Uncategorized

သားဖြစ်သူအတွက် အပြည်အဝလှုပ်ရှားမောင်းနှင်နိုင်မဲ့ သစ်သားလျှပ်စစ် Lamborghini ကားကို ကိုယ်တိုင်ဒီဇိုင်းဆွဲဖန်တီးပေးခဲ့တဲ့ ကမ္ဘာ့အမိမိုက်ဆုံးဖခင်တစ်ဦး(ရုပ်သံ)

မိဘများအတွက် ၎င်းတို့ရဲ့သားသမီးများမျက်နှာပေါ်ရှိအပြုံးတစ်ပွင့်ကို မြင်ရခြင်းက အခြားဘယ်အရာနဲ့မှမလဲနိုင်သလို ဘယ်အရာကမှ ၎င်းထက် ပိုပျော်ရွှင်စရာမရှိနေပါဘူး။ မိဘများအနေဖြင့် ၎င်းတို့ရဲ့သားသမီးများအား Barbie အရုပ် (သို့) အဝေးထိန်းကားကဲ့သို့သောအရုပ်ကားများကို လက်ဆောင်ပေးခြင်းက သာမန်အရာတစ်ခုပါဘဲ။ သို့ပေမယ့် သူတို့ရဲ့ကလေးတစ်ယောက်အတွက် အပြည့်အ၀ခံစားအသုံးပြုနိုင်တဲ့လျှပ်စစ်ကားတစ်စီးကို လက်ဆောင်ပေးတဲ့မိဘမျိုးကိုတော့တွေ့ဖူးပါသလား။ ဗီယက်နမ်နိုင်ငံရှိ Truong Van Dao အမည်ရှိဖခင်တစ်ဦးဟာ ၎င်းတို့ရဲ့သားလေးအတွက် လက်ဆောင်အဖြစ် ပြည့်စုံစွာ လှုပ်ရှားမောင်းနှင်နိုင်မဲ့ သစ်သားလျှပ်စစ် Lamborghini Sian Roaster ကားတစ်စီးကို ဒီဇိုင်းထုတ်ခဲ့ပါတယ်။ Gadgets 360 သတင်းရဲ့အဆိုအရ သစ်သားပိုင်းဆိုင်ရာမှာ ပရောဖက်ရှင်နယ်ကျတဲ့ Truong ဟာ သစ်သားဖြင့်ပြုလုပ်ထားတဲ့အံ့မခန်းကားတစ်စီးရဲ့ဓာတ်ပုံများကိုမျှဝေခဲ့ပြီး ၎င်းဟာ ချောမွေ့ပြောင်လက်တဲ့ဒီဇိုင်းများနှင့် Lamborghini ကားတစ်စီးရဲ့ရုပ်လုံးအတိုင်း သေသပ်စွာ ပေါ်လွင်နေခဲ့ပါတယ်။


YouTube တွင်တင်ထားတဲ့ ၁၅ မိနစ်စာဗီဒီယိုမှာ Truong ဟာ ဤထူးခြားတဲ့ mini sports ကားကိုဖန်တီးခဲ့တဲ့ အချိန်နှင့်ကြိုးစားအားထုတ်မှုတို့ကို မှတ်တမ်းတင်ထားခဲ့ပါတယ်။ သူဟာ ပလက်ဖောင်းတစ်ခုကို ပထမဆုံး ပြင်ဆင်ခြင်း၊ ဘီးများ တင်ဆင်ခြင်း၊ ဘက်ထရီနှင့်လျှပ်စစ်မော်တာစွမ်းအားတို့ဖြ င့်ရွေ့လျားအောင်ပြုလုပ်ခဲ့ပါတယ်။ ၎င်းဟာ ထိရောက်မှုမရှိဘူးလို့ထင်ရပုံရပေမဲ့လည်း ၎င်းကားပေါ်သို့အသေးစိတ်ကိရိယာများတပ်ဆင်ခြင်းလုပ်ငန်းစဉ်များကြောင့် ပြီးစီးဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ Truong ဟာ supercapacitor စနစ်သုံးထားတဲ့ “ ပထမဆုံး open-top hybrid Lamborghini ပြိုင်ကား” ကိုတည်ဆောက်ရန် ၆၅ ရက်ကြာခဲ့ကြောင်း သတင်းများကဖော်ပြထားပါတယ်။ ၎င်းကားဟာ လွှင့်ပစ်ထားတဲ့သစ်ပင်များဖြင့်ပြုလုပ်ထားပြီး တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းအထိမောင်းနှင်နိုင်တဲ့လျှပ်စစ်မော်တာငယ်တစ်လုံးပါဝင်ပါတယ်။


