Uncategorized

ဖိုတိုရှော့လုပ်စရာမလိုပဲ သင်တို့ကို အံ့သြသွားစေမယ့် ဓာတ်ပုံ (၂၅) ပုံ

သာမန်မြင်နေကျ ဓာတ်ပုံတွေနဲ့ ပုံစံ ကွဲထွက်နေစေဖို့အတွက် ဖိုတိုရှော့တွေကို ပြုလုပ်ကြလေ့ရှိပါတယ်။ ဖိုတိုရှော့ လုပ်လိုက်တဲ့အခါကျရင် အပြင်မှာ မဖြစ်နိုင်တဲ့ အရာတွေကိုလည်း ဓာတ်ပုံထဲမှာတော့ မြင်တွေ့နိုင်ပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ အပြင်မှာသာ လက်တွေ့မမြင်ရရင် ဖိုတိုရှော့လုပ်ထားတယ်လို့ပဲ ထင်မှတ်မိမယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ သေချာတာကတော့ ဒီဓာတ်ပုံတွေက ဖိုတိုရှော့ ပြုလုပ်ထားတဲ့ ဓာတ်ပုံတွေ မဟုတ်ဘဲနဲ့ သဘာဝအတိုင်း စိတ်ဝင်စားဖို့ကောင်းနေတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။

(၁)


ဒိုင်နိုစော ပြတိုက်မှာထားရှိတဲ့ ဒိုင်နိုစော ပုံတူအရုပ်

မီးတွေ လောင်ကျွမ်းနေတာပဲဖြစ်ပါတယ်။

(၂)


ထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦကြီးဟာ ပြိုကျလုနီးပါးဖြစ်သွားခဲ့ပါတယ်။

ဒီထက်ပိုပြီး တိုက်ကြီး ပြိုမကျလာစေဖို့အတွက် …

သံချောင်းကြီးတွေနဲ့ ခဏတာ အထောင့်အပံ့ပြုလုပ်ထားတာပါ။

(၃)


အဆောက်အဦကြီးကို နေရဲ့ အလင်းရောင်ကျရောက်တဲ့အခါမှာ…

အဆောက်အဦကနေ အလင်းပြန်နေတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

ဘာမှန်းမသိရင် ဖိုတိုရှော့နဲ့ ပြုပြင်ထားတယ်ပဲ ထင်ကြမှာနော်။

(၄)


ဒီလောက်များပြားတဲ့ ဌက်အုပ်လိုက်ကြီးကို အပြင်မှာမမြင်ဖူးရင်တော့

လုပ်ကြံထားတဲ့ ဓာတ်ပုံများလားလို့ အထင်လွဲကြအုံးမှာပါ။

(၅)


တရုတ်နိုင်ငံထဲမှာရှိတဲ့ အဆင့်တန်းမြင့်မြင့်တည်ဆောက်ထားတဲ့ စာကြည့်တိုက် အတွင်းဒီဇိုင်းပဲဖြစ်ပါတယ်။

လှချက်ကတော့ ပြုပြင်မှုတွေ ပြုလုပ်ထားတဲ့ ဓာတ်ပုံများလားလို့ ထင်မှတ်ရပါတယ်။

(၆)


အမေရိကန်နိုင်ငံ ကန်ဆက်ပြည်နယ်ရဲ့ ကောင်းကင်တစ်နေရာမှာ

တကယ်ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းတဲ့ တိမ်စိုင်ပုံစံတွေပါ။

(၇)


ရုရှားနိုင်ငံရှိ တံငါရွာဟောင်းလေးမှာ လူသူပစ်ထားခဲ့တဲ့ အိမ်တစ်လုံးရှိပါတယ်။

အခုချိန်မှာတော့ ပင်လယ်ကမ်းခြေက နေရာယူသွားခဲ့ပါပြီ။

(၈)


အဆောက်အဦ နှစ်ခုကြားမှာ ဆက်သွယ်ထားတဲ့ ဘောလုံးကြီး…

မသိရင် တိုက်နှစ်လုံးကြားထဲ ပူဖောင်းပဲ ညပ်နေသလိုလို…

(၉)


ပုံထဲက သစ်ပင်ဟာ ဓာတ်ပုံမရိုက်ကူးခင် ၃ နာရီအလိုတုန်းက…

မိုးကြိုးပစ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

(၁၀)


လျိုမြောင်တွေ အများကြီးနဲ့ တည်ဆောက်ထားတဲ့ တံတားအောက်ခြေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သဘာဝအတိုင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံဆိုပေမယ့်လည်း

လှလွန်းလို့ ဖိုတိုရှော့မလုပ်ထားဘူးဆိုတာကို ယုံတောင်မယုံနိုင်ပါဘူး။

(၁၁)


အိမ်အနောက်ဘက် ကာစီနိုက ဖွင့်တဲ့ မီးရောင်ဟာ…

မသိရင် ကမ္ဘာမြေပေါ်ကို ဂြိုလ်သားတွေပဲ ဆင်းသက်လာသလိုလို…

(၁၂)


အပြင်မှာသာ မမြင်ဖူးကြရင် သမင်ဖြူက ဖိုတိုရှော့လုပ်ထားတာလို့ပဲ ထင်ကြမှာပါ။

တကယ်တော့ အယ်လ်ဘိုင်နိုသမင်ဖြူလေးသာဖြစ်ပါတယ်။

(၁၃)


နှံကောင်ပန်းရောင်ဆိုတာ ရှာတွေ့ဖို့ ခက်ခဲပါတယ်။

ဒီဓာတ်ပုံထဲမှာတော့ ထူးဆန်းစွာနဲ့ပဲ

နှံကောင်က ချစ်စရာကောင်းတဲ့ ပန်းရောင်လေးဖြစ်နေခဲ့တာပါ။

(၁၄)


