Uncategorized

ထီဂဏန်းတွက်ချက်ပြီး စာအုပ်ထုတ်ဖို့ မိသားစုတွေနဲ့ အဆက်ဖြတ်ကာ တံတားအောက်မှာ အခြေချခဲ့တဲ့ ထီဝါသနာရှင်တစ်ဦး

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ အသက် ၄၉ နှစ်အရွယ် Wang Chengzhou အမည်ရှိ အမျိုးသား တစ်ဦးဟာ စီချွမ်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့လည်း ၂၀၁၁ ခုနှစ်မှာ Chongqing ပြည်နယ် က တံတားတစ်ခုအောက်သို့ ပြောင်းရွှေ့ခဲ့လိုက်ပြီး သူ့ရဲ့ဘဝသစ်တစ်ခု တည်ဆောက်ရန်အတွက် ယခင်အလုပ်ရှင်ထံမှ ရရှိခဲ့တဲ့လုပ်အားခ ဒေါ်လာ ၅၀,၀၀၀ ယွမ်ကို သုံးဖြုန်းမဲ့အစား Wang ဟာ ထီကုဒ်ကို တွက်ချက်ရန် သူ့ရဲ့စွဲလမ်းမှုအတွက် အကုန်အကျခံခဲ့ပါတယ်။ သူဟာ မိသားစုနဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ခဲ့ပြီး တံတားအောက်မှာဘဲ အခြေချခဲ့တာပါ။


Wang က Chengdu Business Daily သို့ ပြောကြားရာမှာ “ ၎င်းကိုထီနည်းစနစ်ရဲ့ နောက်ကွယ်က သင်္ချာဆိုင်ရာအသေးစိတ် စာအုပ်လေးအုပ်တွဲအဖြစ် ထုတ်ဝေရန် စီစဉ်ထားပြီး သူဟာ လစဉ်ထီလက်မှတ်များအတွက် ယွမ် ၂၀၀၀ (ဒေါ်လာ ၃၂၀) ဝယ်ယူခဲ့ပါတယ်။ မနက် ၂ နာရီမှ ၅ နာရီကြားမှာ Wang က နိုးနေပြီး သူ့ရဲ့လက်မှတ်ကို ရေတွက်ကာ တွက်ချက်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ပါတယ်။


ထီဂဏန်းကို ထုတ်ဖော်နိုင်ဖို့က သူ့ရဲ့ အဓိကပန်းတိုင် ဖြစ်လာပြီး သူ့ဘဝရဲ့အရာအားလုံးထက် ပိုပြီး ဦး စားပေးခဲ့တာပါ။ Wang က နောက်ဆုံး သန်းကြွယ်သူဌေးဖြစ်လာတဲ့ အချိန်ကျရင် ၎င်းတို့ အားလုံးကတန်ဖိုးရှိ လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ Wang Chengzhou ရဲ့ မိသားစုတွေက နှစ်များစွာ သူ့ဆီက ဘာသတင်းမှမရရှိခဲ့ပါဘူး။


နောက်ဆုံးမှာ Wang ရဲ့ ထီစွဲလမ်းမှုသတင်းက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားပြီးနောက် သူနေထိုင်ရာ နဲ့ နေထိုင်မှုအခြေအနေများကိုသာ မိသားစုဝင်တွေက ကြားခဲ့ရတာပါ။ မိခင်ဖြစ်သူ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ Feng Jiafen ဟာ စီချွမ်ပြည်နယ်ကို ပြန်လာရန် သူ့သား Wang ကို ဆက်သွယ်ခဲ့ပေမဲ့လညား သူဟာ ထီနံပါတ်များကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း သက်သေပြနိုင်တဲ့ အချိန်အထိ သူရဲ့နေအိမ်မှာ နေထိုင်ရန် ငြင်းဆန်ခဲ့နေခဲ့ပါတယ်။ ထီကစားတဲ့အခါ Wang ဟာ သူတွက်ခဲ့တဲ့နည်းကို သူကိုယ်တိုင်ဘာကြောင့် မထိုးတာလဲ လို့ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့အခါ Chengzhou က သူရဲ့ သန်းပေါင်း ရာနဲ့ ချီတဲ့ စာအုပ်စီးရီးတေံ ထုတ်ဝေရန် နဲ့ ထိုနည်းအတိုင်းငွေရှာရန် ပိုပြီးကောင်းတယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။

JRose (KB Chimmy)

Reference : odditycentral

Leave a Comment