သို့ပေမဲ့ ဒါက စိတ်ကူးယဉ်သစ်သားလက်ရာလျှပ်စစ်ကားတွေကိုဖန်တီးဖို့ Truong ရဲ့ပထမဆုံးအကြိမ်ကြိုးစားမှုတစ်ခုမဟုတ်နေပါဘူး။ ဤ Lamborghini Sian Roaster ဟာ Truong ရဲ့နောက်ဆုံးဖန်တီးမှုတစ်ခုသာဖြစ်ပါတယ်။ သူဟာ ယခင်က Bugatti နှင့် BMW ကားများရဲ့သေးငယ်တဲ့ version များကဲ့သို့သော ကားများကိုလည်း ဖန်တီးတည်ဆောက်ခဲ့ပါသေးတယ်။ ဤထက်မြက်တဲ့ သစ်သားပညာရှင်ဖြစ်တဲ့Truong ရဲ့ Bugatti ကားရဲ့ပုံတူဒီဇိုင်းဟာ မူလအရွယ်အစားရဲ့သုံးပုံတစ်ပုံခန့်သာရှိပေမဲ့လည်း ၎င်းကားဟာ မယုံနိုင်စရာကောင်းလောက်အောင်ကို မိမိုက်လွန်းပါတယ်။ ဒီလိုအဖေမျိုးကိုမှပိုင်ဆိုင်ထားတဲ့သားလေးကတော့ လိုချင်တဲ့သစ်သားကားတိုင်းကို တစ်ခေါက်တစ်မျိုးမရိုးရအောင် မောင်းကြည့်နေရမှာ အမှန်ပါဘဲဗျာ။


.


.


.


.


Mia (KBdailynews)

Reference : rachfeed

Zawgyi

မိဘမ်ားအတြက္ ၎တို႔ရဲ႕သားသမီးမ်ားမ်က္ႏွာေပၚရွိအၿပဳံးတစ္ပြင့္ကို ျမင္ရျခင္းက အျခားဘယ္အရာနဲ႔မွမလဲႏိုင္သလို ဘယ္အရာကမွ ၎ထက္ ပိုေပ်ာ္႐ႊင္စရာမရွိေနပါဘူး။ မိဘမ်ားအေနျဖင့္ ၎တို႔ရဲ႕သားသမီးမ်ားအား Barbie အ႐ုပ္ (သို႔) အေဝးထိန္းကားကဲ့သို႔ေသာအ႐ုပ္ကားမ်ားကို လက္ေဆာင္ေပးျခင္းက သာမန္အရာတစ္ခုပါဘဲ။ သို႔ေပမယ့္ သူတို႔ရဲ႕ကေလးတစ္ေယာက္အတြက္ အျပည့္အ၀ခံစားအသုံးျပဳႏိုင္တဲ့လွ်ပ္စစ္ကားတစ္စီးကို လက္ေဆာင္ေပးတဲ့မိဘမ်ိဳးကိုေတာ့ေတြ႕ဖူးပါသလား။ ဗီယက္နမ္ႏိုင္ငံရွိ Truong Van Dao အမည္ရွိဖခင္တစ္ဦးဟာ ၎တို႔ရဲ႕သားေလးအတြက္ လက္ေဆာင္အျဖစ္ ျပည့္စုံစြာ လႈပ္ရွားေမာင္းႏွင္ႏိုင္မဲ့ သစ္သားလွ်ပ္စစ္ Lamborghini Sian Roaster ကားတစ္စီးကို ဒီဇိုင္းထုတ္ခဲ့ပါတယ္။ Gadgets 360 သတင္းရဲ႕အဆိုအရ သစ္သားပိုင္းဆိုင္ရာမွာ ပေရာဖက္ရွင္နယ္က်တဲ့ Truong ဟာ သစ္သားျဖင့္ျပဳလုပ္ထားတဲ့အံ့မခန္းကားတစ္စီးရဲ႕ဓာတ္ပုံမ်ားကိုမွ်ေဝခဲ့ၿပီး ၎ဟာ ေခ်ာေမြ႕ေျပာင္လက္တဲ့ဒီဇိုင္းမ်ားႏွင့္ Lamborghini ကားတစ္စီးရဲ႕႐ုပ္လုံးအတိုင္း ေသသပ္စြာ ေပၚလြင္ေနခဲ့ပါတယ္။


