Amazing

ဒီတိုင်းပစ်ထားရင် သဘာဝတရားကြီးက သူပိုင်ဆိုင်တာ ပြန်သိမ်းတတ်တယ်ဆိုတာကို သက်သေပြနေတဲ့ ဓာတ်ပုံများ

လူသားတွေ မရှိတော့တစ်ချိန်ကျ သဘာဝတရားကြီး ကဘယ်လိုဖြစ်နေမလဲဆိုတာကို စဉ်းစားကြည့်ဖူးပါသလား…သေချာတာတစ်ခုကတော့ ကမ္ဘာမြေကြီးက သဘာဝတရားပိုင်ဆိုင်တဲ့အရာတစ်ခုဖြစ်လို့ သူပိုင်ဆိုင်တဲ့ အရာကို ပြန်သိမ်းမယ်ဆိုတာပါပဲ။ ဒီအချက်ကို သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁)

မြေကြီးပေါ်မှ ရှင်သန်ရမယ့် သစ်ပင်ကို လူတွေပြုလုပ်ထားတဲ့ လမ်းမပေါ်မှာ

ရှင်သန်ခိုင်းလိုက်တဲ့အခါမှာတော့ သစ်ပင်က လုံးဝလက်မလျှော့သွားခဲ့ပါဘူး။

(၂)

သဘာဝတရားကို လူသားတွေက

ဘယ်နည်းနဲ့မှ ဖိနှိပ်လို့မရပါဘူး။ (Shwe Nyan Shin)

(၃)

လူသားတွေအနေနဲ့ သဘာဝတရားကို

တားစီးပိုင်ခွင့်လည်းမရှိပါဘူး။

(၄)

အခုလိုမျိူး လဲကျပြီးသားသစ်ပင်ကလည်း သစ်ပင်အသစ်သစ်တွေ

ထပ်ပေါက်လာနိုင်ပါသေးတယ်။ (Shwe Nyan Shin)

(၅)

မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိကြောင်းကိုတော့

ချောက်ကမ်းပါးအစွန်းမှာ ပေါက်နေတဲ့ သစ်ပင်က သက်သေပြခဲ့ပါပြီ.

(၆)

သဘာဝတရားက အမြဲနိုင်တာမလို့

ဘယ်တော့မှ အရှုံးမပေးကြပါဘူး။ (Shwe Nyan Shin)

(၇)

ကမ္ဘာကြီးရဲ့ အဆုံးမှာ

ရှင်သန်ကျန်ရစ်မှာကတော့ သဘာဝတရားပါပဲ။

(၈)

စစ်ပွဲလက်ကျန်ဗုံးတစ်ခုကို ဝါးမြိုထားတဲ့

သက်တမ်းရင့် သစ်ပင်တစ်ပင် (Shwe Nyan Shin)

(၉)

အခက်အခဲတွေကြားထဲက

အလှဆုံး ပွင့်လာခဲ့တဲ့ ပန်းလေးတစ်ပွင့်

(၁၀)

ကွန်ကရစ်တွေနဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေမှာတောင်

မမှုဘဲ ပေါက်ရောက်နေတဲ့ သစ်ပင်များ (Shwe Nyan Shin)

(၁၁)

ဘန်ကောက်ရှိ စွန့်ပစ်ထားတဲ့ ရှော့ပင်းမောကြီးက လူတွေအတွက် အသုံးမဝင်တော့ပေမယ့်

သဘာဝတရားအတွက်တော့ မူရင်းပိုင်ဆိုင်မှုတစ်ခုကို ပြန်ရသွားခဲ့ပါပြီ။

(၁၂)

ဖြစ်နိုင်ပါ့မလား စဉ်းစားမိပေမယ့် သဘာဝတရားက

သူပိုင်ဆိုင်တာကို ပြန်သိမ်းလိုက်ရုံပါပဲ။ (Shwe Nyan Shin)

(၁၃)

သြစတေးလျရှိ စွန့်ပစ်ထားတဲ့ သဘောၤပျက်တစ်စင်း

(၁၄)

