျ့ အဝေးကို ပျံသန်းနိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published.