Thu. Oct 6th, 2022

:
“ဒီနှုတ်ခမ်းတွေက တစ်ယောက်သောသူအတှကျ ရည်ရွယ်ထားတာကြောင့် တခြားအမျိုးသမီးကို မနမ်းပါဘူး” လို့ဆိုတဲ့ Neal McDonough

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ကျော်ကြားမှုက လူတွေကို ပြောင်းလဲစေတယ်လို့ လူတွေက ပြောကြပေမယ့် Neal McDonough ကတော့ ဘယ်သူနဲ့မှ အဆက်အသွယ်မဖြတ်ဖူးတဲ့ နာမည်ကြီးတစ်ယောက်ပါ။ အခြားအရာတှေထကျ သူ့မိသားစုကို ပိုချစ်ပါတဲ့လူသားကြီးပေါ့

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ချစ်တတ်ပြီး သစ္စာရှိတဲ့ Nealအကြောင်းကို ပြောပြပေးသွားပါမယ်။

Neal က ကလေး(၆)ယောက်မှာ အငယ်ဆုံးဖြစ်တဲ့အတွက်ကြောင့် မိသားစုထဲမှာ အမြဲတမ်းရယ်စရာတွေ လုပ်တတ်ပါတယ်။ သူ့ရဲ့ dyslexia ကြောင့် သင်္ချာနှင့်စာဖတ်တာမှာ ခက်ခဲခဲ့ပေမယ့်လည်း အခြားသူတွေကို ရယ်မောအောင် လုပ်တဲ့နေရာမှာတော့ ထူးချွန်ပါတယ်။

Barnstable အထက်တန်းကျောင်းမှာ တက်ခဲ့ပြီး ဘွဲ့ရခဲ့ပါတယ်။ ထို့နောက်မှာ Syracuse University ကို သွားခဲ့ပါတယ်။ ကောလိပ်မှာ ဘေ့စ်ဘောကစားဖို့ ပညာသင်ဆုတစ်ခု ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း သရုပ်ဆောင်ဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။

Away Alone ဇာတ်ကားဖြင့် ၁၉၉၁ ခုနှစ်မှာ အကောင်းဆုံးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရုပ်ရှင် Darkman က Boomtown၊ Star Trek: First Contact၊ Minority Report၊ Walking Tall၊ နှင့် The Hitcher တွေလိုမျိုး ၁၉၉၀ ခုနှစ်တွင် တီဗီရျှိုးတှမှော ထုတ်လွှင့်ခဲ့ပါတယ်။

2000 ခုနှစ်မှာ Neal က ဇနီးဖြစ်သူနှင့် မတော်တဆ တွေ့ဆုံခဲ့ကြပါတယ်။ သူက သူ့ဇနီး Ruv ကို ပထမဆုံးမြင်ဖူးပြီး ချစ်မိသွားတယ်လို့ ဆိုပါတယ်။

Ruv နှင့် Neal တို့က တွေ့ဆုံပြီး ၃ နှစ်အကြာ ဒီဇင်ဘာ ၁ ရက်၊ ၂၀၀၃ မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို Cape Cod၊ လန်ဒန်၊ တောင်အာဖရိက၊ Santa Barbara နှင့် အခြားနေရာတှေမှာ ၇ ပတ်ကြာ ကျင်းပခဲ့ပါတယ်။

McDonoughs တို့က အိမ်ထောင်သက် 19နှစ်ပြည့်ပြီဖြစ်ပြီး ယောက်ျားလေး 2ယောက်နှင့် မိန်းကလေး 3ယောက်တို့ဖြင့် ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။

2010 ခုနှစ်က ABC ရှိုးတစ်ခုမှာ Nealက အချစ်ဇာတ်ဝင်ခန်းတွေ မရိုက်ဘူးလို့ ဆိုခဲ့ပါတယ်။ ဘာလို့လဲဆို “ဇနီးအပေါ် သစ္စာစောင့်သိတဲ့အတွက်ကွောငျ့ ဒါတွေမလုပ်နိုင်ပါဘူး။ ဒီအတွက် ဒေါ်လာ ၁ သန်းပေးတောင် မရိုက်နိုင်ပါဘူး “လို့ ဆိုခဲ့ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Leave a Reply

Your email address will not be published.