Love

ပစ်ထားခံရခြင်းတွေမှာ အသားကျလာပါပြီ

ပစ်ထားခံရခြင်းတွေမှာ အသားကျလာပါပြီ ….

သတိတရနဲ့ဖုန်းဆက်မယ့်အချိန်ကို စောင့်ရင်း ဘယ်လောက်ကြာကြာနေနိုင်မလဲ ကျွန်မတော့ တစ်ညလုံးစောင့်ခဲ့ဖူးတယ် သူခေါ်တဲ့အချိန်ကိုယ်စောင့်နေတာနဲ့မကြုံတော့မှာစိုးလို့လေ … အိပ်ချင်နေရဲ့နဲ့ သူခေါ်လာရင်ဆိုတဲ့အတွေးနဲ့စောင့်ခဲ့ဖူးတယ်

ထူးပြီးတော့လဲ ဆက်မလာခဲ့ပါဘူး … ဒီလိုနဲ့ညနက်ခဲ့ပေါင်း အိပ်ရေးပျက်ရပေါင်းများခဲ့ပြီလေ … အလုပ်များနေလို့နေမှာဆိုတဲ့ အတွေးဖြည့်တွေးကြည့့််ခဲ့ဖူးတယ် ဒါပေမယ့် ဘယ်အချိန်ထိ ဖြည့်တွေးပေးနေနိုင်ပါ့မလဲ နည်းနည်းလေး ဖြစ်ဖြစ် ပြန်ငဲ့ကြည့်ခဲ့ရင် ကျွန်မ အသားကျလာမှာမဟုတ်ဘူးလေ

အမြဲတမ်းနှောင့်ယှက်နေတတ်တာ မဟုတ်သလို အလိုက်တသိနဲ့တိတ်ဆိတ်နေခဲ့ဖူးတာလဲ အခါခါပါ ဘယ်အချိန်ထိပြောစရာစကားတွေကို မပြောပဲ ထိန်းချုပ်နေနိုင်ပါ့မလဲ ပြောမိလိုက်တဲ့အခါမှာ ကိုယ်က ပိုပြီး ကိုယ်က အရေးမပါခဲ့မှန်းပိုပိုပြီးသိလာခဲ့တယ်

Good Night လို့ပြောမှ အိပ်တတ်တဲ့ကောင်မလေးတစ်ယောက် ဒီတိုင်းအိပ်ပျော်သွားဖို့ဆိုတာ တော်ရုံတန်ရုံအိပ်ပျက်ခဲ့တာမဟုတ်ဘူး တစ်ခါတစ်လေမှ လိုချင်နေပေမယ့်လဲ မပေးနိုင်တော့မှန်းသိလာတဲ့အခါ မမျှော်ဖြစ်တော့ပဲ မမျှော်ချင်ယောင်ဆောင်လိုက်ပြီးပဲ နေလိုက်ရုံပါ

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

အရင်တုန်းကလို ငိုမနေဖြစ်တော့သလို အရင်တုန်းကလို မျှော်မနေဖြစ်တော့ တစ်နည်းအားဖြင့် သူ့ရဲ့ ပစ်ထားခြင်းတွေမှာ ကျွန်မ တဖြေးဖြေး နေသားကျလာပါပြီ …

 

ပစ္ထားခံရျခင္းေတြမွာ အသားက်လာပါျပီ ….

သတိတရနဲ႕ဖုန္းဆက္မယ့္အခ်ိန္ကို ေစာင့္ရင္း ဘယ္ေလာက္ၾကာၾကာေနနိုင္မလဲ ကြ်န္မေတာ့ တစ္ညလံုးေစာင့္ခဲ့ဖူးတယ္ သူေခၚတဲ့အခ်ိန္ကိုယ္ေစာင့္ေနတာနဲ႕မၾကံဳေတာ့မွာစိုးလုိ့ေလ … အိပ္ခ်င္ေနရဲ႕နဲ႕ သူေခၚလာရင္ဆိုတဲ့အေတြးနဲ႕ေစာင့္ခဲ့ဖူးတယ္

ထူးျပီးေတာ့လဲ ဆက္မလာခဲ့ပါဘူး … ဒီလုိနဲ႕ညနက္ခဲ့ေပါင္း အိပ္ေရးပ်က္ရေပါင္းမ်ားခဲ့ျပီေလ … အလုပ္မ်ားေနလုိ့ေနမွာဆုိတဲ့ အေတြးျဖည့္ေတြးၾကည့့္္ခဲ့ဖူးတယ္ ဒါေပမယ့္ ဘယ္အခ်ိန္ထိ ျဖည့္ေတြးေပးေနနိုင္ပါ့မလဲ နည္းနည္းေလး ျဖစ္ျဖစ္ ျပန္ငဲ့ၾကည့့္ခဲ့ရင္ ကြ်န္မ အသားက်လာမွာမဟုတ္ဘူးေလ

အျမဲတမ္းေႏွာင့္ယွက္ေနတတ္တာ မဟုတ္သလို အလိုက္တသိနဲ႕တိတ္ဆိတ္ေနခဲ့ဖူးတာလဲ အခါခါပါ ဘယ္အခ်ိန္ထိေျပာစရာစကားေတြကို မေျပာပဲ ထိန္းခ်ဳပ္ေနနိုင္ပါ့မလဲ ေျပာမိလိုက္တဲ့အခါမွာ ကိုယ္က ပိုျပီး ကိုယ္က အေရးမပါခဲ့မွန္းပိုပိုျပီးသိလာခဲ့တယ္

Good Night လုိ့ေျပာမွ အိပ္တတ္တဲ့ေကာင္မေလးတစ္ေယာက္ ဒီတိုင္းအိပ္ေပ်ာ္သြားဖုိ့ဆိုတာ ေတာ္ရံုတန္ရံုအိပ္ပ်က္ခဲ့တာမဟုတ္ဘူး တစ္ခါတစ္ေလမွ လုိခ်င္ေနေပမယ့္လဲ မေပးနိုင္ေတာ့မွန္းသိလာတဲ့အခါ မေမွ်ာ္ျဖစ္ေတာ့ပဲ မေမွ်ာ္ခ်င္ေယာင္ေဆာင္လိုက္ျပီးပဲ ေနလိုက္ရံုပါ

အရင္တုန္းကလိုု ငိုမေနျဖစ္ေတာ့သလုိ အရင္တုန္းကလို ေမွ်ာ္မေနျဖစ္ေတာ့ တစ္နည္းအားျဖင့္ သူ႔ရဲ႕ ပစ္ထားျခင္းေတြမွာ ကြ်န္မ တေျဖးေျဖး ေနသားက်လာပါျပီ …

 

 

Leave a Comment