Thu. Oct 6th, 2022

အောင်မြင်မှု ဆီမရောက်ခင် လူတွေ လက်လျှော့ လိုက်ကြတဲ့ အကြောင်းရင်းတွေ

အောင်မြင်မှု ကိုလူတိုင်း မက်မောကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ်မက်မောတဲ့အရာတိုင်း ရတယ်ဆိုတာမျိုးက ရှားပါတယ်။ အောင်မြင်မှုဆီ မရောက်နိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အောင်မြင်မှု ဆီ သွားရင်းနဲ့ လမ်းခရီးမှာတင် လက်လျှော့ လိုက်တာက အဓိက အကြောင်းရင်းလို ဖြစ်နေပါတယ်။ ဘာကြောင့် လူတွေ အောင်မြင်မှုမရခင် လက်လျှော့တတ်ကြတာလဲ။

(၁) ဖြစ်နိုင်မယ် မယုံတော့လို့

မဖြစ်နိုင်တော့ဘူးဆိုတဲ့ သံသယအတွေး ခေါင်းထဲ ဝင်လာရင် ဖြစ်မြောက်အောင်မြင်အောင် မဖြစ်မနေ လုပ်ချင်တဲ့စိတ်တွေ ကုန်ခမ်းသွားတတ်တာ သဘာဝပါပဲ။ အောင်မြင်ဖို့အတွက် အဓိကသော့ချက်တစ်ခုက စိတ်ရှည်သည်းခံဖို့ပါ။ မအောင်မြင်သေးခင် သည်းခံပြီး အောင်မြင်တဲ့အထိ ယုံကြည်မှုကို မြှင့်တင်ထားဖို့ အရေးကြီးပါတယ်။

(၂) ထပ်တလဲလဲ လုပ်နေရတာကို ပျင်းလာလို့

အောင်မြင်မှု ရအောင် လုပ်ရတာဟာ တစ်ခါတလေ ချောတိုင်တက်တာနဲ့ တူပါတယ်။ ခဏခဏ ပြုတ်ကျတတ်ပြီး နောက်ထပ် နောက်ထပ် ထပ်ထပ်ပြန်တက်ဖို့ ကြိုးစားရပါတယ်။ အောင်မြင်ဖို့အတွက် ထပ်တလဲလဲ လုပ်နေရတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါကို မငြီးငွေ့ဖို့ လိုပါတယ်။

(၃) ရလဒ်ကို ချက်ချင်း မတွေ့ရလို့

ကြိုးစားမှုရဲ့ အသီးအပွင့်တွေက နှစ်ရှည်ပင်တစ်ပင်ရဲ့ သစ်သီး ၊ ပန်းပွင့်တို့လိုပါပဲ။ နှစ်တွေ ကြာမှ ပွင့်နိုင် ၊ သီးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အခု ရေတွင်းတူး အခု ရေကြည်သောက်ချင်တဲ့ လူတွေအဖို့ ဖြတ်လမ်းမရှိတဲ့ အောင်မြင်မှု လမ်းဟာ အရှည်ကြီးလို့ မြင်ပြီး တွေးမောမောကာ လက်လျှော့ သွားနိုင်ပါတယ်။

(၄) တခြားသူတွေ ပြောသမျှ နားယောင်နေလို့

 

ဘယ်ပန်းတိုင်ပဲ ထားထား သင့်ကို အဖျက်စကားပြောမယ့်သူတွေ ၊ သင့်ကို လမ်းလွဲစေမယ့် အကြံဉာဏ်တွေ ပေးမယ့်သူတွေ သင့်အနားမှာ အများကြီး ရှိနိုင်ပါတယ်။ အကြံဉာဏ်တွေ တခြားဆီက ယူတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ပြောသမျှ နားယောင်ပြီး ကိုယ့်ယုံကြည်ချက်တွေ ပျောက်ဆုံးမှေးမှိန်လာပြီဆိုရင် ဒါဟာလည်း အောင်မြင်မှုကို မသွားချင်အောင် လက်လျှော့ မိစေနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

 

