Daily News

ယောက်ျားတစ်ဦးရဲ့ အိမ်ထောင်ရေးကြော်ငြာ postကို ဟာသအနေနဲ့ မှတ်ချက်ပေးမိလို့ တစ်ပတ်အကြာမှာ ထိုအမျိုးသား လက်ထပ်ယူခဲ့ရတဲ့ အမျိုးသမီးရဲ့အဖြစ်

နိုင်ဂျီးရီးယားနိုင်ငံက ပရိဘောဂထုတ်လုပ်သူ Chidimma Amedu အမည်ရှိ အမျိုးသားတစ်ဦးက ဇနီးရှာရန် ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ သူဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ကောင်မလေးတွေကို သွားငမ်းမဲ့အစား သူဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြော်ငြာတင်ပြီး သူ့ရဲ့ ဇနီးဖြစ်ဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးအားလုံးကို တောင်းဆိုခဲ့ပါတယ်။ ၎င်းအမျိုးသားက “ ကျွန်တော်က အသက်အရွယ်ကြီးရင့်ပြီဖြစ်ဒါကြောင့် စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်အဆင်သင့်ဖြစ်နေပြီး အချိန်မဖြုန်းတီးချင်တော့ဘူး။ သင်တို့ရဲ့ သဘောထားကို ပို့လာပါ ၂၀၂၀ ၊ ဇန်နဝါရီလ ၆ ရက်နေ့ကျရင် လက်ထပ်မည်။ ” ဆိုပြီး post ကိုတင်လိုက်ပါတယ်။

Amedu ဟာ တုံ့ပြန်မှုအနည်းငယ်ရရှိခဲ့ပေမဲ့လည်း သူ့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ သူကတော့ Sophy Ijeoma လို့ခေါ်တဲ့ မိတ်ကပ်ပညာရှင်အမျိုးသမီးက သူ နဲ့ အကျွမ်းတဝင်မရှိသူ တစ်ဦးဖြစ်ပါတယ်။ သူမက Amedu ရဲ့ ရယ်စရာ post ကို မြင်တဲ့အခါ အစပိုင်းမှာ သူမက ဟာသတစ်ခုလို့ ထင်ပြီး “ ငါစိတ်ဝင်စားတယ်၊ ငါ့ကို DM … lols” ဆိုပြီး မှတ်ချက်ပေးခဲ့မိပါတယ်။

Amedu က အဲ့ဒီမှတ်ချက်ကို မြင်ပြီး Messenger မှာ တစ်ဆင့် စကားပြောကြပြီး နှစ်ရက်အကြာမှာဘဲ စုံတွဲတွေဖြစ်ခဲ့ကြပါတယ်။ သူတို့စုံတွဲနှစ်ဦးက နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်း၊ Ijeoma ပြည်နယ် ဇာတိဖြစ်တဲ့ Enugu မြို့ ကုန်တိုက်တစ်ခုမှာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပါတယ်။ Amedu က သူရဲ့ နေအိမ်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၀၀) ဝေးတဲ့ Enugu မြို့ကို သူမ နဲ့ တွေ့ဆုံရန် ခရီးထွက်ခဲ့ပါတယ်။ Ijeoma က ” သူက ကျွန်မ တွေ့ဖူးသမျှထဲမှာ အချောဆုံးပုဂ္ဂိုလ်ပါဘဲ။ ကျွန်မ သူ့ကိုချက်ချင်းပဲသဘောကျခဲ့တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ Amedu ကလည်း အလားတူ ခံစားခဲ့ရပြီး သူမကိုတစ်ချက်ကြည့်ပြီးတဲ့နောက် “မင်းက တကယ်လှတယ်ကွာ။ ” ဆိုပြီး ပြောခဲ့ပါတယ်။

နှစ်နာရီကြာစကားလက်ဆုံပြောဆိုပြီးနောက် Amedu က Ijeoma ကို သူမနေထိုင်တဲ့ Enugu မြို့က သူမရဲ့သူ့ ဦးလေး နဲ့ တွေ့ဆုံရန် တောင်းဆိုခဲ့ပါတယ်။ သူမရဲ့ ဦးလေးနဲ့တွေ့ဆုံပြီး သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက်မေတ္တာမျတဲ့ အကြောင်းကို ပြောပြပြီး လက်ထပ်ယူချင်ကြောင်းပြောဆိုကြပါတယ်။ သူမရဲ့ ဖခင်ကကွယ်လွန်သွားပြီဖြစ်သောကြောင့် သူမရဲ့ အစ်ကိုကြီးကသာ သူမရဲ့ကောင်းချီးမင်္ဂလာကိုပေးရသည်မှာ ဖြစ်ပါတယ်။ Amedu နဲ့ Ijeoma တို့ဟာ အစည်းအဝေးနာရီအတွင်း အားလုံးလက်ထပ်ရန် စေ့စပ်ခဲ့ပြီးနောက်၂၀၂၀ ဇန်နဝါရီ ၆ ရက်မှာ ထိုစုံတွဲက အစ်ဂဘိုအခမ်းအနားမှာ ခင်ပွန်း နဲ့ ဇနီးတရားဝင်ဖြစ်လာခဲ့ပါတော့တယ်။ “ သူနဲ့ လက်ထပ်လိုက်ရလို့ ကျွန်မတကယ်ဝမ်းသာမိတယ်။ သူက ကျွန်မရဲ့လူပါပဲ” ဆိုပြီး Ijeoma က CNN သို့ ပြောကြားခဲ့ပါတယ်။

JRose (KB Chimmy)

Reference : odditycentral

Leave a Comment