YouTube တြင္တင္ထားတဲ့ ၁၅ မိနစ္စာဗီဒီယိုမွာ Truong ဟာ ဤထူးျခားတဲ့ mini sports ကားကိုဖန္တီးခဲ့တဲ့ အခ်ိန္ႏွင့္ႀကိဳးစားအားထုတ္မႈတို႔ကို မွတ္တမ္းတင္ထားခဲ့ပါတယ္။ သူဟာ ပလက္ေဖာင္းတစ္ခုကို ပထမဆုံး ျပင္ဆင္ျခင္း၊ ဘီးမ်ား တင္ဆင္ျခင္း၊ ဘက္ထရီႏွင့္လွ်ပ္စစ္ေမာ္တာစြမ္းအားတို႔ျဖ င့္ေ႐ြ႕လ်ားေအာင္ျပဳလုပ္ခဲ့ပါတယ္။ ၎ဟာ ထိေရာက္မႈမရွိဘူးလို႔ထင္ရပုံရေပမဲ့လည္း ၎ကားေပၚသို႔အေသးစိတ္ကိရိယာမ်ားတပ္ဆင္ျခင္းလုပ္ငန္းစဥ္မ်ားေၾကာင့္ ၿပီးစီးဖို႔ အခ်ိန္အေတာ္ယူခဲ့ရပါတယ္။ Truong ဟာ supercapacitor စနစ္သုံးထားတဲ့ “ ပထမဆုံး open-top hybrid Lamborghini ၿပိဳင္ကား” ကိုတည္ေဆာက္ရန္ ၆၅ ရက္ၾကာခဲ့ေၾကာင္း သတင္းမ်ားကေဖာ္ျပထားပါတယ္။ ၎ကားဟာ လႊင့္ပစ္ထားတဲ့သစ္ပင္မ်ားျဖင့္ျပဳလုပ္ထားၿပီး တစ္နာရီလွ်င္ ၂၅ ကီလိုမီတာႏႈန္းအထိေမာင္းႏွင္ႏိုင္တဲ့လွ်ပ္စစ္ေမာ္တာငယ္တစ္လုံးပါဝင္ပါတယ္။


သို႔ေပမဲ့ ဒါက စိတ္ကူးယဥ္သစ္သားလက္ရာလွ်ပ္စစ္ကားေတြကိုဖန္တီးဖို႔ Truong ရဲ႕ပထမဆုံးအႀကိမ္ႀကိဳးစားမႈတစ္ခုမဟုတ္ေနပါဘူး။ ဤ Lamborghini Sian Roaster ဟာ Truong ရဲ႕ေနာက္ဆုံးဖန္တီးမႈတစ္ခုသာျဖစ္ပါတယ္။ သူဟာ ယခင္က Bugatti ႏွင့္ BMW ကားမ်ားရဲ႕ေသးငယ္တဲ့ version မ်ားကဲ့သို႔ေသာ ကားမ်ားကိုလည္း ဖန္တီးတည္ေဆာက္ခဲ့ပါေသးတယ္။ ဤထက္ျမက္တဲ့ သစ္သားပညာရွင္ျဖစ္တဲ့Truong ရဲ႕ Bugatti ကားရဲ႕ပုံတူဒီဇိုင္းဟာ မူလအ႐ြယ္အစားရဲ႕သုံးပုံတစ္ပုံခန္႔သာရွိေပမဲ့လည္း ၎ကားဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ကို မိမိုက္လြန္းပါတယ္။ ဒီလိုအေဖမ်ိဳးကိုမွပိုင္ဆိုင္ထားတဲ့သားေလးကေတာ့ လိုခ်င္တဲ့သစ္သားကားတိုင္းကို တစ္ေခါက္တစ္မ်ိဳးမ႐ိုးရေအာင္ ေမာင္းၾကည့္ေနရမွာ အမွန္ပါဘဲဗ်ာ။

Mia (KBdailynews)

Leave a Comment