ညဘက်ကောင်းကင်ယံပေါ်မှာ ပိုးစုန်းကြူးလေးတွေအများကြီး ပျံသန်းနေတာကို ရိုက်ကူးထားတာပါ။

လှချက်ကတော့ ဓာတ်ပုံကို ပြုပြင် ထားတယ်လို့ တောင် ထင်မိပါတယ်။

(၁၅)


နှင်းခဲကို ပုံပေါ်သွားအောင် ဖိုတိုရှော့ လုပ်ထားတာမဟုတ်ရပါဘူး။

ခြံစည်းရိုးပေါ်မှာ ခဲနေတဲ့နှင်းက တော်တော်လေးလှနေတာပါ။

(၁၆)


ကောင်းကင်ကြီးကို ဘယ်တော့မှ အစိမ်းရောင်နဲ့ မြင်ရလိမ့်မယ် မထင်ထားပေမယ့်

မုန်တိုင်းလာခါနီးဖြစ်တာကြောင့်

ကောင်းကင်ကြီးက အစိမ်းရောင်ကို ပြောင်းလဲသွားတာဖြစ်ပါတယ်။

(၁၇)


တော်ရုံတန်ရုံ မမြင်ဖူးလောက်သေးတဲ့…

မိုရယ်မှိုတစ်မျိုးပဲ ဖြစ်ပါတယ်။

(၁၈)


အာဂျင်တီးနားမှာ တွေ့ရတဲ့ ဒီဟာကလည်း ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ ခြေရာနဲ့တောင် ဆင်တူနေပါတယ်။

ဒိုင်နိုစောတွေများလား။

(၁၉)


အီတလီနိုင်ငံကို သွားရောက်လည်ပတ်ရင် မသွားမဖြစ်သွားသင့်တဲ့ နေရာတစ်ခုပါ။

အခုရိုက်ပြထားတဲ့ ဓာတ်ပုံကတော့ နေရဲ့ အလင်းရောင်က တည့်တည့်ကျရောက်နေပြီး

ကြည့်ရှုခံစားဖို့အလှဆုံး အချိန်ကွက်တိမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

(၂၀)


ဒိန်းမတ်နိုင်ငံရဲ့ ကိုပန်ဟေဂန် မြို့ကောင်းကင်ပေါ်မှာ တိမ်တွေ ထူထဲနေတာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေထဲက အထူးပြုလုပ်ချက်တွေလိုမျိုး ရင်သပ်ရှုမောဖွယ်ကောင်းပေမယ့်

သဘာဝအတိုင်း ဖြစ်နေတဲ့ တိမ်ထုဆိုတော့ မြင်ရခဲပါတယ်။

(၂၁)


ဒိန်းမတ်နိုင်ငံမှာရှိတဲ့ လေရဟတ်တာဘိုင် ပတ်ဝန်းကျင်မှာ မြူများ အုပ်ဆိုင်းနေပုံ….

အမြင့်တစ်နေရာကနေ ရိုက်ကူးထားတာ ဘယ်လိုအရာလေးကို ရိုက်ကူးထားတာလည်းဆိုတာတောင် မနည်းစဉ်းစားရမယ့် ပုံလေးပါ.။

(၂၂)


ညနေဆည်းဆာ ခင်းတစ်ခုရဲ့ သိပ်ကို လှပနေတဲ့ ကောင်းကင်ယံ မြင်ကွင်းတစ်ခုပါ။

သေချာတာကတော့ ပုံကိုကြည့်လိုက်ရုံနှင့်တင် ဒီနေရာလေးကို သွားလည်ချင်စိတ်တွေ တဖွားဖွားဖြစ်သွားနိုင်ပါတယ်။

(၂၃)


ကမ္ဘာပေါ်က အခြောက်သွေ့ဆုံး သဲကန္တာရ တစ်ခုဟာ မိုးရာသီရဲ့ စိုစွတ်တဲ့ ရေဓာတ်ကို ရရှိပြီးနောက်မှာတော့…

ထောင်သောင်းချီတဲ့ ပန်းပွင့်တွေ ပွင့်ဖူးလာပြီး သိပ်ကိုလှပတဲ့ ပန်းခင်းတစ်ခုထွက်ပေါ်လာခဲ့တာပါ။

(၂၄)


ညနေခင်းနေဝင်ချိန်မှာ လူသူမရှိတဲ့ နေရာဟောင်းတစ်ခုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ..

ပရိသတ်တွေရဲ့ စိတ်ထဲမှာ ကြောက်စရာကောင်းတဲ့ နေရာတစ်ခုလို့ကောထင်ကြရဲ့လား.

(၂၅)


အီတလီနိုင်ငံ ဂျီနိုဝါကို ဝင်ရောက်တိုက်ခိုက်လာတော့မယ့် လေဆင်နှာမောင်းကို အမိအရ ရိုက်ကူးမိထားပုံ..

ဒီဓာတ်ပုံရဲ့ နောက်ဆက်တွဲကို ဆက်ရမယ်ဆိုရင် လေဆင်နှာမောင်းကြောင့် မြို့ထဲမှ အနည်းငယ်တော့ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။

ဓာတ်ပုံထဲမှာလေဆင်နှာမောင်းကို ရိုက်ပြီးရင် လမ်းကြောင်းလွဲသွားခဲ့ရင် ဘယ်လောက်ကောင်းမလည်းနော်

အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေက တကယ်ပဲ ဖိုတိုရှော့ ပြုလုပ်ထားခြင်းမရှိဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေ ရှိရင်လည်း ပြန်ပြောပြခဲ့ကြပါအုံးနော်။

Credit-shwenyanshin

Leave a Comment