Love

လမ်းခွဲကြရအောင်လို့ မပြောပဲ ဝေးမှန်းမသိ ဝေးသွားကြတာမျိုး …

လမ်းခွဲကြရအောင်လို့ မပြောပဲ ဝေးမှန်းမသိ ဝေးသွားကြတာမျိုး

တစ်ယောက်နဲ့တစ်ယောက် အချစ်ဆိုတဲ့အရာကြောင့်ပဲ အရင်းနှီးဆုံးသူစိမ်းတွေ ဖြစ်ခဲ့ကြတယ် ။ နောက်ဆုံးအချိန်ထိ လက်တွေတွဲဖို့ စိတ်ကူးတွေလဲ ယဥ်ခဲ့ဖူးတယ် ။ ဒါပေမယ့် ကိုယ့်အတွေးတွေ မဆုံးခင် အကြောင်းပြချက်မရှိ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ရတာမျိုးလေ ။

လမ်းခွဲရအောင်လို့မပြောပဲ တစ်ယောက်နဲ့တစ်ယောက် ဝေးသွားရတဲ့အဖြစ်အပျက်မျိုးတွေ တကယ်ရှိပါတယ် ။ ဒီနေ့ဒီရက်မှာ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပေမယ့်လဲ နောက်ရက်မှာ ဘာမှ မသိ ဘာမှမဆိုင်တော့သလို သူစိမ်းတွေ ဖြစ်သွားနိုင်တာကိုလဲ သူနဲ့ပတ်သက်ခဲ့ပြီးမှ သိခဲ့ရတာပါ ။

လမ်းခွဲရတဲ့ အကြောင်းပြချက်ရှာကြည့်တယ် ဟင့်အင်း မရှိဘူးထင်တာပါပဲ ။ ပြဿနာကြီးကြီးမားမားလဲ မတက်ခဲ့သလို စိတ်ပျက်စရာစကားလဲ ကျွန်မ မပြောထွက်ခဲ့ဘူး ။ ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာရင်း အဲ့ဒီနေ့က မိုးလင်းမှန်းမသိ မိုးလင်းသွားခဲ့ဖူးသေးတယ် ။

လူနှစ်ယောက် ချစ်ဖို့ အကြောင်းပြချက်မလိုဘူးတဲ့ ဒါပေမယ့် လူနှစ်ယောက် လမ်းခွဲကာနီးမှာတော့ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်လေး ပေးခဲ့သင့်တယ်လေ ။ မဟုတ်ရင် ဘာလို့လဲ ဆိုတဲ့အတွေးနဲ့ တစ်ဖက်မှာ ကမ္ဘာတွေပျက်တတ်တယ် ။

မချစ်နိုင်တော့လို့ဆိုလဲ မချစ်နိုင်တော့လို့ပေါ့ တကယ်မချစ်ခဲ့ဘူးဆိုလဲ မချစ်ခဲ့ဘူးပေါ့ ဘာအကြောင်းပြချက်ပေးပေး ကျွန်မက ရှင်မပျော်ဘူးဆိုရင် လက်လွှတ်ပေးခဲ့မှာပါ ။ အကြောင်းပြချက်တွေမရှိပဲ ထားရစ်ခံရခြင်းတွေက ဝေးချင်ပြီ ။

 

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

လမ္းခြဲၾကရေအာင္လို႔ မေျပာပဲ ေဝးမွန္းမသိ ေဝးသြားၾကတာမ်ိဳး …

တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ဆိုတဲ့အရာေၾကာင့္ပဲ အရင္းႏွီးဆုံးသူစိမ္းေတြ ျဖစ္ခဲ့ၾကတယ္ ။ ေနာက္ဆုံးအခ်ိန္ထိ လက္ေတြတြဲဖို႔ စိတ္ကူးေတြလဲ ယဥ္ခဲ့ဖူးတယ္ ။ ဒါေပမယ့္ ကိုယ့္အေတြးေတြ မဆုံးခင္ အေၾကာင္းျပခ်က္မရွိ တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးခဲ့ရတာမ်ိဳးေလ ။

လမ္းခြဲရေအာင္လို႔မေျပာပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးသြားရတဲ့အျဖစ္အပ်က္မ်ိဳးေတြ တကယ္ရွိပါတယ္ ။ ဒီေန႔ဒီရက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ခ်စ္ၾကေပမယ့္လဲ ေနာက္ရက္မွာ ဘာမွ မသိ ဘာမွမဆိုင္ေတာ့သလို သူစိမ္းေတြ ျဖစ္သြားႏိုင္တာကိုလဲ သူနဲ႔ပတ္သက္ခဲ့ၿပီးမွ သိခဲ့ရတာပါ ။

လမ္းခြဲရတဲ့ အေၾကာင္းျပခ်က္ရွာၾကည့္တယ္ ဟင့္အင္း မရွိဘူးထင္တာပါပဲ ။ ျပႆနာႀကီးႀကီးမားမားလဲ မတက္ခဲ့သလို စိတ္ပ်က္စရာစကားလဲ ကြၽန္မ မေျပာထြက္ခဲ့ဘူး ။ ဘာေၾကာင့္လဲဆိုတဲ့အေျဖကိုရွာရင္း အဲ့ဒီေန႔က မိုးလင္းမွန္းမသိ မိုးလင္းသြားခဲ့ဖူးေသးတယ္ ။

လူႏွစ္ေယာက္ ခ်စ္ဖို႔ အေၾကာင္းျပခ်က္မလိုဘူးတဲ့ ဒါေပမယ့္ လူႏွစ္ေယာက္ လမ္းခြဲကာနီးမွာေတာ့ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ေလး ေပးခဲ့သင့္တယ္ေလ ။ မဟုတ္ရင္ ဘာလို႔လဲ ဆိုတဲ့အေတြးနဲ႔ တစ္ဖက္မွာ ကမာၻေတြပ်က္တတ္တယ္ ။

မခ်စ္ႏိုင္ေတာ့လို႔ဆိုလဲ မခ်စ္ႏိုင္ေတာ့လို႔ေပါ့ တကယ္မခ်စ္ခဲ့ဘူးဆိုလဲ မခ်စ္ခဲ့ဘူးေပါ့ ဘာအေၾကာင္းျပခ်က္ေပးေပး ကြၽန္မက ရွင္မေပ်ာ္ဘူးဆိုရင္ လက္လႊတ္ေပးခဲ့မွာပါ ။ အေၾကာင္းျပခ်က္ေတြမရွိပဲ ထားရစ္ခံရျခင္းေတြက ေဝးခ်င္ၿပီ ။

 

 

 

Leave a Comment