စန္ဒယားတစ်ခုလုံးကိုတောင် ဖောက်ထွက်ပြီး

ရှင်သန်နေတဲ့ သဘာဝတရား (Shwe Nyan Shin)

(၁၅)

ဘယ်အခြေအနေ ဘယ်နေရာမှာပဲဖြစ်ဖြစ်

ရှင်သန်နေတဲ့ သဘာဝတရား

(၁၆)

ရုရှားနိုင်ငံရှိ စွန့်ပစ်အဆောက်အဦးတစ်ခုကို ပင်လယ်ရေက

တဖြည်းဖြည်း တိုက်စားနေတာပဲဖြစ်ပါတယ်။ (Shwe Nyan Shin)

(၁၇)

ဝါရှင်တန်ရှိ ဗန်ရွှန်းကျွန်းပေါ်က

စက်ဘီးတစ်စီးကို ဝါးမျိုထားတဲ့ သစ်ပင်တစ်ပင်

(၁၈)

သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်က အခုလိုမျိုး ကလေးငယ်ရုပ်တုကိုတောင်

ဝါးမျိုသွားတာပဲ ဖြစ်ပါတယ်။ (Shwe Nyan Shin)

(၁၉)

အဆုံးသတ်မှာတော့ သဘာဝတရားကြီးက

ပြန်လည်သိမ်းယူသွားတာပါပဲ။

(၂၀)

၁၉၃၄ ခုနှစ်ကတည်းက စွန့်ပစ်ခြင်းခံထားရတဲ့ ရထားလမ်းကို

သဘာဝတရားက ပြန်လည်သိမ်းယူထားပုံ (Shwe Nyan Shin)

(၂၁)

ဟိုးအရင်က လူသူတည်းခိုခဲ့တဲ့ ဟိုတယ်ခန်းတစ်ခုဖြစ်ပေမယ့်

အခုချိန်မှာတော့ သဘာဝတရားကြီးရဲ့ အိမ်ဖြစ်နေပါပြီ။

(၂၂)

အနှောင့်အယှက်တွေကြားမှာ ကျိုးပဲ့သေဆုံးသွားမယ့်အစား

လိုက်လျောညီထွေဖြစ်အောင် နေထိုင်လိုက်တာကတော့ အကောင်းဆုံးပါပဲ။ (Shwe Nyan Shin)

(၂၄)

ဘယ်လ်ဂျီယံ ရှေးဟောင်းကားသင်္ချိုင်းတစ်ခု…

(၂၅)

စားခွင့်မပြုဆိုတဲ့ ဆိုင်းဘုတ်ကို

တဖြည်းဖြည်းနဲ့ ဝါးမြိုနေတဲ့ သစ်ပင်ကြီး

(၂၆)

ငါတို့ရှင်သန်ဖို့ ကြိုးစားနေကြတယ်လို့ နံရံကပ်အပင်လေးတွေက ပြောနေသလို ထင်မိပါတယ်။

များသော အားဖြင့်ကတော့ အိမ်တွေမှာ နံရံတွေမှာပေါက်နေတဲ့ အပင်လေးတွေကို ဆွဲနှုတ်ကြလေ့ရှိတာကိုး။

(၂၇)

ဘဝမှာ ကြိုးစားနေသူတွေအတွက်

အမြဲတမ်းလမ်းမှန်ကိုရှာတွေ့နိုင်ပါတယ်။

ပရိသတ်တွေရော သဘာဝတရားက သူပိုင်ဆိုင်တာတွေကို ပြန်သိမ်းသွားတဲ့ မြင်ကွင်းကို မြင်ဖူးကြပါသလား..

ကိုယ်တိုင်ကြုံတွေ့ဖူးရင်လည်း အတွေ့အကြုံလေးတွေကို မျှဝေပေးခဲ့ကြပါအုံး

Written By Yooshi(Shwe Nyan Shin)
Ref:Brightside

Leave a Comment