 

zawgyi

ေအာင္ျမင္မႈ ဆီမေရာက္ခင္ လူေတြ လက္ေလွ်ာ့ လိုက္ၾကတဲ့ အေၾကာင္းရင္းေတြ

ေအာင္ျမင္မႈ ကိုလူတိုင္း မက္ေမာၾကတာပါပဲ။ ဒါေပမယ့္လည္း ကိုယ္မက္ေမာတဲ့အရာတိုင္း ရတယ္ဆိုတာမ်ိဳးက ရွားပါတယ္။ ေအာင္ျမင္မႈဆီ မေရာက္ႏိုင္ရတဲ့ အေၾကာင္းရင္းေတြထဲမွာ ေအာင္ျမင္မႈ ဆီ သြားရင္းနဲ႔ လမ္းခရီးမွာတင္ လက္ေလွ်ာ့ လိုက္တာက အဓိက အေၾကာင္းရင္းလို ျဖစ္ေနပါတယ္။ ဘာေၾကာင့္ လူေတြ ေအာင္ျမင္မႈမရခင္ လက္ေလွ်ာ့တတ္ၾကတာလဲ။

(၁) ျဖစ္ႏိုင္မယ္ မယုံေတာ့လို႔

 

မျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့ သံသယအေတြး ေခါင္းထဲ ဝင္လာရင္ ျဖစ္ေျမာက္ေအာင္ျမင္ေအာင္ မျဖစ္မေန လုပ္ခ်င္တဲ့စိတ္ေတြ ကုန္ခမ္းသြားတတ္တာ သဘာဝပါပဲ။ ေအာင္ျမင္ဖို႔အတြက္ အဓိကေသာ့ခ်က္တစ္ခုက စိတ္ရွည္သည္းခံဖို႔ပါ။ မေအာင္ျမင္ေသးခင္ သည္းခံၿပီး ေအာင္ျမင္တဲ့အထိ ယုံၾကည္မႈကို ျမႇင့္တင္ထားဖို႔ အေရးႀကီးပါတယ္။

(၂) ထပ္တလဲလဲ လုပ္ေနရတာကို ပ်င္းလာလို႔

 

ေအာင္ျမင္မႈ ရေအာင္ လုပ္ရတာဟာ တစ္ခါတေလ ေခ်ာတိုင္တက္တာနဲ႔ တူပါတယ္။ ခဏခဏ ျပဳတ္က်တတ္ၿပီး ေနာက္ထပ္ ေနာက္ထပ္ ထပ္ထပ္ျပန္တက္ဖို႔ ႀကိဳးစားရပါတယ္။ ေအာင္ျမင္ဖို႔အတြက္ ထပ္တလဲလဲ လုပ္ေနရတဲ့ အရာေတြ အမ်ားႀကီး ရွိပါတယ္။ ဒါကို မၿငီးေငြ႕ဖို႔ လိုပါတယ္။

(၃) ရလဒ္ကို ခ်က္ခ်င္း မေတြ႕ရလို႔

 

ႀကိဳးစားမႈရဲ႕ အသီးအပြင့္ေတြက ႏွစ္ရွည္ပင္တစ္ပင္ရဲ႕ သစ္သီး ၊ ပန္းပြင့္တို႔လိုပါပဲ။ ႏွစ္ေတြ ၾကာမွ ပြင့္ႏိုင္ ၊ သီးႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အခု ေရတြင္းတူး အခု ေရၾကည္ေသာက္ခ်င္တဲ့ လူေတြအဖို႔ ျဖတ္လမ္းမရွိတဲ့ ေအာင္ျမင္မႈ လမ္းဟာ အရွည္ႀကီးလို႔ ျမင္ၿပီး ေတြးေမာေမာကာ လက္ေလွ်ာ့ သြားႏိုင္ပါတယ္။

(၄) တျခားသူေတြ ေျပာသမွ် နားေယာင္ေနလို႔

 

ဘယ္ပန္းတိုင္ပဲ ထားထား သင့္ကို အဖ်က္စကားေျပာမယ့္သူေတြ ၊ သင့္ကို လမ္းလြဲေစမယ့္ အႀကံဉာဏ္ေတြ ေပးမယ့္သူေတြ သင့္အနားမွာ အမ်ားႀကီး ရွိႏိုင္ပါတယ္။ အႀကံဉာဏ္ေတြ တျခားဆီက ယူတာ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ေျပာသမွ် နားေယာင္ၿပီး ကိုယ့္ယုံၾကည္ခ်က္ေတြ ေပ်ာက္ဆုံးေမွးမွိန္လာၿပီဆိုရင္ ဒါဟာလည္း ေအာင္ျမင္မႈကို မသြားခ်င္ေအာင္ လက္ေလွ်ာ့ မိေစႏိုင္တဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္လာႏိုင္ပါတယ္။

 

 

Leave a Reply

Your email address will not be published.